[Zawgyi]

မိန္းကေလးေတြမွာ စတိုင္က်ဖို႔ကလည္း အေရးႀကီးပါတယ္။ မ်က္ႏွာလွေနရံုနဲ႔ ဖက္ရွင္မဆင္တတ္ရင္လည္း အဆင္မေျပပါဘူး။ ဒီတစ္ေခါက္မွာေတာ့ ေကာင္ေလးေတြ သေဘာက်ၿပီး မိန္းကေလးေတြ ဝတ္ဆင္ႏို္ုင္တဲ့အေရာင္ေတြကို ေဖာ္ျပေပးလိုပါတယ္။ အေရာင္ေတြ သိထားေတာ့ ကိုယ္သေဘာက်သူနဲ႔ ဒိတ္လုပ္တဲ့အခ်ိန္ သူႀကိဳက္ႏိုင္တဲ့အေရာင္ကို မွန္းဆၿပီး ဝတ္ဆင္ႏိုင္ပါတယ္။

၁။ အနက္ေရာင္

အမ်ိဳးသားေတြ သေဘာက်တဲ့အေရာင္တစ္မ်ိဳးကေတာ့ အနက္ေရာင္ပါ။ အနက္ေရာင္က ဆြဲေဆာင္မႈရွိတာ၊ Sexy က်တာကို ၫႊန္ျပပါတယ္။ အနက္ေရာင္က အမွန္တကယ္လည္း စမတ္က်တာ ပ်ိဳေမတိုင္းသိပါတယ္။

၂။ အနီေရာင္

အနီေရာင္ကေတာ့ အမ်ိဳးသားေတြကို ဆြဲေဆာင္ႏိုင္တာ အားလံုးသိၿပီးျဖစ္မွာပါ။ အနီေရာင္က ကိုယ့္ပံုစံကို မိန္းကေလးပိုဆန္ေစပါတယ္။ ဒါေပမဲ့ သူ႕ကိုဆြဲေဆာင္ႏိုင္ဖို႔ အနီေရာင္ ႐ိုင္း႐ိုင္းႀကီးေတြဝတ္ဖို႔မလိုပါဘူး။ အနီေရာင္ နည္းနည္းေလာက္ပဲပါရင္ေတာင္ အဆင္ေျပေနပါၿပီ။

၃။ အျဖဴေရာင္

ေယာက်ာ္းေလးေတြက အျဖဴေရာင္ကို ျဖဴစင္သန္႔ရွင္းတယ္လို႔ အဓိပၸာယ္ဖြင့္တတ္ပါတယ္။ အျဖဴေရာင္အေပၚထပ္ေလးေတြက အဆင္ေျပပါတယ္။ အျဖဴေရာင္ စကပ္ ေဘာင္းဘီေတြကေတာ့ အစြန္းထင္းျဖစ္ႏိ္ုင္တာမို႔ သတိထားဝတ္ရပါမယ္။

၄။ ေတာက္ပတဲ့အျပာေရာင္

အမ်ိဳးသားေတြရဲ႕ အႀကိဳက္ဆံုးအေရာင္ေတြထဲမွာ အျပာေရာင္လည္းပါဝင္ပါတယ္။ အျပာေရာင္ေတြထဲမွာမွ အျပာေတာက္ေတာက္ေလးက သူတို႔စိတ္ကို ဖမ္းစားႏိုင္ပါတယ္။

၅။ ပန္းေရာင္

ပန္းေရာင္က ႏူးညံ့ၿပီး မိန္းကေလးပီသပါတယ္။ အနီေရာင္လိုပဲ အနည္းငယ္ပါရံုနဲ႔ရပါတယ္။ တစ္ကိုယ္လံုးပန္းေရာင္က ကိုယ့္ကို အလြန္အကၽြံမိန္းကေလးဆန္ေစပါတယ္။ ရင့္က်က္တဲ့ပံုစံေလးျဖစ္ေအာင္ ပန္းေရာင္ကို ပညာသားပါပါဝတ္ပါ။

၆။ ႏို႔ႏွစ္ေရာင္

ႏို႔ႏွစ္ေရာင္ကလည္း အျဖဴေရာင္လိုပါပဲ။ အမ်ိဳးသားေတြက ႏို႔ႏွစ္ေရာင္ကို ျဖဴစင္မႈအျဖစ္ အသိအမွတ္ျပဳၾကပါတယ္။ တစ္ကိုယ္လံုး ႏို႔ႏွစ္ေရာင္ေတာ့ မဝတ္မိေစဖို႔ သတိျပဳပါ။

၇။ စိမ္းျပာရင့္ေရာင္

ဒီအေရာင္က အျပာေရာင္ ေရာင္ကြဲတစ္မ်ိဳးပါ။ အမ်ိဳးသားေတြက မိန္းကေလးေတြ အစိမ္းေရာင္ဝတ္ထားရင္ မႀကိဳက္ပါဘူး။ ဒါေပမ့ဲ စိမ္းျပာရင့္ေရာင္ကိုေတာ့ သေဘာက်ပါတယ္။ စိမ္းျပာရင့္ေရာင္က ေခတ္ဆန္ၿပီး ဆြဲေဆာင္မႈရွိေစပါတယ္။

(Unicode Version)

မိန်းကလေးတွေမှာ စတိုင်ကျဖို့ကလည်း အရေးကြီးပါတယ်။ မျက်နှာလှနေရုံနဲ့ ဖက်ရှင်မဆင်တတ်ရင်လည်း အဆင်မပြေပါဘူး။ ဒီတစ်ခေါက်မှာတော့ ကောင်လေးတွေ သဘောကျပြီး မိန်းကလေးတွေ ဝတ်ဆင်နို်ုင်တဲ့အရောင်တွေကို ဖော်ပြပေးလိုပါတယ်။ အရောင်တွေ သိထားတော့ ကိုယ်သဘောကျသူနဲ့ ဒိတ်လုပ်တဲ့အချိန် သူကြိုက်နိုင်တဲ့အရောင်ကို မှန်းဆပြီး ဝတ်ဆင်နိုင်ပါတယ်။

၁။ အနက်ရောင်


အမျိုးသားတွေ သဘောကျတဲ့အရောင်တစ်မျိုးကတော့ အနက်ရောင်ပါ။ အနက်ရောင်က ဆွဲဆောင်မှုရှိတာ၊ Sexy ကျတာကို ညွှန်ပြပါတယ်။ အနက်ရောင်က အမှန်တကယ်လည်း စမတ်ကျတာ ပျိုမေတိုင်းသိပါတယ်။

၂။ အနီရောင်


အနီရောင်ကတော့ အမျိုးသားတွေကို ဆွဲဆောင်နိုင်တာ အားလုံးသိပြီးဖြစ်မှာပါ။ အနီရောင်က ကိုယ့်ပုံစံကို မိန်းကလေးပိုဆန်စေပါတယ်။ ဒါပေမဲ့ သူ့ကိုဆွဲဆောင်နိုင်ဖို့ အနီရောင် ရိုင်းရိုင်းကြီးတွေဝတ်ဖို့မလိုပါဘူး။ အနီရောင် နည်းနည်းလောက်ပဲပါရင်တောင် အဆင်ပြေနေပါပြီ။

၃။ အဖြူရောင်


ယောကျာ်းလေးတွေက အဖြူရောင်ကို ဖြူစင်သန့်ရှင်းတယ်လို့ အဓိပ္ပာယ်ဖွင့်တတ်ပါတယ်။ အဖြူရောင်အပေါ်ထပ်လေးတွေက အဆင်ပြေပါတယ်။ အဖြူရောင် စကပ် ဘောင်းဘီတွေကတော့ အစွန်းထင်းဖြစ်နိ်ုင်တာမို့ သတိထားဝတ်ရပါမယ်။

၄။ တောက်ပတဲ့အပြာရောင်


အမျိုးသားတွေရဲ့ အကြိုက်ဆုံးအရောင်တွေထဲမှာ အပြာရောင်လည်းပါဝင်ပါတယ်။ အပြာရောင်တွေထဲမှာမှ အပြာတောက်တောက်လေးက သူတို့စိတ်ကို ဖမ်းစားနိုင်ပါတယ်။

၅။ ပန်းရောင်


ပန်းရောင်က နူးညံ့ပြီး မိန်းကလေးပီသပါတယ်။ အနီရောင်လိုပဲ အနည်းငယ်ပါရုံနဲ့ရပါတယ်။ တစ်ကိုယ်လုံးပန်းရောင်က ကိုယ့်ကို အလွန်အကျွံမိန်းကလေးဆန်စေပါတယ်။ ရင့်ကျက်တဲ့ပုံစံလေးဖြစ်အောင် ပန်းရောင်ကို ပညာသားပါပါဝတ်ပါ။

၆။ နို့နှစ်ရောင်


နို့နှစ်ရောင်ကလည်း အဖြူရောင်လိုပါပဲ။ အမျိုးသားတွေက နို့နှစ်ရောင်ကို ဖြူစင်မှုအဖြစ် အသိအမှတ်ပြုကြပါတယ်။ တစ်ကိုယ်လုံး နို့နှစ်ရောင်တော့ မဝတ်မိစေဖို့ သတိပြုပါ။

၇။ စိမ်းပြာရင့်ရောင်


ဒီအရောင်က အပြာရောင် ရောင်ကွဲတစ်မျိုးပါ။ အမျိုးသားတွေက မိန်းကလေးတွေ အစိမ်းရောင်ဝတ်ထားရင် မကြိုက်ပါဘူး။ ဒါပေမဲ့ စိမ်းပြာရင့်ရောင်ကိုတော့ သဘောကျပါတယ်။ စိမ်းပြာရင့်ရောင်က ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar