မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိန်းကလေးတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေထဲမှာ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တာလည်း တစ်ခုအပါအဝင်ဖြစ်မှာပါ။ နဂိုတည်းက လှပြီးသားမိန်းကလေးတွေကတော့ ကံကောင်းတဲ့သူတွေပေါ့နော်။ အားကစားလုပ် အစားအသောက်နဲ့လည်း သင့်ခန္ဓာကိုယ်လှအောင်ပြုလုပ်နိုင်ပါတယ်။

ဒါပေမဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ရဖို့ အချိန်ပေးရပါတယ်။ လေ့ကျင့်ခန်းအချိန်ပေးလုပ်ရတယ်။ အစားအသောက်ဂရုစိုက်ရတယ်။ အများစုကြုံရတတ်တဲ့ပြဿနာကတော့ သုံးလေးရက်တော့ တက်ကြွပြီး မရပ်မနားလုပ်တယ်။ အချိန်ကြာလာတော့ မလုပ်ဖြစ်တော့တာပါ။

ဒါကြောင့် ၇ ရက်အချိန်ပေးပြီး တင်သားထွက်လာစေမယ့် လေ့ကျင့်ခန်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက တင်ပါးကို အဓိကထားပြုလုပ်ရမှာဖြစ်ပြီး ကိရိယာလွတ်ကစားနည်းတွေပါ။ လေ့ကျင့်ခန်းသုံးခု အပြင် ၇ ရက်အတွင်းပြုလုပ်ရမယ့် နောက်တစ်ခုကတော့ အစားအသောက်ပါ။ ဒါကြောင့် ၇ ရက်အတွင်း ဘာတွေစားရမလဲပါ ပြောပြသွားပါမယ်။လေ့ကျင့်ခန်း သုံးခုကတော့

လေ့ကျင့်ခန်း ၁

၁။ ခါးထောက်လိုက်ပါ။

၂။ ရှေ့ကို 30 ဒီဂရီစောင်းလိုက်ပါ။ အဲ့အချိန်မှာ ညာခြေတစ်ဘက်တည်းနဲ့ပဲ ရပ်နေပါ။ ဘယ်ခြေကိုတော့ နောက်ဘက်ကို ကန်တဲ့ပုံစံထားပါ။

၃။ သင့်ညာခြေက ဖိအားရတဲ့ အထိ ဒီပုံစံအတိုင်း ညာဒူးကိုကွေးပေးပါ။ ဒါကို တစ်စက္ကန့်ကြာထိန်းထားပါ။

၎။ ပြီးတာနဲ့ သင့်ခန္ဓာကိုယ်ကို စတဲ့ပုံစံအတိုင်းပြန်နေပါ။ ဘယ်ညာပြောင်းလုပ်ပေးပါ။

၅။ ပြုလုပ်ရမယ့်အကြိမ်ရေကို နောက်ဆုံးမှာပြောပြထားပါတယ်။

လေ့ကျင့်ခန်း ၂

၁။ သင့်ညာခြေကို ဘယ်ခြေရှေ့ထားပြီး မတ်တပ်ရပ်လိုက်ပါ။

၂။ 90 ဒီဂရီထောင့်ရအောင် ဘယ်ခြေကို ကွေးပေးပါ။

၃။ သင့်ခြေထောက်တွေကို ဘယ်နေရာမှမရွေ့ပါစေနဲ့။ ကွေးတာကို တစ်စက္ကန့်ကြာထိန်းထားပြီး နဂိုပုံစံပြန်သွားပါ။ ဘယ်ညာပြောင်းလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

၁။ သင့်လက်နှစ်ဘက်ကို ခေါင်းဘေးမှာထားပြီး လဲလျောင်းပါ။

၂။ သင့်ဘယ်ခြေနဲ့ တင်ပါးကို အပေါ်မတင်ပါ။ ဒီအချိန်မှာ ညာခြေကို ပုံထဲကအတိုင်း မြှောက်တင်ပေးပါ။

၃။ ဒါကို တစ်စက္ကန့်ကြာထိန်းထားပြီး မြှောက်ထားတဲ့ညာခြေကို နဂိုပုံစံပြန်ထားပါ။ ဘယ်ညာပြောင်းလုပ်ပေးပါ။

ပြုလုပ်ရမယ့် ၇ ရက်စာ ပုံစံကတော့

Day 1- ဘယ်ညာတစ်ကြိမ်စီကို တစ်ခါလုပ်ရင် အခါ ၂၀ လုပ်ပါ။

Day 2- တစ်ဘက်ချင်းစီ ၂၅ ခါ

Day 3- တစ်ဘက်ချင်းစီ အခါ ၃၀

Day 4 – တစ်ဘက်ချင်းစီ အခါ ၄၀

Day 5- တစ်ဘက်ချင်းစီ ၄၅ ခါ

Day 6- တစ်ဘက်ချင်းစီ အခါ ၅၀

Day 7- တစ်ဘက်ချင်းစီ ၅၅ ခါ

ဒီလေ့ကျင့်ခန်း သုံးခုအပြင် အားမရလို့ ထပ်လုပ်ချင်သူများအတွက် နောက်ထပ် လေ့ကျင့်ခန်း ၂ ခုထပ်ပါဝင်တဲ့ Video ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Source: Femniqe

လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ဂရုစိုက်စားပေးမှ အချိန်တိုအတွင်း ကိတ်မှာပါ။ ၇ ရက်အတွင်း နေ့တိုင်းပါဝင်အောင် စားသောက်ရမယ့် အစားအစာတွေကတော့

  • အစေ့အဆံများ
  • ပရိုတိန်းကြွယ်ဝတဲ့ အစားအသောက်များ
  • ကန်စွန်းဥ၊ ထောပတ်သီး
  • ကြက်ဥ ဘဲဥ
  • ပဲအမျိုးမျိုး၊ ပဲနို့

ဒီအစားအသောက်တွေကို တစ်နေ့မှာ တစ်မျိုးစီတော့ ပါအောင်စားပေးရပါမယ်။ ပျိုမေတို့အားလုံး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြပါစေနော်။

Source: femniqe.com

By MyStyle Myanmar