[Zawgyi]

လက္သည္းနီအေရာင္လွလွေလးက လူတစ္ေယာက္ရဲ႕မ်က္လံုးကို ဆြဲငင္ႏိုင္ပါတယ္။ လက္သည္းနီအေရာင္ဆန္းသစ္ေနတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ လက္ကို မေငးတဲ့လူမရွိပါဘူး။ လွပတဲ့ လက္သညး္ပံုစံကို ရဖို႔ အမွားမရွိဖို႔လိုပါတယ္။ ဒီအမွားေတြကေတာ့ ပ်ိဳေမတို႔ မသိလုိက္တဲ့မွားေနတာပါ။ ပ်ိဳေမတို႔ ဗဟုသုတရဖို႔ရာ လက္သည္းနီဆုိးရာမွာ ေရွာင္ရွားသင့္တဲ့ အခ်က္ေတြကို ေျပာျပပါရေစ။

၁။ လက္သည္းရွည္လြန္းတာ

လက္သည္းရွည္ေအာင္ထားရတာက မလြယ္ပါဘူး။ ဒီလိုပါပဲ လက္သည္းက်ိဳးဖို႔ကလည္း မခက္ပါဘူး။ လက္သည္းရွည္လြန္းတာက လက္သည္းနီဆိုးရာမွာ အမွားတစ္ခုုပါပဲ။ သင္မုန္႔စားတဲ့အခ်ိန္ လက္သည္းရွည္လြန္းရင္ အဲ့လက္သည္းက မုန္႔ထဲဝင္သြားႏိုင္ပါတယ္။ ဒီလုိဆို လက္သည္းရွည္ေပမယ့္ မလွတဲ့ဘဝမ်ိဳးေရာက္သြားပါျပီ။

၂။ ထူးထူးဆန္းဆန္း လက္သည္းနီပံုစံေတြ

ဆန္းတုိင္းလည္းမေကာင္းပါဘူး။ ကိုယ့္ဝတ္စားပံုနဲ႔ မလုိက္ဖက္တဲ့ လက္သည္းအေရာင္က ကိုယ့္ရဲ႕ Attraction ကို ပိုက်ေစပါတယ္။ ကိုယ္လည္းသေဘာက်ျပီး လုိက္ဖက္မယ့္ လက္သည္းနီပံုစံမ်ိဳးဆိုးသင့္ပါတယ္။

Source: Ink Your Nail.com

၃။ လက္သည္းအေပၚယံလႊာ

Source: thesomeshop.com

လက္သည္းေပၚကႏူးညံ့တဲ့ အျဖဴအလႊာေလးကို မခြာပါနဲ႔။ ဒီအလႊာက ဘတ္တီးရီးယားေတြကို ကာကြယ္ေပးပါတယ္။ မလွလိုက္ဘဲ ေရာဂါဝင္ဖို႔ အားေပးေနသလို ျဖစ္ေနပါလိမ့္မယ္။

၄။ မလွတဲ့အေရာင္

တခ်ိဳ႕အေရာင္ေတြက ကိုယ့္အသားအေရအေရာင္နဲ႔မလိုက္ဖက္တာေတြရွိပါတယ္။ အထူးသျဖင့္ အနက္ေရာင္ပါ။ အနက္ေရာင္က အသားညိဳသူေတြအေနနဲ႔ သတိထားျပီး ဆုိးသင့္ပါတယ္။

၅။ ကိုက္ထားတဲ့လက္သည္း

လက္သည္းနီဆိုးတဲ့အခ်ိန္ ကိုယ္က လက္သည္းကိုက္တတ္တဲ့အက်င့္ရွိရင္ သတိထားေပးပါ။ဒီအျပဳအမူက ကိုယ့္ရဲ႕ လက္သည္းအရွည္ကို မညီညာေစေတာ့ဘဲ ၾကည့္ရဆိုးေစပါတယ္။

Source: Quora.com

၆။ ေစ်းေပါတဲ့လက္သည္းနီ

ေစ်းေပါလြန္းတဲ့လက္သည္းနီထဲမွာ ပါတဲ့ ဓာတုဓာတ္ေတြက သင့္ကို ထိခိုက္ေစႏုိင္ပါတယ္။ ဒါ့အျပင္ လက္သည္းနီအေရာင္ၾကာရွည္ခံမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ေစ်းအသင့္အတင့္ရွိတဲ့ လက္သည္းနီမ်ိဳးေရြးခ်ယ္ေပးပါ။

၇။ သဘာဝလက္သည္း

Source: Pinterest

တစ္ခါတေလ လက္သည္းနီမဆိုးဘဲ လက္ကေလးေတြကို ဒီအတိုင္းပဲထားေပးပါ။ ဒီလိုထားတာက သင့္လက္သည္းအတြက္ ေလဝင္ေလထြက္ေပးသလိုျဖစ္ျပီး လက္သည္းက်န္းမာေရးအတြက္ သင့္ေတာ္ပါတယ္။ အားတဲ့အခ်ိန္ သံပယုိသီးနဲ႔လက္သည္းေတြကို ပြတ္ေပးပါ။ လက္သည္းပိုမာလာျပီး ၾကည္လာပါလိမ့္မယ္။

[Unicode]

လက်သည်းနီအရောင်လှလှလေးက လူတစ်ယောက်ရဲ့မျက်လုံးကို ဆွဲငင်နိုင်ပါတယ်။ လက်သည်းနီအရောင်ဆန်းသစ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်ကို မငေးတဲ့လူမရှိပါဘူး။ လှပတဲ့ လက်သညး်ပုံစံကို ရဖို့ အမှားမရှိဖို့လိုပါတယ်။ ဒီအမှားတွေကတော့ ပျိုမေတို့ မသိလိုက်တဲ့မှားနေတာပါ။ ပျိုမေတို့ ဗဟုသုတရဖို့ရာ လက်သည်းနီဆိုးရာမှာ ရှောင်ရှားသင့်တဲ့ အချက်တွေကို ပြောပြပါရစေ။

၁။ လက်သည်းရှည်လွန်းတာ

လက်သည်းရှည်အောင်ထားရတာက မလွယ်ပါဘူး။ ဒီလိုပါပဲ လက်သည်းကျိုးဖို့ကလည်း မခက်ပါဘူး။ လက်သည်းရှည်လွန်းတာက လက်သည်းနီဆိုးရာမှာ အမှားတစ်ခုုပါပဲ။ သင်မုန့်စားတဲ့အချိန် လက်သည်းရှည်လွန်းရင် အဲ့လက်သည်းက မုန့်ထဲဝင်သွားနိုင်ပါတယ်။ ဒီလိုဆို လက်သည်းရှည်ပေမယ့် မလှတဲ့ဘဝမျိုးရောက်သွားပါပြီ။

၂။ ထူးထူးဆန်းဆန်း လက်သည်းနီပုံစံတွေ

ဆန်းတိုင်းလည်းမကောင်းပါဘူး။ ကိုယ့်ဝတ်စားပုံနဲ့ မလိုက်ဖက်တဲ့ လက်သည်းအရောင်က ကိုယ့်ရဲ့ Attraction ကို ပိုကျစေပါတယ်။ ကိုယ်လည်းသဘောကျပြီး လိုက်ဖက်မယ့် လက်သည်းနီပုံစံမျိုးဆိုးသင့်ပါတယ်။

Source: Ink Your Nail.com

၃။ လက်သည်းအပေါ်ယံလွှာ

Source: thesomeshop.com

လက်သည်းပေါ်ကနူးညံ့တဲ့ အဖြူအလွှာလေးကို မခွာပါနဲ့။ ဒီအလွှာက ဘတ်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။ မလှလိုက်ဘဲ ရောဂါဝင်ဖို့ အားပေးနေသလို ဖြစ်နေပါလိမ့်မယ်။

၄။ မလှတဲ့အရောင်

တချို့အရောင်တွေက ကိုယ့်အသားအရေအရောင်နဲ့မလိုက်ဖက်တာတွေရှိပါတယ်။ အထူးသဖြင့် အနက်ရောင်ပါ။ အနက်ရောင်က အသားညိုသူတွေအနေနဲ့ သတိထားပြီး ဆိုးသင့်ပါတယ်။

၅။ ကိုက်ထားတဲ့လက်သည်း

လက်သည်းနီဆိုးတဲ့အချိန် ကိုယ်က လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် သတိထားပေးပါ။ဒီအပြုအမူက ကိုယ့်ရဲ့ လက်သည်းအရှည်ကို မညီညာစေတော့ဘဲ ကြည့်ရဆိုးစေပါတယ်။


Source: Quora.com

၆။ စျေးပေါတဲ့လက်သည်းနီ

စျေးပေါလွန်းတဲ့လက်သည်းနီထဲမှာ ပါတဲ့ ဓာတုဓာတ်တွေက သင့်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းနီအရောင်ကြာရှည်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် စျေးအသင့်အတင့်ရှိတဲ့ လက်သည်းနီမျိုးရွေးချယ်ပေးပါ။

၇။ သဘာဝလက်သည်း


Source: Pinterest

တစ်ခါတလေ လက်သည်းနီမဆိုးဘဲ လက်ကလေးတွေကို ဒီအတိုင်းပဲထားပေးပါ။ ဒီလိုထားတာက သင့်လက်သည်းအတွက် လေဝင်လေထွက်ပေးသလိုဖြစ်ပြီး လက်သည်းကျန်းမာရေးအတွက် သင့်တော်ပါတယ်။ အားတဲ့အချိန် သံပယိုသီးနဲ့လက်သည်းတွေကို ပွတ်ပေးပါ။ လက်သည်းပိုမာလာပြီး ကြည်လာပါလိမ့်မယ်။

By MyStyle Myanmar