(Zawgyi Version)

တစ္ခါတစ္ေလမွာ ကိုယ္သတိမထားမိပဲ ျပဳလုပ္မိေနတဲ့အရာေတြဟာ ကိုယ့္ကိုျပန္ၿပီးထိခိုက္ေစႏိုင္ပါတယ္။ ကိုယ္ကေတာ့ ဘာရယ္မဟုတ္ဘူးလုပ္လိုက္ေပမယ့္ တစ္ဖက္သူအတြက္က တစ္မ်ိဳးျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အရာရာကိုဆင္ျခင္လို႔ရေအာင္ အခ်စ္ေရးကိုထိခိုက္ေစႏိုင္တဲ့ အျပဳအမူေတြကို ေျပာျပေပးခ်င္ပါတယ္။ ဒီအျပဳအမူေတြကို ေန႔စဥ္လုပ္မိေနရင္ ၾကာလာတဲ့အခါမွာ ကိုယ့္အခ်စ္ေရးပဲ ထိခိုက္လာႏိုင္ပါတယ္။

တစ္ခုခုဆိုရင္ ကိုယ့္ကိုယ္ကိုစိတ္တိုင္းမက်ဘူး။ ကိုယ့္ကိုယ္ကိုမေကာင္းေျပာတယ္၊ အျပစ္ရွာတယ္၊ အျပစ္တင္တယ္၊ ကိုယ့္ကိုယ္ကိုပဲ ျပန္ၿပီးေဝဖန္ေနတယ္။ ကိုယ့္မွာရွိေနတဲ့အရာေတြနဲ႔ မေက်နပ္ႏိုင္ဘူး။ ဒီလိုေတြအၿမဲလုပ္မိ၊ ေျပာမိေနရင္ ၾကာလာတဲ့အခါ ကိုယ့္ခ်စ္သူက ၿငီးေငြ႔ၿပီးစိတ္ပ်က္သြားႏိုင္ပါတယ္။

ကိုယ့္ခ်စ္သူက စကားအေကာင္းေျပာေနခ်ိန္၊ ေပ်ာ္စရာအမွတ္တရေတြလုပ္ေနခ်ိန္မွာ အရင္ကျဖစ္ခဲ့တာေတြ၊ အရင္ကမွားခဲ့တာေတြကို ျပန္ေျပာၿပီး စိတ္ဆိုးတာ၊ စိတ္ေကာက္တာေတြလည္း မလုပ္မိပါေစနဲ႔။ အၿမဲတမ္း အရင္အေၾကာင္းေတြပဲ ျပန္ျပန္ေျပာၿပီး ျပႆနာရွာေနရင္ တစ္ဖက္လူက စိတ္ကုန္လာႏိုင္ပါတယ္။

ကိုယ့္ခ်စ္သူကိုလည္း တစ္ခုခုဆိုရင္ အၿမဲေဝဖန္တာမ်ိဳး။ စကားေျပာလိုက္တုိင္းမွာ တစ္ဖက္လူစိတ္ညစ္ေအာင္ ေျပာတာမ်ိဳး။ တစ္ခုခုလုပ္လိုက္တိုင္းမွာ အၿမဲမေကာင္းေျပာၿပီး အျပစ္တင္ေဝဖန္တာမ်ိဳးေတြ ခဏခဏလုပ္ေနရင္ ဘယ္ေလာက္သည္းခံႏိုင္တဲ့သူပဲျဖစ္ျဖစ္ ၾကာလာရင္ သင့္အေပၚမွာ စိတ္ကုန္လာႏိုင္ပါတယ္။

အခ်ိန္တိုင္းလိုက္ၿပီး ေသးေသးေလးကအစ ကိုယ့္ခ်စ္သူကို တျခားသူေတြနဲ႔ ႏိႈင္းယွဥ္ၿပီး မေျပာပါနဲ႔။ ကိုယ့္ကိုတျခားသူနဲ႔ႏိႈင္းေျပာတာ ဘယ္သူ႔မွမႀကိဳက္ပါဘူး။ တခ်ိဳ႔က ဘာမဟုတ္တဲ့ေသးေသးေလးကအစ လိုက္ႏိႈင္းယွဥ္ၿပီး ေျပာတတ္ပါတယ္။ ဒီအျပဳအမူေတြဟာ ၾကာလာရင္ အခ်စ္ေရးကို ထိခိုက္လာမွာပါ။

ခ်စ္သူဆိုတာနဲ႔တင္ အရာရာကိုလိုက္ၿပီး Control လုပ္လို႔မရပါဘူး။ ကိုယ့္အခ်စ္ေရးကုိ ထိခိုက္ေစမယ့္အရာမ်ိဳးဆိုရင္ေတာ့ တားရမယ္၊ ေျပာရမယ္၊ Control လုပ္ရမယ္။ ဒါေပမယ့္ တခ်ိဳ႔အရာေတြက်ေတာ့ အေသးစိတ္လိုက္ၿပီး တစ္ခုခ်င္းစီ Control လုပ္တာမ်ိဳး၊ လုိက္ၾကည့္ၿပီး ေျပာဆိုေနတာမ်ိဳး မလုပ္သင့္ပါဘူး။

ကိုယ့္စိတ္ထဲမေက်နပ္တာရွိရင္၊ စိတ္ထဲမတင္မက်ျဖစ္ေနတာရွိရင္ ပြင့္ပြင့္လင္းလင္းေျပာပါ။ တိုက္ရိုက္မေျပာခ်င္ရင္ေတာင္ Hints ေလးေပးလိုက္ပါ။ ဒါမွ တစ္ဖက္လူလည္း ရွင္းျပလို႔ရမယ္။ သူ႔အမွားသူျပင္လို႔ရမယ္။ မေျပာပဲ ဒီတိုင္းေနရင္ တစ္ဖက္လူကလည္း ဘာျဖစ္ေနမွန္းသိမွာ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္မပြင့္လင္းတာေတြက ၾကာလာရင္ မေကာင္းပါဘူးေနာ္။

Photo Source: www.brightside.me

(Unicode Version)

တစ်ခါတစ်လေမှာ ကိုယ်သတိမထားမိပဲ ပြုလုပ်မိနေတဲ့အရာတွေဟာ ကိုယ့်ကိုပြန်ပြီးထိခိုက်စေနိုင်ပါတယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူးလုပ်လိုက်ပေမယ့် တစ်ဖက်သူအတွက်က တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အရာရာကိုဆင်ခြင်လို့ရအောင် အချစ်ရေးကိုထိခိုက်စေနိုင်တဲ့ အပြုအမူတွေကို ပြောပြပေးချင်ပါတယ်။ ဒီအပြုအမူတွေကို နေ့စဉ်လုပ်မိနေရင် ကြာလာတဲ့အခါမှာ ကိုယ့်အချစ်ရေးပဲ ထိခိုက်လာနိုင်ပါတယ်။

တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုစိတ်တိုင်းမကျဘူး။ ကိုယ့်ကိုယ်ကိုမကောင်းပြောတယ်၊ အပြစ်ရှာတယ်၊ အပြစ်တင်တယ်၊ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီးဝေဖန်နေတယ်။ ကိုယ့်မှာရှိနေတဲ့အရာတွေနဲ့ မကျေနပ်နိုင်ဘူး။ ဒီလိုတွေအမြဲလုပ်မိ၊ ပြောမိနေရင် ကြာလာတဲ့အခါ ကိုယ့်ချစ်သူက ငြီးငွေ့ပြီးစိတ်ပျက်သွားနိုင်ပါတယ်။

ကိုယ့်ချစ်သူက စကားအကောင်းပြောနေချိန်၊ ပျော်စရာအမှတ်တရတွေလုပ်နေချိန်မှာ အရင်ကဖြစ်ခဲ့တာတွေ၊ အရင်ကမှားခဲ့တာတွေကို ပြန်ပြောပြီး စိတ်ဆိုးတာ၊ စိတ်ကောက်တာတွေလည်း မလုပ်မိပါစေနဲ့။ အမြဲတမ်း အရင်အကြောင်းတွေပဲ ပြန်ပြန်ပြောပြီး ပြဿနာရှာနေရင် တစ်ဖက်လူက စိတ်ကုန်လာနိုင်ပါတယ်။

ကိုယ့်ချစ်သူကိုလည်း တစ်ခုခုဆိုရင် အမြဲဝေဖန်တာမျိုး။ စကားပြောလိုက်တိုင်းမှာ တစ်ဖက်လူစိတ်ညစ်အောင် ပြောတာမျိုး။ တစ်ခုခုလုပ်လိုက်တိုင်းမှာ အမြဲမကောင်းပြောပြီး အပြစ်တင်ဝေဖန်တာမျိုးတွေ ခဏခဏလုပ်နေရင် ဘယ်လောက်သည်းခံနိုင်တဲ့သူပဲဖြစ်ဖြစ် ကြာလာရင် သင့်အပေါ်မှာ စိတ်ကုန်လာနိုင်ပါတယ်။

အချိန်တိုင်းလိုက်ပြီး သေးသေးလေးကအစ ကိုယ့်ချစ်သူကို တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး မပြောပါနဲ့။ ကိုယ့်ကိုတခြားသူနဲ့နှိုင်းပြောတာ ဘယ်သူ့မှမကြိုက်ပါဘူး။ တချို့က ဘာမဟုတ်တဲ့သေးသေးလေးကအစ လိုက်နှိုင်းယှဉ်ပြီး ပြောတတ်ပါတယ်။ ဒီအပြုအမူတွေဟာ ကြာလာရင် အချစ်ရေးကို ထိခိုက်လာမှာပါ။

ချစ်သူဆိုတာနဲ့တင် အရာရာကိုလိုက်ပြီး Control လုပ်လို့မရပါဘူး။ ကိုယ့်အချစ်ရေးကို ထိခိုက်စေမယ့်အရာမျိုးဆိုရင်တော့ တားရမယ်၊ ပြောရမယ်၊ Control လုပ်ရမယ်။ ဒါပေမယ့် တချို့အရာတွေကျတော့ အသေးစိတ်လိုက်ပြီး တစ်ခုချင်းစီ Control လုပ်တာမျိုး၊ လိုက်ကြည့်ပြီး ပြောဆိုနေတာမျိုး မလုပ်သင့်ပါဘူး။

ကိုယ့်စိတ်ထဲမကျေနပ်တာရှိရင်၊ စိတ်ထဲမတင်မကျဖြစ်နေတာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ တိုက်ရိုက်မပြောချင်ရင်တောင် Hints လေးပေးလိုက်ပါ။ ဒါမှ တစ်ဖက်လူလည်း ရှင်းပြလို့ရမယ်။ သူ့အမှားသူပြင်လို့ရမယ်။ မပြောပဲ ဒီတိုင်းနေရင် တစ်ဖက်လူကလည်း ဘာဖြစ်နေမှန်းသိမှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်မပွင့်လင်းတာတွေက ကြာလာရင် မကောင်းပါဘူးနော်။

Photo Source: www.brightside.me