ခန္ဓာကိုယ်မှာ အဆီတွေ အများဆုံး စုနေတဲ့ နေရာတွေကတော့ ဝမ်းဗိုက်နဲ့ တင်ပါးတို့ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ စုနေတဲ့ ထိုအဆီပိုတွေကို ဖယ်ဖျက်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ တင်ပါးမှာ အဆီပိုတွေ မရှိစေဖို့အတွက် Victoria’s Secret မော်ဒယ်လေးတွေ ပြုလုပ်လေ့ရှိတဲ့ တင်းပါးကျစ်စေတဲ့ လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

ခြေထောက်တစ်ဖက်ကို ပုံပါအတိုင်း အခြားဒူးတစ်ဖက်မှာ တင်ပေးလိုက်ပါ။ ပြီးရင် တင်ပါးကိုနောက်ပစ်ပြီး ထိုင်ချလိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။ အကြိမ်ရေပြည့်တဲ့အခါ အခြားတစ်ဖက်ကိုလည်း ပြောင်းလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ပုံပါအတိုင်း လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်တစ်ဖက်ကို မျက်နှာကျက်ပေါ်သို့ တွန်းတင်လိုက်ပါ။ ခြေထောက်တစ်ဖက်စီကို ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

မတ်မတ်ရပ်ကာ တံတောင်ကို ကွေးထားပါ။ ထို့နောက် ခုန်လိုက်ပါ။ ခုန်ပြီး ခြေထောက်ပြန်ချတဲ့အခါ တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

ဒူးနှစ်ဖက်ထောက်ထားပြီး တံတောင်ကိုလည်း ပုံပါအတိုင်းထောက်ပေးထားလိုက်ပါ။ ထို့နောက် ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်ပြီး ဘယ်ညာ ယိမ်းပေးလိုက်ပါ။ ထို့နောက် အခြားခြေထောက်တစ်ဖက်ကို ပြောင်းလုပ်ပေးလိုက်ပါ။ ခြေထောက်တစ်ဖက်စီကို စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

ခန္ဓာကိုယ်ကို ဘေးတစောင်း လှဲလျောင်းနေပါ။ ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး ကျန်ခြေထောက်တစ်ဖက်ကိုတော့ ရင်ဘတ်ဆီသို့ ဆွဲယူကာ ကွေးထားလိုက်ပါ။ ထို့နောက် ထိုကွေးထားသော ခြေထောက်ကို ၄၅ ဒီဂရီမြှောက်လိုက်ကာ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်လောက် ငြိမ်နေပါ။ ခြေထောက်တစ်ဖက်ချင်းစီကို ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၆)

ပုံပါအတိုင်း ခန္ဓာကိုယ်ကို လှဲလျောင်းနေပါ။ ဒူးတစ်ဖက်ကို ကွေးထားပါ။ ကျန်တစ်ဖက်ကို အပေါ်မြှောက်လိုက်ပါ။ နာရီလှည့်တံအတိုင်း လှည့်ပတ်ပေးလိုက်ပါ။ ခြေထောက်တစ်ဖက်ကို ၁၀ ကြိမ် ပြုလုပ်ပေးရပါမယ်။

Source: Brightside.me