မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ ပျိုမေတို့ရေ။ အခုလိုမိုးတွင်းမှာ တစ်ချို့ဖိနပ်အမျိုးအစားတွေက ရေစိုတဲ့ဒဏ်ကြောင့် ကြာရှည်မခံဘဲ ပျက်စီးသွားတာမျိုးတွေ ရှိပါတယ်။ ကိုယ်က ဖိနပ်လှလှလေးဝယ်လိုက်ပေမယ့် မိုးဒဏ်ကိုမခံနိုင်တဲ့အခါ  ပိုက်ဆံဖြုန်းမိသလို ဖြစ်သွားပါလိမ့်မယ်။

ဒါမျိုးတွေ မဖြစ်ရအောင် မိုးတွင်းမှာ မ၀တ်သင့် ၊ မ၀ယ်သင့်တဲ့ ဖိနပ်အမျိုးအစားတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ Leather-soled (သားရေခံ) ဖိနပ်များ

Leather သားနဲ့ အောက်က sole အပြားခံထားတဲ့ဖိနပ်တွေဟာ ရေများများစုပ်နိုင်တဲ့အတွက် ရေစိုများတဲ့အခါ အောက်ခံ sole ပြားကွဲပြီး ကွာကျသွားတာတွေဖြစ်တတ်ပါတယ်။

၂။ ကတ္တီပါဖိနပ်များ

ကတ္တီပါသားဟာ အရမ်းနူးညံ့တဲ့အတွက် ရေကွက်တွေနဲ့ အစွန်းအထင်းတွေ လွယ်လွယ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကတ္တီပါလို နူးနူးညံ့ညံ့အသားတွေ မ၀တ်တာ ပိုကောင်းပါတယ်။

၃။ ဘွတ်ဖိနပ်ရှည်များ

မိုးတွင်းမှာတော့ မိန်းကလေးတော်တော်များများ ဖိနပ်ရှည်စီးရတာ အဆင်မပြေပါဘူး။ တကယ်လို့ ဘွတ်ဖိနပ်တစ်ရံလောက်စီးချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခြေချင်းဝတ်လောက်ထိပဲမြင့်တဲ့ ဖိနပ်မျိုး စီးသင့်ပါတယ်။

၎။ High Heels များ

မိုးတွင်းမှာ ဖိနပ်မြင့်မြင့်ဝတ်တာက ပုံမှန်ထက် ခြေချော်တာတွေ  ချော်လဲကျတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရပ်ရှည်သလိုမြင်ရဖို့ထက် သက်တောင့်သက်သာ ဖြစ်မယ့် ဖိနပ်တွေပဲဝတ်ပါ။

၅။ Canvas နဲ့ Sneaker ဖိနပ်များ

ကြိုးပါတဲ့ ချည်သားဖိနပ်တွေက ရေစိုဖို့လွယ်သလို ရေ၀င်တဲ့အခါ ဖိနပ်အလေးချိန် များသွားတတ်ပါတယ်။ မတော်တဆ ဗွက်တွေနင်းမိရင် အစွန်းအထင်းတွေဖြစ်နိုင်တဲ့အပြင် ရေပြန်ခြောက်ဖို့လည်းခက်တာကြောင့် မိုးတွင်းမှာ Sneaker မ၀တ်တာအကောင်းဆုံးပါပဲ။

၆။ ကြိုးသိုင်းဖိနပ်အပါးများ

မိုးတွင်းစီး ကွင်းထိုးနဲ့ ကြိုးသိုင်း ဖိနပ်အပါးတွေက ရေနဲ့ထိတဲ့အခါ ခဏခဏ အရှေ့ကို ခြေထောက် ချော်ထွက်တာမျိုး ဖြစ်နိုင်တဲ့အတွက် ၀တ်လို့အဆင်မပြေတာတွေရှိပါတယ်။

ဒါကြောင့် နောက်ပိတ်ကြိုး ပါတဲ့ ဖိနပ် ပိုပြီး ရေစိုခံ အကြမ်းခံမယ့် ဖိနပ်မျိုးရွေးဝယ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar