[Zawgyi]

မိတ္ကပ္လိမ္းၾကလားရွင့္။ မိတ္ကပ္လိမ္းတာဟာ တကယ္ေတာ့ လွၿပီးသားသူေတြ ပိုၿပီးလွဖို႔နဲ႔ မိမိကိုယ္ကို ယံုၾကည္မႈရွိဖို႔ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ မိတ္ကပ္လိမ္းရာမွာ မိမိရဲ႕ သြင္ျပင္ကို ပိုၿပီးေပၚလြင္ထင္ရွားေစဖို႔ နည္းလမ္း (၆) ခုကို မွ်ေဝေပးပါမယ္။

Mascara နဲ႔ မ်က္ေတာင္အတုကို ေသခ်ာတပ္ပါ

Mascara ဆိုးတဲ့အခါ မ်က္ခြံအတြင္းဖက္ကေသခ်ာေလး ဆြဲေပးၿပီး မ်က္ေတာင္အတုကို တပ္ေပးပါ။ ေအာက္မွာ ႏွစ္ခုကြာျခားပံုကို ျပထားပါတယ္ေနာ္။

မ်က္ခံုးေမႊးကိုသိသာေအာင္ Concealer လိမ္းေပးပါ

မ်က္ခံုးေမႊးဆြဲၿပီးတဲ့အခါ မ်က္ခံုးေမႊးကို ပိုၿပီးထင္ရွားေအာင္ မ်က္ခံုးေမႊးေအာက္က Concealer လိမ္းေပးၿပီး ေသခ်ာ Blend လုပ္ေပးလုိက္ပါ။

မ်က္ႏွာက်ပံုေပၚေအာင္ Contour လိမ္းေပးလိုက္ပါ

သင့္ရဲ႕ မ်က္ႏွာပံုကို ပိုၿပီးေပၚေအာင္ Contour လိမ္းေပးပါ။ အဲဒီလို Contour လိမ္းေပးတာဟာ သင့္မ်က္ႏွာကို ပိုၿပီးေသးသြယ္သေယာင္ထင္ရေစမွာျဖစ္ပါတယ္။

Highlight လုပ္ပါ

သင့္မ်က္ႏွာကို Contour လိမ္းေပးရံုတင္မက သင့္ရဲ႕ ပါးရိုးေပၚ ႏွာေခါင္းရိုးေပၚ ေမးေစ့နားမွာ Highlighter လိမ္းေပးလိုက္ပါ။

Concealer သံုးပါ

သင့္မ်က္လံုးေအာက္ ႏွာေခါင္းရိုးနဲ႔ ေမးရိုး၊ နဖူးေပၚေတြမွာ Concealer လိမ္းေပးလိုက္ပါ။ Loose Powder လိမ္းေပးလို႔လည္းရပါတယ္။

နႈတ္ခမ္းနီ ကိုဒီလိုဆိုးပါ

နႈတ္ခမ္းနီတဲ့အခါ အရင္ဆံုး Primer ကိုအရင္လိမ္းေပးၿပီး ေသခ်ာ Blend လုပ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ Lip Liner ကိုအျပင္ကေန လိမ္းေပးၿပီး ႏႈတ္ခမ္းနီ ဆိုးလိုက္ပါ။

[Unicode]

မိတ်ကပ်လိမ်းကြလားရှင့်။ မိတ်ကပ်လိမ်းတာဟာ တကယ်တော့ လှပြီးသားသူတွေ ပိုပြီးလှဖို့နဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် မိတ်ကပ်လိမ်းရာမှာ မိမိရဲ့ သွင်ပြင်ကို ပိုပြီးပေါ်လွင်ထင်ရှားစေဖို့ နည်းလမ်း (၆) ခုကို မျှဝေပေးပါမယ်။

Mascara နဲ့ မျက်တောင်အတုကို သေချာတပ်ပါ

Mascara ဆိုးတဲ့အခါ မျက်ခွံအတွင်းဖက်ကသေချာလေး ဆွဲပေးပြီး မျက်တောင်အတုကို တပ်ပေးပါ။ အောက်မှာ နှစ်ခုကွာခြားပုံကို ပြထားပါတယ်နော်။

မျက်ခုံးမွှေးကိုသိသာအောင် Concealer လိမ်းပေးပါ

မျက်ခုံးမွှေးဆွဲပြီးတဲ့အခါ မျက်ခုံးမွှေးကို ပိုပြီးထင်ရှားအောင် မျက်ခုံးမွှေးအောက်က Concealer လိမ်းပေးပြီး သေချာ Blend လုပ်ပေးလိုက်ပါ။

မျက်နှာကျပုံပေါ်အောင် Contour လိမ်းပေးလိုက်ပါ

သင့်ရဲ့ မျက်နှာပုံကို ပိုပြီးပေါ်အောင် Contour လိမ်းပေးပါ။ အဲဒီလို Contour လိမ်းပေးတာဟာ သင့်မျက်နှာကို ပိုပြီးသေးသွယ်သယောင်ထင်ရစေမှာဖြစ်ပါတယ်။

Highlight လုပ်ပါ

သင့်မျက်နှာကို Contour လိမ်းပေးရုံတင်မက သင့်ရဲ့ ပါးရိုးပေါ် နှာခေါင်းရိုးပေါ် မေးစေ့နားမှာ Highlighter လိမ်းပေးလိုက်ပါ။

Concealer သုံးပါ

သင့်မျက်လုံးအောက် နှာခေါင်းရိုးနဲ့ မေးရိုး၊ နဖူးပေါ်တွေမှာ Concealer လိမ်းပေးလိုက်ပါ။ Loose Powder လိမ်းပေးလို့လည်းရပါတယ်။

နှုတ်ခမ်းနီ ကိုဒီလိုဆိုးပါ

နှုတ်ခမ်းနီတဲ့အခါ အရင်ဆုံး Primer ကိုအရင်လိမ်းပေးပြီး သေချာ Blend လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Lip Liner ကိုအပြင်ကနေ လိမ်းပေးပြီး နှုတ်ခမ်းနီ ဆိုးလိုက်ပါ။