မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အချစ်ရေးတစ်ခုမှာ လမ်းခွဲပြီးတဲ့အချိန် ကိုယ့်ကိုကိုယ် နှိပ်စက်တတ်တဲ့သူတွေရှိပါတယ်။ အချစ်ရေးမှာ အမြဲလိုလို နာကျင်ရတတ်တဲ့ ရာသီခွင်တွေ ရှိပါတယ်။ ဒီရာသီခွင်တွေကတော့-

၁။ Pisces (February 18 ကနေ March 20)

ဒီရာသီခွင်တွေက သူများအသည်းကိုခွဲတာနဲ့ ကိုယ်အသည်းကွဲခံတာနဲ့ဆိုရင် ကိုယ်အသည်းကွဲခံရတဲ့ လမ်းကိုပဲ ရွေးချယ်တတ်ကြပါတယ်။ ဒီရာသီခွင်မှာမွေးဖွားသူတွေက စာနာစိတ်ရှိပါတယ်။ ဒါကြောင့် အချစ်ရေးမှာ တစ်ပါးသူနာကျင်တာထက် ကိုယ်ကိုယ်တိုင်ကိုပဲ နာကျင်အောင်လုပ်တတ်ပါတယ်။ တခြားလူတွေကို စိတ်မညစ်စေချင်တာက တစ်ခါတလေကောင်းပေမယ့် ဒါက ကိုယ့်ကိုကိုယ် ဒုက္ခပေးသလိုဖြစ်တတ်ပါတယ်။

၂။ Cancer (June 21 ကနေ July 23)

Cancer ရာသီဖွားတွေက တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် တစ်ယောက်တည်းကိုပဲ မြင်တတ်သူတွေပါ။ ချစ်မိပြီဆိုရင် ဒါက နောက်ဆုံးအချစ်ပဲလို့ မျက်စိမှိတ်ယုံကြည်တတ်ကြပါတယ်။ စိတ်နှစ်ပြီးချစ်တတ်လွန်းတာကြောင့် အချစ်ရေးမှာ နာကျင်ရတတ်ပါတယ်။

၃။ Virgo (August 23 ကနေ September 23)

ဒီရာသီဖွားတွေက အလုပ်တစ်ခုကို သေချာမှလုပ်တတ်ပါတယ်။ အချစ်ရေးမှာလည်း သေချာစဉ်းစားပြီးမှ ချစ်တတ်တယ်။ လက်တွဲတတ်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေကကိုယ်ထင်ထားခဲ့သလို မဖြစ်လာတဲ့အချိန်မှာတော့ အကြီးအကျယ်နာကျင်ရတတ်ပါတယ်။ ဒီရာသီဖွားတွေအတွက် အကြံပေးလိုတာကတော့စိတ်ရှည်ဖို့ပါ။

၎။ Taurus (April 20 ကနေ May 21)

သင်က ဂနာမငြိမ်တဲ့အရာမျိုးကို မုန်းပါတယ်။ တည်ငြိမ်တဲ့ဘဝမျိုးကိုပဲ နှစ်သက်ပါတယ်။ သင့်အချစ်ရေးက အဆင်မပြေတော့တဲ့အချိန်ဆိုရင် ဒီအတိုင်းပဲ နေတတ်ပါတယ်။ ဘာမှဖြေရှင်းခြင်းမရှိပါဘူး။ သင့်အချစ်ရေးအဆင်မပြေရင်တောင် ဘာမှမလုပ်ဘဲ နေတတ်ပါတယ်။ ပြောင်းလဲရမှာကို သဘောမကျလို့ပါ။ ဒီလိုလုပ်တာက ကိုယ့်အတွက်မကောင်းပါဘူး။

၅။ Libra (September 23 ကနေ October 23)

ဒီရာသီဖွားတွေက ချစ်သူကောင်းတွေဖြစ်တတ်ကြပါတယ်။ ချစ်တတ်ဖို့ အချိန်ယူရပြီး ချစ်မိပြီဆိုရင်လည်း ချစ်သူကောင်းပီသကြပါတယ်။ ဒါပေမဲ့ Libra တွေက Taurus တွေလိုပါပဲ။ ငြိမ်သက်ခြင်းမရှိတာကို မုန်းတတ်ပါတယ်။ ဒါကြောင့် အချစ်ရေးအဆင်မပြေရင်လည်း ကိုယ့်ကိုကိုယ် အနာကျင်ခံပြီးကို ပေတေနေတတ်ကြပါတယ်။ ဒါပေမဲ့ လမ်းခွဲလိုက်တဲ့အချိန်မှာလည်း အဲ့လူကို ယောင်လို့တောင်ပြန်မကြည့်တော့ပါဘူး။

၆။ Scorpio (October 23 ကနေ November 22)

ဒီရာသီခွင်တွေက လူတစ်ယောက်ကို ချစ်ဖို့ခက်တတ်ပါတယ်။ ချစ်မိရင်လည်း ဘဝတစ်ခုလုံးပုံအပ်ပြီး ချစ်တတ်ပါတယ်။ ဒီအချစ်ရေးအတွက် ဘယ်လောက်ပဲပေးဆပ်ရပါစေ အမြဲအဆင်သင့်ရှိတတ်ပါတယ်။ လွယ်လွယ်နဲ့ လမ်းခွဲပေးတတ်သူလည်းမဟုတ်ပါဘူး။ ဒီရာသီဖွားတွေ လုံးဝခွင့်မလွတ်နိုင်တဲ့အရာက သစ္စာဖောက်တာပါ။ သစ္စာဖောက်တာကို မိတဲ့နေ့မှာပဲ ချက်ချင်းလမ်းခွဲတတ်ပါတယ်။ လမ်းခွဲပြီးနောက် အဲ့လူကို လွမ်းနေတတ်ပြီး လက်စားချေဖို့ နည်းလမ်းတွေကို စဉ်းစားနေပါတော့တယ်။

Photo Source: Pinterest

By MyStyle Myanmar