[Zawgyi]

အားလံုးပဲ မဂၤလာပါ။ ယေန႔ေခတ္မွာ လူအမ်ားစုက ညဘက္ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တဲ့ ေဝဒနာကို ခံစားေနၾကရပါတယ္။ ညဘက္မွာ အိပ္မေပ်ာ္တဲ့အခါ မနက္ႏိုးထလာရင္ အိပ္ေရးမဝေတာ့ လူက ပင္ပန္းႏုန္းခ်ိေနသလို ခံစားရေတာ့တာပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ အိပ္ေရးပ်က္ျခင္းက သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာကိုေရာ ႐ုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစလို႔ပါပဲ။

ဒါ့ေၾကာင့္ အိပ္မေပ်ာ္တဲ့ေရာဂါမခံစားရေအာင္၊ ေခါင္းအံုးေပၚ ေခါင္းခ်လိုက္တာနဲ႔ ခ်က္ခ်င္းအိပ္ေပ်ာ္သြားေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။

အိပ္တဲ့ပံုစံ အေနအထားမွန္ကန္ေအာင္ အိပ္ပါ

ပက္လက္အေနအထားနဲ႔ အိပ္စက္ျခင္းကေတာ့ အိပ္မေပ်ာ္တဲ့ေဝဒနာကို ကုသေပးဖို႔အေကာင္းဆံုးနည္းလမ္းပါပဲ။ ေမွာက္လ်က္အေနအထားနဲ႔ ဝမ္းဗိုက္ဖိၿပီး အိပ္စက္ျခင္းကေတာ့ လံုးဝမွားယြင္းတဲ့ အေနအထားပဲျဖစ္ပါတယ္။

ေမြ႔ယာအေဟာင္းကို ေမြ႔ယာအသစ္နဲ႔ လဲလိုက္ပါ

သင့္ရဲ႕ ေမြ႔ယာက ၇ ႏွစ္ေက်ာ္လာတဲ့အခါ အိပ္စက္ဖို႔အတြက္ အိစက္ညက္ေညာမႈမ႐ွိေတာ့တဲ့အျပင္ သင့္ခႏၶာကိုယ္ကို ေကာင္းစြာမေထာက္ပံ့ေပးႏိုင္ေတာ့ပါဘူး။

သင့္အေတြးေတြကို ခ်ေရးထားပါ

သင့္ဦးေႏွာက္ထဲမွာ ႐ွိေနတဲ့ ေတာင္စဥ္ေရမရ အေတြးေတြက သင့္ကို အိပ္မေပ်ာ္ေအာင္ ေႏွာင့္ယွက္ေနတာပါပဲ။ စာအုပ္ေလးထဲမွာ ထိုအေတြးမ်ားကို ခ်ေရးလိုက္ျခင္းက သင့္ရဲ႕ စိုးရိမ္ပူပန္စိတ္ကို ေလ်ာ့ခ်ေပးၿပီး အိပ္ေပ်ာ္ဖို႔ ကူညီေပးပါလိမ့္မယ္။

ေန႔ခင္းေန႔လည္ တေရးတေမာအိပ္ျခင္းကို ကန္႔သတ္ထားပါ

ေန႔ခင္းေန႔လည္မွာ ၂ နာရီနဲ႔အထက္ၾကာတဲ့ တေရးတေမာအိပ္ျခင္း (သို႔) ညေန ၆ နာရီမွ ၉ နာရီအတြင္း အိပ္စက္ျခင္းက ညဘက္မွာ ေကာင္းေကာင္းအိပ္မေပ်ာ္ေအာင္ ေႏွာင့္ယွက္ပါတယ္။ ဒါ့ေၾကာင့္ ညေန ၆ နာရီေနာက္ပိုင္းဆိုတာနဲ႔ တေရးမအိပ္ပါနဲ႔ေတာ့။ ေန႔ခင္းဘက္အိပ္ရင္လည္း ၂ နာရီထက္ပို မအိပ္ပါနဲ႔။

နာရီကို သင့္မ်က္စိေ႐ွ႕မွာ မျမင္ရေအာင္ ေဝးေဝးမွာထားပါ

Yoga ေလ့က်င့္ခန္းမ်ား ျပဳလုပ္ၾကည့္ပါ

အိပ္ေပ်ာ္ဖို႔ အတင္းႀကိဳးစားမယ့္အစား အိပ္မေပ်ာ္မိဖို႔ ႀကိဳးစားၾကည့္ပါ

ဒီနည္းလမ္းက ထူးဆန္းတယ္လို႔ သင္ ထင္ေကာင္းထင္ႏိုင္ပါတယ္။ သင့္ရဲ႕ မသိစိတ္က သင္ အိပ္မေပ်ာ္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ပိုၿပီး အိပ္ေပ်ာ္သြားေအာင္ ျပဳလုပ္ေပးႏိုင္တယ္ဆိုတာ ယံုၾကည္လိုက္ပါ။ သင္ ကေလးဘဝတုန္းက တ႐ုတ္ဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းပိုင္းကို ညမအိပ္ဘဲ ေစာင့္ေမွ်ာ္ေနတဲ့ညမွာမွ အိပ္ေပ်ာ္သြားတဲ့အျဖစ္မ်ိဳး ႀကံဳဖူးမယ္ဆိုရင္ေတာ့ ဒီနည္းလမ္းေလးက သင္နဲ႔ ရင္းႏွီးၿပီးသားျဖစ္ပါလိမ့္မယ္။

စာဖတ္သူတို႔လည္း အခုေဖာ္ျပသြားတဲ့ နည္းလမ္းေလးေတြကို ျပဳလုပ္ၾကည့္ၿပီး ေကာင္းမြန္ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ႏိုင္ၾကလိမ့္မယ္လို႔ ယံုၾကည္မိပါတယ္။

Source: Brightside.me

[Unicode]

အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မှာ လူအများစုက ညဘက်တော်တော်နဲ့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေကြရပါတယ်။ ညဘက်မှာ အိပ်မပျော်တဲ့အခါ မနက်နိုးထလာရင် အိပ်ရေးမဝတော့ လူက ပင်ပန်းနုန်းချိနေသလို ခံစားရတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ရေးပျက်ခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေလို့ပါပဲ။

ဒါ့ကြောင့် အိပ်မပျော်တဲ့ရောဂါမခံစားရအောင်၊ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အိပ်တဲ့ပုံစံ အနေအထားမှန်ကန်အောင် အိပ်ပါ

ပက်လက်အနေအထားနဲ့ အိပ်စက်ခြင်းကတော့ အိပ်မပျော်တဲ့ဝေဒနာကို ကုသပေးဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ မှောက်လျက်အနေအထားနဲ့ ဝမ်းဗိုက်ဖိပြီး အိပ်စက်ခြင်းကတော့ လုံးဝမှားယွင်းတဲ့ အနေအထားပဲဖြစ်ပါတယ်။

မွေ့ယာအဟောင်းကို မွေ့ယာအသစ်နဲ့ လဲလိုက်ပါ

သင့်ရဲ့ မွေ့ယာက ၇ နှစ်ကျော်လာတဲ့အခါ အိပ်စက်ဖို့အတွက် အိစက်ညက်ညောမှုမရှိတော့တဲ့အပြင် သင့်ခန္ဓာကိုယ်ကို ကောင်းစွာမထောက်ပံ့ပေးနိုင်တော့ပါဘူး။

သင့်အတွေးတွေကို ချရေးထားပါ

သင့်ဦးနှောက်ထဲမှာ ရှိနေတဲ့ တောင်စဉ်ရေမရ အတွေးတွေက သင့်ကို အိပ်မပျော်အောင် နှောင့်ယှက်နေတာပါပဲ။ စာအုပ်လေးထဲမှာ ထိုအတွေးများကို ချရေးလိုက်ခြင်းက သင့်ရဲ့ စိုးရိမ်ပူပန်စိတ်ကို လျော့ချပေးပြီး အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။

နေ့ခင်းနေ့လည် တရေးတမောအိပ်ခြင်းကို ကန့်သတ်ထားပါ

နေ့ခင်းနေ့လည်မှာ ၂ နာရီနဲ့အထက်ကြာတဲ့ တရေးတမောအိပ်ခြင်း (သို့) ညနေ ၆ နာရီမှ ၉ နာရီအတွင်း အိပ်စက်ခြင်းက ညဘက်မှာ ကောင်းကောင်းအိပ်မပျော်အောင် နှောင့်ယှက်ပါတယ်။ ဒါ့ကြောင့် ညနေ ၆ နာရီနောက်ပိုင်းဆိုတာနဲ့ တရေးမအိပ်ပါနဲ့တော့။ နေ့ခင်းဘက်အိပ်ရင်လည်း ၂ နာရီထက်ပို မအိပ်ပါနဲ့။

နာရီကို သင့်မျက်စိရှေ့မှာ မမြင်ရအောင် ဝေးဝေးမှာထားပါ

Yoga လေ့ကျင့်ခန်းများ ပြုလုပ်ကြည့်ပါ

အိပ်ပျော်ဖို့ အတင်းကြိုးစားမယ့်အစား အိပ်မပျော်မိဖို့ ကြိုးစားကြည့်ပါ

ဒီနည်းလမ်းက ထူးဆန်းတယ်လို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ သင့်ရဲ့ မသိစိတ်က သင် အိပ်မပျော်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ပိုပြီး အိပ်ပျော်သွားအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ။ သင် ကလေးဘဝတုန်းက တရုတ်ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းကို ညမအိပ်ဘဲ စောင့်မျှော်နေတဲ့ညမှာမှ အိပ်ပျော်သွားတဲ့အဖြစ်မျိုး ကြုံဖူးမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးက သင်နဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။

စာဖတ်သူတို့လည်း အခုဖော်ပြသွားတဲ့ နည်းလမ်းလေးတွေကို ပြုလုပ်ကြည့်ပြီး ကောင်းမွန်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

Source: Brightside.me