လူတိုင္းမွာ ေပ်ာ္ရတဲ့ရက္ရွိသလို စိတ္ညစ္တဲ့ရက္လည္း ရွိမွာပါပဲ။ ေကာင္ေလးေတြက အျပင္ပန္းမွာသာ စိတ္မာတယ္ထင္ရေပမယ့္ တစ္ခါတေလ သူတို႔ေတြက မိန္းကေလးေတြထက္ ပိုစိတ္ခံစားတတ္ၾကပါတယ္။ တကယ္လို႔ သင္ေကာင္ေလး ဒါမွမဟုတ္ သင္ႀကိတ္ခ်စ္ေနရတဲ့သူတစ္ေယာက္ စိတ္ညစ္ေနတဲ့အခ်ိန္ အရင္လို ျပန္ျပံဳးလာေအာင္ ေပ်ာ္ရႊင္လာေအာင္ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ သူ႕ကို ေထြးေပြ႕လိုက္ပါ

ဒါကေတာ့ ခ်စ္သူအခ်င္းခ်င္း ျပဳလုပ္ႏိုင္တဲ့နည္းလမ္းပါ။ ေလ့လာမႈေတြမွာ ေပြ႕ဖက္လိုက္တာက အထီးက်န္စိတ္ေတြ၊ တစ္ကိုယ္တည္းျဖစ္လို႔ နာက်င္စိတ္ေတြ၊ ေသာကေတြကို ေလ်ာ့ပါးေစတဲ့ ေအာက္စီတိုစင္ အဆင့္ တိုးပြားတယ္လို႔ သက္ေသျပထားပါတယ္။

၂။ သူရင္ဖြင့္ပါေစ

ရင္ဖြင့္လိုက္တာက နာက်င္တဲ့ခံစားခ်က္ေတြကို ေလ်ာ့ပါးသြားေစပါတယ္။ သူက မေျပာခ်င္ရင္ေတာင္ ရင္ဖြင့္လာေအာင္ ႀကိဳးစားၾကည့္ပါ။ သူရင္ဖြင့္လာတဲ့အခ်ိန္ ဂ႐ုတစိုက္နားေထာင္ေပးပါ။

၃။ သူ႕အတြက္ဟင္းခ်က္ေပးပါ

သင္က ဟင္းခ်က္တတ္သူဆိုရင္ သူႀကိဳက္တဲ့အရာတစ္ခုခုကို ခ်က္ေပးလိုက္ပါ။ ဒီလိုလုပ္ေပးတာက သူ႕စိတ္အေျပာင္းအလဲျဖစ္ေစပါတယ္။

၄။ သူ႕ကို ခ်ီးက်ဴးေပးပါ

တစ္ေယာက္နဲ႔တစ္ေယာက္ စစတြဲခ်င္းမွာေတာ့ ခ်ီးက်ဴးတတ္ၾကပါတယ္။ ဒါေပမဲ့ အခ်ိန္ၾကာလာတဲ့အခါ ခ်ီးက်ဴးဖို႔ ေမ့ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သူဘယ္ေလာက္ေယာက်ာ္းပီသေၾကာင္း ဘယ္ေလာက္ၾကည့္ေကာင္းေၾကာင္း၊ ဘယ္ေလာက္ထိ အားကိုးရေၾကာင္း ခ်ီးက်ဴးေပးပါ။ သူေပ်ာ္သြားပါလိမ့္မယ္။

၅။ သူ႕အေၾကာင္းႂကြားလံုးထုတ္ေပးပါ

စိတ္ညစ္တယ္ဆိုတာ သူတို႔ကိုယ္သူတို႔ အားမရလို႔ စိတ္ညစ္တာျဖစ္ႏိုင္ပါတယ္။ ဒီေတာ့ သူက ေတာ္တဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း အၿမဲမေမ့ေအာင္ သင္က ပံ့ပိုးၿပီး ေျပာဆိုေပးပါ။

၆။ သူ႕ကို ႏွိပ္ေပးပါ

သင့္ေကာင္ေလးစိတ္ညစ္တဲ့အခါ ေနာက္ေၾကာကို ဖြဖြေလးႏွိပ္နယ္ေပးပါ။ လူတိုင္းလိုလို အေၾကာေလွ်ာ့ရတာကို ႀကိဳက္ပါတယ္။ သူ႕ကို ဂ႐ုစိုက္ေပးလိုက္ပါ။

၇။ သူ႕အတြက္ အခ်စ္စာေလးေတြေရးေပးပါ

သူ႕ကို ဘယ္ေလာက္ခ်စ္ေၾကာင္း စာေရးေပးပါ။ အရင္ကထက္ ပို႐ိုေအာင္ ေရးေပးပါ။ သူေပ်ာ္သြားပါလိမ့္မယ္။

(Unicode Version)

လူတိုင်းမှာ ပျော်ရတဲ့ရက်ရှိသလို စိတ်ညစ်တဲ့ရက်လည်း ရှိမှာပါပဲ။ ကောင်လေးတွေက အပြင်ပန်းမှာသာ စိတ်မာတယ်ထင်ရပေမယ့် တစ်ခါတလေ သူတို့တွေက မိန်းကလေးတွေထက် ပိုစိတ်ခံစားတတ်ကြပါတယ်။ တကယ်လို့ သင်ကောင်လေး ဒါမှမဟုတ် သင်ကြိတ်ချစ်နေရတဲ့သူတစ်ယောက် စိတ်ညစ်နေတဲ့အချိန် အရင်လို ပြန်ပြုံးလာအောင် ပျော်ရွှင်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သူ့ကို ထွေးပွေ့လိုက်ပါ

ဒါကတော့ ချစ်သူအချင်းချင်း ပြုလုပ်နိုင်တဲ့နည်းလမ်းပါ။ လေ့လာမှုတွေမှာ ပွေ့ဖက်လိုက်တာက အထီးကျန်စိတ်တွေ၊ တစ်ကိုယ်တည်းဖြစ်လို့ နာကျင်စိတ်တွေ၊ သောကတွေကို လျော့ပါးစေတဲ့ အောက်စီတိုစင် အဆင့် တိုးပွားတယ်လို့ သက်သေပြထားပါတယ်။

၂။ သူရင်ဖွင့်ပါစေ

ရင်ဖွင့်လိုက်တာက နာကျင်တဲ့ခံစားချက်တွေကို လျော့ပါးသွားစေပါတယ်။ သူက မပြောချင်ရင်တောင် ရင်ဖွင့်လာအောင် ကြိုးစားကြည့်ပါ။ သူရင်ဖွင့်လာတဲ့အချိန် ဂရုတစိုက်နားထောင်ပေးပါ။

၃။ သူ့အတွက်ဟင်းချက်ပေးပါ

သင်က ဟင်းချက်တတ်သူဆိုရင် သူကြိုက်တဲ့အရာတစ်ခုခုကို ချက်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သူ့စိတ်အပြောင်းအလဲဖြစ်စေပါတယ်။

၄။ သူ့ကို ချီးကျူးပေးပါ

တစ်ယောက်နဲ့တစ်ယောက် စစတွဲချင်းမှာတော့ ချီးကျူးတတ်ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ချီးကျူးဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် သူဘယ်လောက်ယောကျာ်းပီသကြောင်း ဘယ်လောက်ကြည့်ကောင်းကြောင်း၊ ဘယ်လောက်ထိ အားကိုးရကြောင်း ချီးကျူးပေးပါ။ သူပျော်သွားပါလိမ့်မယ်။

၅။ သူ့အကြောင်းကြွားလုံးထုတ်ပေးပါ

စိတ်ညစ်တယ်ဆိုတာ သူတို့ကိုယ်သူတို့ အားမရလို့ စိတ်ညစ်တာဖြစ်နိုင်ပါတယ်။ ဒီတော့ သူက တော်တဲ့လူတစ်ယောက်ဖြစ်ကြောင်း အမြဲမမေ့အောင် သင်က ပံ့ပိုးပြီး ပြောဆိုပေးပါ။

၆။ သူ့ကို နှိပ်ပေးပါ

သင့်ကောင်လေးစိတ်ညစ်တဲ့အခါ နောက်ကြောကို ဖွဖွလေးနှိပ်နယ်ပေးပါ။ လူတိုင်းလိုလို အကြောလျှော့ရတာကို ကြိုက်ပါတယ်။ သူ့ကို ဂရုစိုက်ပေးလိုက်ပါ။

၇။ သူ့အတွက် အချစ်စာလေးတွေရေးပေးပါ


သူ့ကို ဘယ်လောက်ချစ်ကြောင်း စာရေးပေးပါ။ အရင်ကထက် ပိုရိုအောင် ရေးပေးပါ။ သူပျော်သွားပါလိမ့်မယ်။

Source: Herbeauty.co

By MyStyle Myanmar