[Zawgyi]

ဒီေဆာင္းပါး ေခါင္းစဥ္ေလးကို စိတ္ဝင္စားၿပီး အဆံုးထိ ဆက္ဖတ္ၾကည့္ဖို႔ ျပင္ဆင္ေနတယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္… စာဖတ္သူက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူပဲျဖစ္မွာပါ။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူအေနနဲ႔ အဆီအဆိမ့္မ်ားတဲ့ အစားအစာေတြ ေ႐ွာင္ၾကဥ္ရမယ္၊ အခ်ိဳစာေတြ ေ႐ွာင္ရမယ့္အျပင္ အသင့္ေသာက္ေဖ်ာ္ရည္ေတြကိုလည္း မေသာက္သံုးရပါဘူး။

ဒါတင္မကေသးပါဘူး။ ေလ့က်င့္ခန္းလည္း မွန္မွန္ျပဳလုပ္ေပးရမွာပါ။ ေလ့က်င့္ခန္းမလုပ္ဘဲ အစားခ်ည္းပဲ ေလ်ာ့စားမယ္ဆိုရင္ ထိေရာက္မႈလည္း ႐ွိမွာမဟုတ္သလို ခႏၶာကိုယ္ၾကြက္သားက က်စ္က်စ္လ်စ္လ်စ္ေလး ႐ွိမေနဘဲ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနမွာပဲျဖစ္ပါတယ္။

ဘယ္လိုေလ့က်င့္ခန္းေတြ ျပဳလုပ္ေပးရမလဲ၊ ဘယ္ေလ့က်င့္ခန္းေတြက ကယ္လိုရီမ်ားမ်ား ေလာင္ကြ်မ္းေပးႏိုင္ၿပီးေတာ့ ဝိတ္က်ေစမလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

စက္ဘီးစီးျခင္း

Source: Shutterstock

တစ္ေန႔ကို မိနစ္ (၆၀) ခန္႔ စက္ဘီးစီးမယ္ဆိုရင္ ကယ္လိုရီ ၈၅၀ ေလာင္ကြ်မ္းေပးႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္း ျပဳလုပ္ေပးျခင္းက ေျခသလံုးၾကြက္သား၊ ေပါင္ၾကြက္သား၊ ဝမ္းဗိုက္ၾကြက္သား၊ တင္ပါးၾကြက္သားေတြ က်စ္က်စ္လ်စ္လ်စ္ေလးျဖစ္သြားေအာင္ ကူညီေပးပါတယ္။

ႀကိဳးခုန္ျခင္း

Source: Shutterstock

ႀကိဳးခုန္တဲ့ ေလ့က်င့္ခန္းကေတာ့ မိန္းကေလးေတြ ငယ္ဘဝကတည္းက ရင္းႏွီးကြ်မ္းဝင္မႈ႐ွိတဲ့ ေလ့က်င့္ခန္းတစ္ခုပဲျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းကို မိနစ္ (၆၀) ခန္႔ ျပဳလုပ္ေပးျခင္းက ကယ္လိုရီ ၇၀၀ ကေန ၈၀၀ အထိ ေလာင္ကြ်မ္းေပးႏိုင္ပါတယ္။ ခႏၶာကိုယ္တစ္ခုလံုးက ခုန္ေနရတာျဖစ္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္ တစ္ခုလံုးက ၾကြက္သားေတြအတြက္ ေကာင္းမြန္ပါတယ္။

ေရကူးျခင္း

Source: Shutterstock

ေရကူးရတာ ႀကိဳက္ႏွစ္သက္တဲ့သူေတြအတြက္ သတင္းေကာင္းေလးတစ္ခုကေတာ့ တစ္နာရီ ေရကူးေပးျခင္းက ဝိတ္က်ေစတဲ့အျပင္ ကယ္လိုရီအမ်ားႀကီး ေလာင္ကြ်မ္းေပးနိုင္ပါတယ္။ ဒီေလ့က်င့္ခန္းကလည္း ခႏၶာကုိယ္တစ္ခုလံုးမွာ႐ွိတဲ့ ၾကြက္သားေတြကို က်စ္က်စ္လ်စ္လ်စ္ေလး ျဖစ္သြားေစမွာပါ။

ေအ႐ိုးဗစ္ ကစားျခင္း

Source: Shutterstock

ေအ႐ိုးဗစ္ေလ့က်င့္ခန္းက ေပါ့ေပါ့ပါးပါးေလးနဲ႔ ျပဳလုပ္ရလြယ္ကူတဲ့ ေလ့က်င့္ခန္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ တစ္နာရီခန္႔ ေအ႐ိုးဗစ္ကစားျခင္းက ကယ္လိုရီ ၅၀၀ ကေန ၆၀၀ အထိ ေလာင္ကြ်မ္းေပးႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းကလည္း ခႏၶာကိုယ္တစ္ခုလံုးက ၾကြက္သားေတြအတြက္ အထူးေကာင္းမြန္ပါတယ္။

ေျပးစက္ေပၚတြင္ ေျပးျခင္း

Source: Shutterstock

ေျပးစက္ေပၚမွာ အေျပးေလ့က်င့္မယ္ဆိုရင္ ေျခေထာက္ၾကြက္သား၊ ေပါင္ၾကြက္သား၊ တင္ပါးၾကြက္သားနဲ႔ ဝမ္းဗိုက္ၾကြက္သားေတြက အဆီပိုေတြက်ေစၿပီး က်စ္က်စ္လ်စ္လ်စ္ေလးျဖစ္သြားေစမွာပါ။ ေျပးစက္နဲ႔ တစ္နာရီခန္႔ ေျပးျခင္းက ကယ္လိုရီ ၅၀၀ ကေန ၆၀၀ အထိ ေလာင္ကြ်မ္းေစပါတယ္။

Zumba ကျခင္း

Source: Shutterstock

ယေန႔ေခတ္မွာ ေခတ္စားလာတဲ့ ေလ့က်င့္ခန္းအမ်ိဳးအစားတစ္ခုကေတာ့ Zumba ကျခင္းပဲျဖစ္ပါတယ္။ ေလ့က်င့္ခန္းခ်ည္းပဲ သီးသန္႔လုပ္ရမွာ ၿငီးေငြ႔တဲ့သူေတြ အကဝါသနာပါသူေတြအတြက္ အသင့္ေတာ္ဆံုး အဆီခ်ေလ့က်င့္ခန္းပဲျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းကေတာ့ ခႏၶာကိုယ္တစ္ခုလံုးက ၾကြက္သားေတြအတြက္ အထူးေကာင္းမြန္ၿပီး တစ္နာရီ ေဆာ့ကစားေပးမယ္ဆိုရင္ ကယ္လိုရီ ၃၅၀ ကေန ၆၅၀ အထိ ေလာင္ကြ်မ္းေပးႏိုင္ပါတယ္။

ေျပးျခင္း

Source: Shutterstock

အိမ္မွာ ေျပးစက္မ႐ွိလို႔ (သို႔) Gym မသြားအားလို႔ ေျပးလို႔ မရဘူးလို႔ မထင္လိုက္ပါနဲ႔ေနာ္။ မနက္ေစာေစာ (သို႔) ညေနေစာင္း ေနေအးခ်ိန္ေလးမွာ ရပ္ကြက္တစ္ပတ္၊ ဒါမွမဟုတ္ ပန္းၿခံေလးထဲ ေျပးမယ္ဆိုရင္ ကယ္လိုရီ ၄၀၀ ကေန ၆၀၀ အထိ ေလာင္ကြ်မ္းေပးႏိုင္ပါတယ္။ အေျပးေလ့က်င့္ခန္းက ဝိတ္က်ေစ႐ံုတင္မကပါဘူး၊ စိတ္ဖိစီးမႈနဲ႔ စိတ္က်ေရာဂါတို႔ မခံစားရေအာင္လည္း ကူညီေပးႏိုင္ပါတယ္။

ဝိတ္က်ေစတဲ့ ေလ့က်င့္ခန္း အမ်ိဳးအစားက (၇) မ်ိဳးေတာင္ ႐ွိတာဆိုေတာ့ စာဖတ္သူတို႔လည္း မိမိႀကိဳက္ႏွစ္သက္ရာ ေလ့က်င့္ခန္းေတြကို ေရြးခ်ယ္ၿပီး ဝိတ္ခ်လို႔ရတာေပါ့။

[Unicode]

ဒီဆောင်းပါး ခေါင်းစဉ်လေးကို စိတ်ဝင်စားပြီး အဆုံးထိ ဆက်ဖတ်ကြည့်ဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ သေချာပါတယ်… စာဖတ်သူက ကိုယ်အလေးချိန်လျော့ချချင်သူပဲဖြစ်မှာပါ။ ကိုယ်အလေးချိန်လျော့ချချင်သူအနေနဲ့ အဆီအဆိမ့်များတဲ့ အစားအစာတွေ ရှောင်ကြဉ်ရမယ်၊ အချိုစာတွေ ရှောင်ရမယ့်အပြင် အသင့်သောက်ဖျော်ရည်တွေကိုလည်း မသောက်သုံးရပါဘူး။

ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းလည်း မှန်မှန်ပြုလုပ်ပေးရမှာပါ။ လေ့ကျင့်ခန်းမလုပ်ဘဲ အစားချည်းပဲ လျော့စားမယ်ဆိုရင် ထိရောက်မှုလည်း ရှိမှာမဟုတ်သလို ခန္ဓာကိုယ်ကြွက်သားက ကျစ်ကျစ်လျစ်လျစ်လေး ရှိမနေဘဲ လျော့တိလျော့ရဲဖြစ်နေမှာပဲဖြစ်ပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရမလဲ၊ ဘယ်လေ့ကျင့်ခန်းတွေက ကယ်လိုရီများများ လောင်ကျွမ်းပေးနိုင်ပြီးတော့ ဝိတ်ကျစေမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

စက်ဘီးစီးခြင်း

Source: Shutterstock

တစ်နေ့ကို မိနစ် (၆၀) ခန့် စက်ဘီးစီးမယ်ဆိုရင် ကယ်လိုရီ ၈၅၀ လောင်ကျွမ်းပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းက ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သား၊ တင်ပါးကြွက်သားတွေ ကျစ်ကျစ်လျစ်လျစ်လေးဖြစ်သွားအောင် ကူညီပေးပါတယ်။

ကြိုးခုန်ခြင်း

Source: Shutterstock

ကြိုးခုန်တဲ့ လေ့ကျင့်ခန်းကတော့ မိန်းကလေးတွေ ငယ်ဘဝကတည်းက ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မိနစ် (၆၀) ခန့် ပြုလုပ်ပေးခြင်းက ကယ်လိုရီ ၇၀၀ ကနေ ၈၀၀ အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ခုန်နေရတာဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေအတွက် ကောင်းမွန်ပါတယ်။

ရေကူးခြင်း

Source: Shutterstock

ရေကူးရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုကတော့ တစ်နာရီ ရေကူးပေးခြင်းက ဝိတ်ကျစေတဲ့အပြင် ကယ်လိုရီအများကြီး လောင်ကျွမ်းပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်သွားစေမှာပါ။

အေရိုးဗစ် ကစားခြင်း

Source: Shutterstock

အေရိုးဗစ်လေ့ကျင့်ခန်းက ပေါ့ပေါ့ပါးပါးလေးနဲ့ ပြုလုပ်ရလွယ်ကူတဲ့ လေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပါတယ်။ တစ်နာရီခန့် အေရိုးဗစ်ကစားခြင်းက ကယ်လိုရီ ၅၀၀ ကနေ ၆၀၀ အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအတွက် အထူးကောင်းမွန်ပါတယ်။

ပြေးစက်ပေါ်တွင် ပြေးခြင်း

Source: Shutterstock

ပြေးစက်ပေါ်မှာ အပြေးလေ့ကျင့်မယ်ဆိုရင် ခြေထောက်ကြွက်သား၊ ပေါင်ကြွက်သား၊ တင်ပါးကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေက အဆီပိုတွေကျစေပြီး ကျစ်ကျစ်လျစ်လျစ်လေးဖြစ်သွားစေမှာပါ။ ပြေးစက်နဲ့ တစ်နာရီခန့် ပြေးခြင်းက ကယ်လိုရီ ၅၀၀ ကနေ ၆၀၀ အထိ လောင်ကျွမ်းစေပါတယ်။

Zumba ကခြင်း

Source: Shutterstock

ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ လေ့ကျင့်ခန်းအမျိုးအစားတစ်ခုကတော့ Zumba ကခြင်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းချည်းပဲ သီးသန့်လုပ်ရမှာ ငြီးငွေ့တဲ့သူတွေ အကဝါသနာပါသူတွေအတွက် အသင့်တော်ဆုံး အဆီချလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအတွက် အထူးကောင်းမွန်ပြီး တစ်နာရီ ဆော့ကစားပေးမယ်ဆိုရင် ကယ်လိုရီ ၃၅၀ ကနေ ၆၅၀ အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။

ပြေးခြင်း

Source: Shutterstock

အိမ်မှာ ပြေးစက်မရှိလို့ (သို့) Gym မသွားအားလို့ ပြေးလို့ မရဘူးလို့ မထင်လိုက်ပါနဲ့နော်။ မနက်စောစော (သို့) ညနေစောင်း နေအေးချိန်လေးမှာ ရပ်ကွက်တစ်ပတ်၊ ဒါမှမဟုတ် ပန်းခြံလေးထဲ ပြေးမယ်ဆိုရင် ကယ်လိုရီ ၄၀၀ ကနေ ၆၀၀ အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းက ဝိတ်ကျစေရုံတင်မကပါဘူး၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတို့ မခံစားရအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဝိတ်ကျစေတဲ့ လေ့ကျင့်ခန်း အမျိုးအစားက (၇) မျိုးတောင် ရှိတာဆိုတော့ စာဖတ်သူတို့လည်း မိမိကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြီး ဝိတ်ချလို့ရတာပေါ့။