မိန်းကလေးတွေရဲ့ အလှအပကို အနှောင့်အယှက်ပေးတဲ့အရာတစ်မျိုးကတော့ အရေးအကြောင်းပါပဲ။ အသားအရေချောမွေ့ပြည့်စုံဖို့ အရေးအကြောင်းကင်းစင်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ်ရလာလေ အရေးအကြောင်းပိုဖြစ်လာလေပါပဲ။ အရေးအကြောင်းတွေကအသားအရေ အစိုဓာတ်လုံလောက်စွာမရလို့ ဖြစ်ပေါ်လာတာပါ။

ဒါကြောင့် Skin Care လုပ်ဖို့ ဆိုင်တွေ အထူးသွားစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ အရေးအကြောင်းဖယ်ရှားနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စူပါအစားအသောက်တွေကိုစားပါ

ကိုယ့်အသားအရေအတွက် မှန်ကန်တဲ့အစားအသောက်စားပေးခြင်းကလည်း အရေးအကြောင်းကင်းစင်စေပါတယ်။ အက်တီအောက်ဆီဒင့်ဖြစ်တဲ့ ဘလူးဘယ်ရီသီးတွေက ခန္ဓာကိုယ်ကော်လဂျင်ဓာတ်ရရှိစေပါတယ်။ နောက်ထပ် စူပါ အစားအသောက်တစ်မျိုးကတော့ ခရမ်းချဉ်သီးပါ။ ခရမ်းချဉ်သီးမှာ ဗီတာမင်စီပါဝင်ပြီး နေရောင်ခြည်ရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ Chia Seed ကလည်း အသားအရေအတွက် ကောင်းမွန်ပါတယ်။

၂။ ငှက်ပျောသီး Mask

ငှက်ပျောသီးက အရေပြားကို အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်အများအပြားပေးစွမ်းနိုင်ပါတယ်။ သင့်ချွေးပေါက်အတွက် ငှက်ပျောသီး Mask ကပ်ကြည့်ပါ။ ပုံမှန်သုံးပေးရင်တော့ အသားအရေစိုပြေလာပြီး အရေးအကြောင်းသက်သာလာစေပါတယ်။

၃။ သံပယိုသီးနဲ့ ကြက်ဥအကာ Mask

ဒီနှစ်မျိုးကလည်း အရေးကြောင်းဖယ်ရှားတဲ့နေရာမှာ အသုံးဝင်ပါသေးတယ်။ ကြက်ဥအကာမှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ သံပယိုသီးရဲ့ အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ အာနိသင်ဓာတ်တွေက မျက်နှာအရေပြားအတွက် အထူးသင့်လျော်ပါတယ်။ ဘတ်တီးရီးယားဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥအကာနဲ့ သံပယိုရည်ကို သုံးပြီး ပေါင်းတင်နိုင်ပါတယ်။

၎။ မျက်နှာကို ပုံမှန်နှိပ်နယ်ပေးတာ

မကြာခဏ နှိပ်နယ်ပေးတာက သင့်ခန္ဓာကိုယ်အတွက်တင်သာမက မျက်နှာအတွက်လည်းကောင်းမွန်ပါတယ်။ အများစုကတော့ နှိပ်တယ်ဆိုရင် ခန္ဓာကိုယ်လို့ ထင်နေကြမှာပါ။ သင့်မျက်နှာကြွက်သားတွေကို နှိပ်နယ်ပေးတာက မျက်နှာအကြောတွေကို ပြေလျော့စေပါတယ်။ တစ်နေ့ကို ငါးမိနစ်လောက်အချိန်ပေးပြီး မျက်နှာကို နှိပ်နယ်ပေးတဲ့ အကျင့်ပြုလုပ်ပေးပါ။

၅။ ရှားစောင်းလတ်ပတ်

ရှားစောင်းလတ်ပတ်ရဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေကတော့ အဆုံးမသတ်နိုင်ပါဘူး။ ရှားစောင်းလတ်ပတ်က ပျက်စီးတဲ့အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ရှားစောင်းလတ်ပတ်ကို နည်းလမ်းနှစ်မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ လက်တွေ့အကျဆုံး နည်းလမ်းကတော့ ရှားစောင်းလတ်ပတ်ရဲ့ ဂျယ်ကို ယူပြီး မျက်နှာမှာ တိုက်ရိုက်လိမ်းပေးတာပါ။ သင်က မျက်နှာမှာ လိမ်းရတာမကြိုက်ရင်တော့ ပုံမှန်ဆေးဝါးအနေနဲ့ သောက်နိုင်ပါတယ်။

၆။ သံပယိုရည်နဲ့ ပျားရည်အနည်းငယ်

အရေးအကြောင်းဖယ်ရှားဖို့ နောက်တစ်နည်းကတော့ သံပယိုသီးနဲ့ ပျားရည်သုံးတဲ့နည်းလမ်းပါ။ သံပယိုရည်နဲ့ ပျားရည်အနည်းငယ်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ထားပေးပါ။ ပြီးတာနဲ့ ရေဆေးချပေးပါ။ ဒီနည်းလမ်းက အသားအရေတင်းရင်းစေပါတယ်။ ကော်လဂျင်ထုတ်လုပ်ဖို့ ကူညီပေးပြီး အသားအရေကို စိုပြေစေပါတယ်။

Source: Herbeauty.co

By MyStyle Myanmar