မိန်းကလေးတိုင်းက ချစ်သူရလာပြီဆိုတာနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းပြီး ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ သိပ်ချစ်လွန်းတဲ့အခါ ချစ်သူမျက်နှာမပျက်ရလေအောင် ချစ်သူရဲ့လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတတ်ကြပါတယ်။ တစ်ခါတလေကျ ကိုယ့်ပျော်ရွှင်မှုကို မေ့လျော့သွားတဲ့အထိတောင်ပေါ့။

ဒါပေမယ့် ပျော်ရွှင်ခိုင်မြဲတဲ့အချစ်ရေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်တွေကို လုံးဝမဖြည့်ဆည်းပေးဖို့ အကြံပြုချင်ပါတယ်။

သူ့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ ကြိုးစားခြင်း

သူ့အလုပ်မှာ အဆင်မပြေတာကြောင့်ပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးအခက်အခဲရှိရင်ပဲဖြစ်ဖြစ် သူ့ရဲ့ပြဿနာတွေအကုန်လုံးကို သင်တစ်ယောက်တည်းကပဲ ဒိုင်ခံမဖြေရှင်းပေးပါနဲ့။ သူ့ကိုဒုက္ခတွင်းထဲက အမြဲတမ်းကယ်နေရတဲ့အခါ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို မှေးမှိန်သွားစေပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ သင်တို့လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင် ဘာဆုံးဖြတ်ချက်မှမချနိုင်တဲ့သူတစ်ယောက်ပဲ အဖတ်တင်သွားပါလိမ့်မယ်။ သင်မှတ်ထားရမယ့်အရာတစ်ခုက သင်ကအမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ အရာအားလုံးကိုဖြေရှင်းပေးနိုင်တဲ့ နတ်ဘုရားမ မဟုတ်ဘူးဆိုတာပါပဲ။

အမြဲတမ်း ဈေးကြီးတဲ့ လက်ဆောင်တွေပေးခြင်း

တန်ဖိုးတူညီတဲ့ လက်ဆောင်ကိုအပြန်အလှန်ပေးခြင်းကသာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ဘဲနဲ့ သင်ကဈေးကြီးတဲ့လက်ဆောင်တွေပေးပြီး သူကပြန်မပေးနိုင်တဲ့အခါ သူသိမ်ငယ်စိတ်ဝင်တာတို့ မကောင်းတဲ့ခံစားချက်တွေဝင်လာတဲ့အခါ သင်တို့သမီးရည်းစားဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် သင့်ချစ်သူက အကျင့်စာရိတ္တမကောင်းတဲ့သူတစ်ယောက်ဆိုရင် သူလိုချင်တာရဖို့အတွက် သင့်အချစ်ကို အသုံးချပါလိမ့်မယ်။

သူစိတ်ညစ်တဲ့အချိန်၊ ငိုချင်တဲ့အချိန်တွေမှာ မှီခိုလို့ရမယ့် ပုခုံးအဖြစ် ဖြစ်တည်နေခြင်း

မိန်းကလေးတွေကတော့ သနားချစ်နဲ့ချစ်တတ်ကြပေမယ့် ယောကျာ်းလေးတွေကတော့ သူတို့ကိုသနားစိတ်ဝင်တတ်တဲ့မိန်းကလေးတွေကို မချစ်တတ်ကြပါဘူး။ သင်က သူလိုအပ်တိုင်းအနားမှာရှိနေပေးခြင်းက သင်တို့အချစ်ရေးကိုခိုင်မြဲလာအောင် မကူညီပေးနိုင်ပါဘူး။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့ မိန်းကလေးတစ်ယောက်က သူ့ရဲ့လက်တွဲဖော်အတွက် အောင်မြင်မှုတွေရအောင် စိတ်အားထက်သန်မှုတွေ ကူးစက်အောင်ပြုလုပ်ပေးပါတယ်။ ဒါက အောင်မြင်တဲ့အချစ်ရေးရဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။

သဲ (ချစ်) ပြောခဲ့သားပဲလို့ ထပ်တလဲလဲပြောခြင်း

အကယ်၍ သင်ကရာနှုန်းပြည့်မှန်နေတယ်ဆိုရင်တောင် သဲ ဘာပြောခဲ့လဲ၊ သဲ ပြောခဲ့သားပဲ ဆိုတဲ့စကားကို ထပ်တလဲလဲပြောခြင်းက ရန်ပွဲအစပျိုးခြင်းပဲဖြစ်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် သင်က သင့်ချစ်သူထက် ပိုထက်မြက်တယ်လို့ ပြောချင်တာနဲ့တူနေပါတယ်။ အပေးအယူမျှတဲ့ အချစ်ရေးတစ်ခု တည်ဆောက်ချင်တယ်ဆိုရင်တော့ သင့်ချစ်သူကိုလည်း သူကအရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြသပေးပါ။

မိမိဝါသနာပါတဲ့အရာ၊ မိမိရဲ့လူမှုဘဝတစ်ခုလုံးကို စွန့်လွှတ်လိုက်ခြင်း

တစ်ချို့ကောင်မလေးတွေ ရှိပါတယ်။ ရည်စားရသွားတဲ့အခါ သူငယ်ချင်းတွေနဲ့ လျှောက်မလည်တော့တာတို့၊ ကိုယ်ဝါသနာပါတာတွေကို မလုပ်တော့ဘဲ ရည်းစားကိုပဲအချိန်ပေးနေရတာတို့ လုပ်တတ်ကြပါတယ်။ အဲ့လို လုံးဝမလုပ်မိပါစေနဲ့။ ကြာလာတဲ့အခါ သင့်ချစ်သူက သင့်ကိုစိတ်ဝင်စားမှုလျော့ကျသွားပါလိမ့်မယ်။ မိမိတိုးတက်ရာတိုးတက်ကြောင်းကိုလည်း ဦးစားပေးမယ်၊ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးလျှောက်လည်ဖို့လည်း အချိန်ပေးပါ။

မိမိရဲ့ပုံပန်းသွင်ပြင်ကို လုံးဝပြောင်းလဲလိုက်ခြင်း

မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူအရှေ့မှာ လှလှပပနဲ့ကြည့်ကောင်းနေချင်ကြတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ သင့်ကောင်လေးက သင့်ပုံပန်းသွင်ပြင်ကိုအတင်းအကြပ်ပြောင်းလဲဖို့ ဖိအားပေးလာပြီဆိုရင်တော့ လမ်းခွဲလိုက်ပါ။ သင် သူ့ကိုမလိုအပ်ပါဘူး။ ပုံပန်းသွင်ပြင်ကို ပြောင်းလဲခိုင်းတာမဟုတ်ဘဲ သင့်ရဲ့မကောင်းတဲ့အမူအကျင့်တွေကို မပြုလုပ်ဖို့ ဂရုတစိုက်တိုက်တွန်းတာဆိုရင်တော့ ခေါင်းမာမနေဘဲ ပြင်လို့ရရင် ပြင်ပေးလိုက်ပါ။ သင်တို့အချစ်ရေး ပိုမိုခိုင်မြဲလာဖို့ ကူညီပေးပါလိမ့်မယ်။

Source: Brightside.me