[Zawgyi]

ကိုယ့္စိတ္နဲ႔ထပ္တူက်ျပီး ကိုယ့္ကို တကယ္ခ်စ္တ့ဲခ်စ္သူနဲ႔ ဆံုစည ္းဖို႔ဆုိတာခဲယဥ္းတဲ့ကိစၥတစ္ခုပါ။ တြဲတာၾကာလာတဲ့အခ်ိန္မွ စိတ္သေဘာထားမတုိက္ဆုိင္လို႔ အဆင္မေျပလို႔ လမ္းခြဲရတဲ့ စံုတြဲေတြကိုလည္းသင္ျမင္ဖူးမွာပါ။ သင္ကိုယ္တိုင္က သင့္တြဲမယ့္ခ်စ္သူအတြက္ သင့္ေတာ္တဲ့ လက္တြဲေဖာ္ျဖစ္ဖို႔ ၾကိဳးစားရပါမယ္။ သင္တြဲမယ့္ ခ်စ္သူေရြးတဲ့ေနရာမွာလည္း ဒီအခ်က္ေတြနဲ႔ ကိုက္ညီသူကို ေရြးခ်ယ္သင့္ပါတယ္။

၁။ စိတ္တူကိုယ္တူ

ကိုယ္က အျဖဴဆုိ သူက အမည္းျဖစ္ေနရင္ အစပိုင္းမွာ ေပ်ာ္ဖို႔ေကာင္းေပမယ့္ ၾကာလာရင္ အဖုအထစ္ေတြျဖစ္လာပါလိမ့္မယ္။ ျပည့္စံုတဲ့ လက္တြဲေဖာ္ဆိုတာ ကိုယ္သြားမယ့္လမ္းမွာ ေထာက္ပံ့ေပးမယ့္လူ ကူညီေပးမယ့္လူျဖစ္ရပါမယ္။

၂။ သင့္ကိုဦးစားေပးသူ

အခုေခတ္က အလုပ္မ်ားတဲ့ ေခတ္ၾကီးပါ။ လူတုိင္း မအားလပ္ၾကပါဘူး။ ဒါေပမဲ့ လူတစ္ေယာက္က သင္နဲ႔ေတြ႕ခ်င္တယ္ဆိုရင္ သူ႕ရဲ႕ မရွိ ရွိတဲ့ အခ်ိန္ေလးထဲက ဖဲ့ျပီး သင့္ဆီ  လာေတြ႕ပါလိမ့္မယ္။ သင့္ရဲ႕ လက္တြဲေဖာ္က သင့္ကို အျမဲဦးစားမေပးရင္ေတာင္ သင့္ကို တန္ဖိုးထားသူ၊ သင့္အေၾကာင္း စိတ္ဝင္စားသူပဲ ျဖစ္သင့္ပါတယ္။

၃။ သင့္ကိုလံုျခံဳေစသူ

သင္ဝတ္လာတဲ့အဝတ္အစား၊ သင့္ပံုစံကို ႏွာေခါင္းရံႈ႕မယ့္လူတစ္ေယာက္က သင့္လက္တြဲေဖာ္လံုးဝမျဖစ္သင့္ပါဘူး။ ကိုယ့္ပံုစံ ကိုယ့္စတုိင္နဲ႔ေနပါ။ သင္နဲ႔ သင့္ေတာ္တဲ့ လက္တြဲေဖာ္က သင္ဘယ္လိုေနေန ခ်စ္ေနမယ့္လူပါ။

၄။ သင့္ကိုပိုင္ဆုိင္ထားလို႔ ဂုဏ္ယူေနသူ

သင့္ကို ပိုင္ဆိုင္ထားလို႔ ေပ်ာ္ရႊင္ေနသူ၊ သူတို႔ ကမၻာထဲ သင္ေရာက္လာလို႔ ေက်းဇူးတင္ေနသူကို ရွာပါ။လူၾကားထဲ သင့္လက္ကို ရဲရဲဝံ့ဝံ့ကိုင္ျပီး ဦးေဆာင္သူကို ရွာေဖြပါ။

၅။ သင့္ကို ရယ္ေမာေစသူ

သူနဲ႔ အတူရွိရင္ သင္က ေပ်ာ္ေနတတ္ပါတယ္။ ရယ္စရာဟာသေတြကိုလည္း ႏွစ္ေယာက္အတူတူ ေဝမွ်ႏိုင္ပါတယ္။ သင့္ကို ေပ်ာ္ေအာင္ ၾကိဳးစားေနသူဆုိရင္ေတာ့ လက္တြဲေဖာ္ေကာင္းပါပဲ။

၆။ သင္ေျပာတာေတြနားေထာင္ျပီး အျမဲမွတ္ထားသူ

သင္ေျပာသမွ်စကားလံုးေတြကို မွတ္ထားျပီး သင့္အတြက္ အံ့ၾသစရာေတြျဖစ္ေစတဲ့ ခ်စ္သူက ျပည့္စံုတဲ့ လက္တြဲေဖာ္ေကာင္းပါပဲ။ သင့္အေၾကာင္းကိုေတာင္ ေသခ်ာမမွတ္ထားတဲ့ လူတစ္ေယာက္အတြက္ အခ်ိန္မေပးပါနဲ႔။\

၇။ တိုင္ပင္ႏုိင္သူ

သင့္ရဲ႕ျပႆနာေတြ၊ အခက္အခဲေတြကို ဂရုတစိုက္နားေထာင္ျပီး တုိင္ပင္ႏုိင္သူက လက္တြဲေဖာ္ေကာင္းတစ္ဦးပါပဲ။

ဒီအခ်က္ (၇) ခ်က္လံုးပိုင္ဆုိင္ထားတဲ့ ခ်စ္သူတစ္ဦးပို္င္ဆုိင္ထားရင္ေတာ့ သင္က ကမၻာေပၚမွာ ကံအေကာင္းဆံုးလူသားပါပဲ။

[Unicode]

ကိုယ့်စိတ်နဲ့ထပ်တူကျပြီး ကိုယ့်ကို တကယ်ချစ်တဲ့ချစ်သူနဲ့ ဆုံစည ်းဖို့ဆိုတာခဲယဉ်းတဲ့ကိစ္စတစ်ခုပါ။ တွဲတာကြာလာတဲ့အချိန်မှ စိတ်သဘောထားမတိုက်ဆိုင်လို့ အဆင်မပြေလို့ လမ်းခွဲရတဲ့ စုံတွဲတွေကိုလည်းသင်မြင်ဖူးမှာပါ။ သင်ကိုယ်တိုင်က သင့်တွဲမယ့်ချစ်သူအတွက် သင့်တော်တဲ့ လက်တွဲဖော်ဖြစ်ဖို့ ကြိုးစားရပါမယ်။ သင်တွဲမယ့် ချစ်သူရွေးတဲ့နေရာမှာလည်း ဒီအချက်တွေနဲ့ ကိုက်ညီသူကို ရွေးချယ်သင့်ပါတယ်။

၁။ စိတ်တူကိုယ်တူ

ကိုယ်က အဖြူဆို သူက အမည်းဖြစ်နေရင် အစပိုင်းမှာ ပျော်ဖို့ကောင်းပေမယ့် ကြာလာရင် အဖုအထစ်တွေဖြစ်လာပါလိမ့်မယ်။ ပြည့်စုံတဲ့ လက်တွဲဖော်ဆိုတာ ကိုယ်သွားမယ့်လမ်းမှာ ထောက်ပံ့ပေးမယ့်လူ ကူညီပေးမယ့်လူဖြစ်ရပါမယ်။

၂။ သင့်ကိုဦးစားပေးသူ

အခုခေတ်က အလုပ်များတဲ့ ခေတ်ကြီးပါ။ လူတိုင်း မအားလပ်ကြပါဘူး။ ဒါပေမဲ့ လူတစ်ယောက်က သင်နဲ့တွေ့ချင်တယ်ဆိုရင် သူ့ရဲ့ မရှိ ရှိတဲ့ အချိန်လေးထဲက ဖဲ့ပြီး သင့်ဆီ လာတွေ့ပါလိမ့်မယ်။ သင့်ရဲ့ လက်တွဲဖော်က သင့်ကို အမြဲဦးစားမပေးရင်တောင် သင့်ကို တန်ဖိုးထားသူ၊ သင့်အကြောင်း စိတ်ဝင်စားသူပဲ ဖြစ်သင့်ပါတယ်။


၃။ သင့်ကိုလုံခြုံစေသူ

သင်ဝတ်လာတဲ့အဝတ်အစား၊ သင့်ပုံစံကို နှာခေါင်းရှုံ့မယ့်လူတစ်ယောက်က သင့်လက်တွဲဖော်လုံးဝမဖြစ်သင့်ပါဘူး။ ကိုယ့်ပုံစံ ကိုယ့်စတိုင်နဲ့နေပါ။ သင်နဲ့ သင့်တော်တဲ့ လက်တွဲဖော်က သင်ဘယ်လိုနေနေ ချစ်နေမယ့်လူပါ။

၄။ သင့်ကိုပိုင်ဆိုင်ထားလို့ ဂုဏ်ယူနေသူ

သင့်ကို ပိုင်ဆိုင်ထားလို့ ပျော်ရွှင်နေသူ၊ သူတို့ ကမ္ဘာထဲ သင်ရောက်လာလို့ ကျေးဇူးတင်နေသူကို ရှာပါ။လူကြားထဲ သင့်လက်ကို ရဲရဲဝံ့ဝံ့ကိုင်ပြီး ဦးဆောင်သူကို ရှာဖွေပါ။


၅။ သင့်ကို ရယ်မောစေသူ

သူနဲ့ အတူရှိရင် သင်က ပျော်နေတတ်ပါတယ်။ ရယ်စရာဟာသတွေကိုလည်း နှစ်ယောက်အတူတူ ဝေမျှနိုင်ပါတယ်။ သင့်ကို ပျော်အောင် ကြိုးစားနေသူဆိုရင်တော့ လက်တွဲဖော်ကောင်းပါပဲ။


၆။ သင်ပြောတာတွေနားထောင်ပြီး အမြဲမှတ်ထားသူ

သင်ပြောသမျှစကားလုံးတွေကို မှတ်ထားပြီး သင့်အတွက် အံ့သြစရာတွေဖြစ်စေတဲ့ ချစ်သူက ပြည့်စုံတဲ့ လက်တွဲဖော်ကောင်းပါပဲ။ သင့်အကြောင်းကိုတောင် သေချာမမှတ်ထားတဲ့ လူတစ်ယောက်အတွက် အချိန်မပေးပါနဲ့။


၇။ တိုင်ပင်နိုင်သူ

သင့်ရဲ့ပြဿနာတွေ၊ အခက်အခဲတွေကို ဂရုတစိုက်နားထောင်ပြီး တိုင်ပင်နိုင်သူက လက်တွဲဖော်ကောင်းတစ်ဦးပါပဲ။

ဒီအချက် (၇) ချက်လုံးပိုင်ဆိုင်ထားတဲ့ ချစ်သူတစ်ဦးပို်င်ဆိုင်ထားရင်တော့ သင်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားပါပဲ။

Photo Source: Pinterest

By MyStyle Myanmar