၁။ Naeun (Apink)

ဘယ်လိုဖက်ရှင်ကို ဘယ်လိုဝတ်ဝတ် အလွန်တရာလှပကြည့်ကောင်းနေတတ်သည့် Apink အဖွဲ့မှ Naeun ဟာဆိုရင် “Adidas” အမှတ်တံဆိပ် ကိုယ်ကျပ်ဘောင်းဘီများကို ၀တ်ဆင်ရတာအလွန်နှစ်သက်သူတစ်ယောက်ပါ။

ရင်သပ်ရှုမောဖွယ် ကိုယ်ခန္ဓာအလှနဲ့ သူမရဲ့ဖက်ရှင်အမြင်တို့ကြောင့် တောင်ကိုရီးယားမှ အမျိုးသမီးတွေဟာဆိုရင် Naeun ရဲ့ဖက်ရှင်ဒီဇိုင်းတွေကို အမြဲစောင့်ကြည့်နေတတ်ကြရုံသာမက အပြေးအလွှားကိုသွားရောက်ဝယ်ရလောက်အောင်ကို စွမ်းဆောင်နိုင်သူလေးပါ။

၂။ Bae Suzy

သူမရဲ့အလှနဲ့ဖက်ရှင်အမြင်တို့ကြောင့် တောင်ကိုရီးယားတစ်ခုလုံးတွင် လူသိများကျော်ကြားသည့် miss A အဖွဲ့ဝင်ဟောင်း Suzy ဟာ အင်မတန်နာမည်ကြီး အမှတ်တံဆိပ်များ၏မျက်နှာဖုံးအလှရှင်၊ မရေမတွက်နိုင်အောင်များပြားလှသည့် ကြောငြာများ၏ မော်ဒယ်လ်အဖြစ် လုပ်ဆောင်နေသည်မှာ ယနေ့ထက်ထိအောင်ပါ။

ဝတ်သမျှ ဖက်ရှင်ပစ္စည်းအားလုံးဟာလည်း နောက်တနေ့မှာ သွားဝယ်ရင်မရှိနိုင်လောက်တော့အောင် စတိုင်ကျကျဝတ်ဆင်တတ်သူတစ်ဦးပါ။

၃။ G-Dragon (BIGBANG)

G-Dragon ရဲ့ဖက်ရှင်ကတော့ များများစားစားကို ပြောနေစရာမလိုပါဘူး။ အများသိထားတဲ့အတိုင်း သူ့ရဲ့ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်တတ်မှုကြောင့် ကမ္ဘာကျော်မဂ္ဂဇင်းများ၊ ဒီဇိုင်နာများနှင့်တောင် အလုပ်တွဲလုပ်နေသူတစ်ဦးပါ။

ကိုယ်တိုင်သာလျှင် ဖက်ရှင်အပြည့်ဝတ်ဆင်တတ်တာမဟုတ်ဘဲ PEACEMINUSONE ဟုခေါ်သော ကိုယ်ပိုင်အမှတ်တံဆိပ်ကိုလည်း တည်ထောင်ထားပါသေးတယ်။ ဒါကြောင့် ၀တ်ဆင်လိုက်သမျှ အမှတ်တံဆိပ်တိုင်း ရောင်းထွက်သွားစေနိုင်တဲ့ အနုပညာရှင်များထဲမှာ ထိပ်ဆုံးကနေ နေရာယူထားသူတစ်ဦးဖြစ်ပါတယ်။

၎။ Sunmi

ယခင် Wonder Girls အဖွဲ့ဝင်ဟောင်း Sunmi ဟာ သူမရဲ့ပြီးပြည့်စုံတဲ့ကိုယ်ခန္ဓာအလှ၊ အပြစ်ပြောစရာမရှိတဲ့ဖက်ရှင်အမြင်တို့ကြောင့် ပရိတ်သတ်အတော်များများ နှစ်သက်ကြတာပါ။

ဒီလိုမျိုး အင်မတန်လှပပြီး ကြည့်ကောင်းနေတယ်ဆိုရင်တော့ လူတိုင်းကလိုက်လံအတုယူပြီး ၀တ်ဆင်ချင်တတ်ကြတာမဆန်းပါဘူး။

၅။ V (BTS)

တောင်ကိုရီးယားတွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေတဲ့ BTS အဖွဲ့ဝင် V ဟာ သာမန်ပရိတ်သတ်များသာမက အနုပညာရှင်အချင်းချင်းကပင် သဘောကျအတုယူရလောက်အောင် ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်တတ်သူတစ်ဦးပါ။

၆။ Jennie (BLACKPINK)

V နည်းတူပင် “လူသား Gucci” ဆိုပြီး နာမည်အတပ်ခံရလောက်အောင် စမတ်ကျကျဝတ်ဆင်တတ်တဲ့ BLACKPINK အဖွဲ့ဝင် Jennie ဟာ သူမရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူမ၀တ်စားထားသမျှ အ၀တ်အထည်တိုင်းအတွက် မော်ဒယ်လ်လုပ်ဖို့ အလွန်သင့်တော်လှပါတယ်။

ဒါကြောင့်လည်း ပရိတ်သတ်များက Jennie ရဲ့ဖက်ရှင်ကိုပဲ အချိန်ပြည့်စောင့်မျှော်နေကြပြီး လိုက်လံအတုယူနေကြရတာဖြစ်ပါတယ်။