[Zawgyi]

အားလံုးပဲ မဂၤလာပါ။ လွပၿပီး ဆြဲေဆာင္မႈ႐ွိတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ဖို႔ အခ်ိန္ကုန္ ေငြကုန္စရာမလိုပါဘူး။ စကၠန္႔ပိုင္းအတြင္းမွာပဲ ျပစ္မ်ိဳးမွဲ႔မထင္လွပသြားေအာင္ ကူညီေပးႏိုင္မယ့္ နည္းလမ္းေလးေတြ႐ွိပါတယ္။

ဘယ္လိုနည္းလမ္းေလးေတြျဖစ္မလဲဆိုတာ အတူတူေလ့လာၾကည့္လိုက္ရေအာင္ေနာ္။

နႈတ္ခမ္းေထာင့္ကို ႏႈတ္ခမ္းနီ ဘယ္လိုဆိုးေပးရမလဲ

နႈတ္ခမ္းေထာင့္ကို ႏႈတ္ခမ္းနီအတင္းလိုက္ဆိုးတဲ့အခါ ႏႈတ္ခမ္းေဘးနားေတြက ေပက်ံကုန္ပါတယ္။ ဒါဆိုရင္ ဂြမ္းၾကပ္တံေလးကို ပံုထဲကအတိုင္း ကိုက္ထားၿပီး ႏႈတ္ခမ္းနီဆိုးေပးလိုက္ပါ။

ေရစိုခံ မ်က္ေတာင္ေကာ့ေဆးကို အလြယ္တကူ ဖ်က္ႏိုင္မယ့္ နည္းလမ္း

မိတ္ကပ္ဖ်က္တဲ့အခါ ေရစိုခံမိတ္ကပ္ေတြက ဖ်က္ရခက္ပါတယ္။ အတင္းပြတ္တိုက္ၿပီး ဖ်က္မယ္ဆိုရင္လည္း မ်က္ေတာင္ေမႊးေလးေတြ အားနည္းၿပီး ဖ်က္စီးသြားတတ္တာေၾကာင့္ ေရစိုခံ မ်က္ေတာင္ေကာ့ေဆးမလိမ္းခင္မွာ ႐ိုး႐ိုးမာစကာရာကို အရင္လိမ္းေပးပါ။ ဒုတိယတစ္ထပ္က်မွ ေရစိုခံမ်က္ေတာင္ေကာ့ေဆး ထပ္ဆိုးေပးလိုက္ပါ။

ေရာင္ေျပးႏႈတ္ခမ္းနီေလး ဘယ္လိုဆိုးၾကမလဲ

အရင္ဆံုး နႈတ္ခမ္းနီအျပည့္ဆိုးၿပီး ဂြမ္းၾကပ္တံေလးနဲ႔ ကြန္စီလာေလးကို အခုလိုပဲ အစက္ခ်ၿပီး တို႔ေပးလိုက္ပါ။ ၿပီးရင္ ဂြမ္းၾကမ္တံရဲ႕ အျခားတစ္ဖက္နဲ႔ ကြန္စီလာအစက္ေလးေတြကို ပြတ္တိုက္ေပးလိုက္ပါ။

မိတ္ကပ္ဘရက္႐ွ္ေတြကို ျမန္ျမန္ေဆးနည္း

မိတ္ကပ္ဘရက္႐ွ္ေလးေတြက တစ္ပတ္ကို တစ္ႀကိမ္ ပံုမွန္ေဆးေၾကာ သန္႔စင္ေပးရပါမယ္။ ဒါမွ အသားအေရမပ်က္စီးမွာပါ။ အရင္ဆံုး ဇလံုထဲကို ေရထည့္ထားၿပီး ဆပ္ျပာအရည္ကုိ ေရထဲထည့္လိုက္ပါ။ ၿပီးရင္ ဇကာေလးခံၿပီး ဘရက္႐ွ္ကို ဆပ္ျပာေရထဲမွာ ပြတ္တိုက္ေပးလိုက္ပါ။ ဘရက္႐ွ္က အသစ္အတိုင္းျဖစ္သြားပါလိမ့္မယ္။

မ်က္ခံုးေမႊးရိတ္တာ အ႐ွိန္လြန္သြားလို႔ က်ိဳးတိုးက်ဲတဲျဖစ္သြားတဲ့အခါ

မ်က္ခံုးေမႊးပါးတဲ့သူေတြလည္း ဒီနည္းလမ္းေလးကို အသံုးျပဳလုိ႔ရပါတယ္။ အရင္ဆံုး ပန္ကန္လံုးထဲကို မ်က္ေတာင္ေမႊးအတုေတြကို ကတ္ေၾကးနဲ႔ညွပ္ခ်ေပးလိုက္ပါ။ အစိတ္စိတ္အမႊာမႊာျဖစ္သြားတဲ့ မ်က္ေတာင္ေမႊးေတြကို မိတ္ကပ္လိမ္းတဲ့အခါ အသံုးျပဳတဲ့ေကာ္နဲ႔ ကပ္လိုက္ၿပီး ဘရက္႐ွ္ေလးနဲ႔ မ်က္ခံုးေမႊးေတြၾကားလိုက္ကပ္ေပးလိုက္ပါ။

နႈတ္ခမ္းနီေျခာက္သြားတဲ့အခါ၊ ျပစ္ခဲသြားတဲ့အခါ ဘယ္လိုလုပ္ရမလဲ

ေရေႏြးပူထဲကို နႈတ္ခမ္းနီေတာင့္ေလးထည့္ၿပီး ၃ မိနစ္ခန္႔ေစာင့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ႏႈတ္ခမ္းနီေတာင့္ကို ပံုမွန္အတိုင္းအသံုးျပဳေပးလို႔ရပါၿပီ။

Source: Brightside.me

[Unicode]

အားလုံးပဲ မင်္ဂလာပါ။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အချိန်ကုန် ငွေကုန်စရာမလိုပါဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြစ်မျိုးမှဲ့မထင်လှပသွားအောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

ဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

နှုတ်ခမ်းထောင့်ကို နှုတ်ခမ်းနီ ဘယ်လိုဆိုးပေးရမလဲ

နှုတ်ခမ်းထောင့်ကို နှုတ်ခမ်းနီအတင်းလိုက်ဆိုးတဲ့အခါ နှုတ်ခမ်းဘေးနားတွေက ပေကျံကုန်ပါတယ်။ ဒါဆိုရင် ဂွမ်းကြပ်တံလေးကို ပုံထဲကအတိုင်း ကိုက်ထားပြီး နှုတ်ခမ်းနီဆိုးပေးလိုက်ပါ။

ရေစိုခံ မျက်တောင်ကော့ဆေးကို အလွယ်တကူ ဖျက်နိုင်မယ့် နည်းလမ်း

မိတ်ကပ်ဖျက်တဲ့အခါ ရေစိုခံမိတ်ကပ်တွေက ဖျက်ရခက်ပါတယ်။ အတင်းပွတ်တိုက်ပြီး ဖျက်မယ်ဆိုရင်လည်း မျက်တောင်မွှေးလေးတွေ အားနည်းပြီး ဖျက်စီးသွားတတ်တာကြောင့် ရေစိုခံ မျက်တောင်ကော့ဆေးမလိမ်းခင်မှာ ရိုးရိုးမာစကာရာကို အရင်လိမ်းပေးပါ။ ဒုတိယတစ်ထပ်ကျမှ ရေစိုခံမျက်တောင်ကော့ဆေး ထပ်ဆိုးပေးလိုက်ပါ။

ရောင်ပြေးနှုတ်ခမ်းနီလေး ဘယ်လိုဆိုးကြမလဲ

အရင်ဆုံး နှုတ်ခမ်းနီအပြည့်ဆိုးပြီး ဂွမ်းကြပ်တံလေးနဲ့ ကွန်စီလာလေးကို အခုလိုပဲ အစက်ချပြီး တို့ပေးလိုက်ပါ။ ပြီးရင် ဂွမ်းကြမ်တံရဲ့ အခြားတစ်ဖက်နဲ့ ကွန်စီလာအစက်လေးတွေကို ပွတ်တိုက်ပေးလိုက်ပါ။

မိတ်ကပ်ဘရက်ရှ်တွေကို မြန်မြန်ဆေးနည်း

မိတ်ကပ်ဘရက်ရှ်လေးတွေက တစ်ပတ်ကို တစ်ကြိမ် ပုံမှန်ဆေးကြော သန့်စင်ပေးရပါမယ်။ ဒါမှ အသားအရေမပျက်စီးမှာပါ။ အရင်ဆုံး ဇလုံထဲကို ရေထည့်ထားပြီး ဆပ်ပြာအရည်ကို ရေထဲထည့်လိုက်ပါ။ ပြီးရင် ဇကာလေးခံပြီး ဘရက်ရှ်ကို ဆပ်ပြာရေထဲမှာ ပွတ်တိုက်ပေးလိုက်ပါ။ ဘရက်ရှ်က အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။

မျက်ခုံးမွှေးရိတ်တာ အရှိန်လွန်သွားလို့ ကျိုးတိုးကျဲတဲဖြစ်သွားတဲ့အခါ

မျက်ခုံးမွှေးပါးတဲ့သူတွေလည်း ဒီနည်းလမ်းလေးကို အသုံးပြုလို့ရပါတယ်။ အရင်ဆုံး ပန်ကန်လုံးထဲကို မျက်တောင်မွှေးအတုတွေကို ကတ်ကြေးနဲ့ညှပ်ချပေးလိုက်ပါ။ အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့ မျက်တောင်မွှေးတွေကို မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ကော်နဲ့ ကပ်လိုက်ပြီး ဘရက်ရှ်လေးနဲ့ မျက်ခုံးမွှေးတွေကြားလိုက်ကပ်ပေးလိုက်ပါ။

နှုတ်ခမ်းနီခြောက်သွားတဲ့အခါ၊ ပြစ်ခဲသွားတဲ့အခါ ဘယ်လိုလုပ်ရမလဲ

ရေနွေးပူထဲကို နှုတ်ခမ်းနီတောင့်လေးထည့်ပြီး ၃ မိနစ်ခန့်စောင့်ပေးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းနီတောင့်ကို ပုံမှန်အတိုင်းအသုံးပြုပေးလို့ရပါပြီ။

Source: Brightside.me