[Zawgyi]

သင္က အျခားသူတစ္ေယာက္ရဲ႕ အျမင္မွာ ဆြဲေဆာင္မႈ႐ွိျခင္း မ႐ွိျခင္းသည္ သင့္ရဲ႕ ႐ုုပ္ရည္ေခ်ာေမာလွပမႈက အဓိက မက်ပါဘူး။ သင့္ရဲ႕ အျပဳအမူ၊ စိတ္ေနစိတ္ထားနဲ႔သာ သက္ဆိုင္ပါတယ္။ မေကာင္းတဲ့ အမူအက်င့္ဆိုးေတြေၾကာင့္ သင္နဲ႔ စကားမေျပာခ်င္ေအာင္၊ သင့္အနားက ေ႐ွာင္ေျပးသြားေစပါတယ္။

အခုေဖာ္ျပေပးသြားမွာကေတာ့ စာဖတ္သူတို႔အတြက္ ပထမဆံုးခ်ိန္းေတြ႔တဲ့အခါ မျပဳလုပ္သင့္တဲ့ အျပဳအမူတခ်ိဳ႕ပဲျဖစ္ပါတယ္။

အိပ္ေရးပ်က္ျခင္း

ညဘက္မွာ အိပ္ေရးဝဝ မအိပ္ထားဘူးဆိုရင္ သင့္ပံုစံက သုုန္မႈန္ေနၿပီးေတာ့ ဆြဲေဆာင္မႈကို ေလ်ာ့က်ေစပါတယ္။ လူေတြရဲ႕ မသိစိတ္ထဲမွာ ကိန္းေအာင္းေနတဲ့ အရာတစ္ခုုက ဘာလဲဆိုရင္ နာမက်န္းျဖစ္တဲ့႐ုုပ္ေပါက္ေနတဲ့သူကို ေ႐ွာင္ဖယ္ခ်င္တဲ့ သေဘာပါပဲ။

စိတ္ဖိစီးျခင္း

အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္၊ အေၾကာင္းတစ္ခုုခုုေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ဖိစီးမႈ ခံစားေနရျခင္းကလည္း သင့္ပံုပန္းသြင္ျပင္ကို ဆိုးရြားေစၿပီး ဆြဲေဆာင္မႈေလ်ာ့က်ေစပါတယ္။

ဝါသနာပါသည့္အရာ တစ္ခုုမွ မ႐ွိျခင္း

သင္ စိတ္ဝင္စားေနတဲ့သူကို ဆြဲေဆာင္ဖို႔အတြက္ ႐ုုပ္႐ည္က အပ်ံစားေခ်ာေမာလွပေနဖို႔ မလိုပါဘူး။ ေလ့လာေတြ႔႐ွိခ်က္အရ တီထြင္ဖန္တီးႏိုင္စြမ္း႐ွိတဲ့သူက ႐ုပ္ရည္ေခ်ာေမာလွပတဲ့သူလိုပဲ ဆြဲေဆာင္မႈ ႐ွိၾကပါတယ္။

သြားက်န္းမာေရး

ပထမဆံုး ဒိတ္လုပ္တဲ့အခါမွာ ခံတြင္းအနံ႔အသက္ေကာင္းမြန္ျခင္း၊ သြားမ်ား က်န္းမာႀကံ႕ခိုင္မႈ႐ွိျခင္းကလည္း အေရးႀကီးပါတယ္။

အေလ့အက်င့္ဆိုး

ခ်ိန္းေတြ႔တဲ့အခါ မုုန္႔အတူစားၾကတဲ့ အတြဲေတြ ႐ွိၾကမွာပါ။ အဲ့ဒီလို အစားစားတဲ့အခါ ပါးစပ္က အသံျမည္ေအာင္စားျခင္းကေတာ့ မျပဳလုုပ္သင့္တဲ့ အေလ့အက်င့္ဆိုးပါပဲ။ ဒါ့အျပင္ ညစာ အတူစားေနခ်ိန္မွာ ဖုုန္းေျပာျခင္း၊ ဖုုန္းသံုးျခင္း အျခားသူ ပန္းကန္မွ အစား အစာမ်ား ႏႈိက္စားျခင္းေတြကိုလည္း ေ႐ွာင္ၾကဥ္သင့္ပါတယ္။ ဒါ့အျပင္ ၾကက္သြန္ျဖဴ ဘယ္ေလာက္ပဲႀကိဳက္ႀကိဳက္ ေအာင့္အည္းသည္းခံတဲ့အေနနဲ႔ လံုးဝမစားရဘူးေနာ္။

႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ စြန္႔စားမႈ

ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြက သတၱိ႐ွိ႐ွိနဲ႔ စြန္႔စားမႈျပဳလုပ္တဲ့ အမ်ိဳးသားေတြကို ဒဲ့ေၾကြပါတယ္။ ဒါေပမဲ့ ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ စြန္႔စားမႈေတြေတာ့ မဟုတ္ဘူးေပါ့။ ဥပမာ အႏၱရာယ္႐ွိတဲ့ အားကစားျပဳလုုပ္ျခင္း၊ သတၱရွိေၾကာင္းျပခ်င္တဲ့အေနနဲ႔ ကားကို ၾကမ္းၾကမ္းတင္းတင္းေမာင္းျခင္းေတြက သတၱိ႐ွိတယ္လို႔ ယူဆလို႔မရပါဘူး။ အႏၱရယ္တစ္စံုတစ္ခုု က်ေရာက္လာလို႔ (ဥပမာ မီးၿငိမ္းသတ္ျခင္း) မိမိအသက္ကို စြန္႔စားတာမ်ိဳးကို သူရဲေကာင္းအျဖစ္သတ္မွတ္ၿပီး မိန္းကေလးေတြက ဒဲ့ေရာ ေဘးတေစာင္းပါ ေၾကြၾကပါတယ္တဲ့။

Source: Brightside.me

[Unicode]

သင်က အခြားသူတစ်ယောက်ရဲ့ အမြင်မှာ ဆွဲဆောင်မှုရှိခြင်း မရှိခြင်းသည် သင့်ရဲ့ ရုပ်ရည်ချောမောလှပမှုက အဓိက မကျပါဘူး။ သင့်ရဲ့ အပြုအမူ၊ စိတ်နေစိတ်ထားနဲ့သာ သက်ဆိုင်ပါတယ်။ မကောင်းတဲ့ အမူအကျင့်ဆိုးတွေကြောင့် သင်နဲ့ စကားမပြောချင်အောင်၊ သင့်အနားက ရှောင်ပြေးသွားစေပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ စာဖတ်သူတို့အတွက် ပထမဆုံးချိန်းတွေ့တဲ့အခါ မပြုလုပ်သင့်တဲ့ အပြုအမူတချို့ပဲဖြစ်ပါတယ်။

အိပ်ရေးပျက်ခြင်း

ညဘက်မှာ အိပ်ရေးဝဝ မအိပ်ထားဘူးဆိုရင် သင့်ပုံစံက သုန်မှုန်နေပြီးတော့ ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။ လူတွေရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတစ်ခုက ဘာလဲဆိုရင် နာမကျန်းဖြစ်တဲ့ရုပ်ပေါက်နေတဲ့သူကို ရှောင်ဖယ်ချင်တဲ့ သဘောပါပဲ။

စိတ်ဖိစီးခြင်း

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှု ခံစားနေရခြင်းကလည်း သင့်ပုံပန်းသွင်ပြင်ကို ဆိုးရွားစေပြီး ဆွဲဆောင်မှုလျော့ကျစေပါတယ်။

ဝါသနာပါသည့်အရာ တစ်ခုမှ မရှိခြင်း

သင် စိတ်ဝင်စားနေတဲ့သူကို ဆွဲဆောင်ဖို့အတွက် ရုပ်ရည်က အပျံစားချောမောလှပနေဖို့ မလိုပါဘူး။ လေ့လာတွေ့ရှိချက်အရ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူက ရုပ်ရည်ချောမောလှပတဲ့သူလိုပဲ ဆွဲဆောင်မှု ရှိကြပါတယ်။

သွားကျန်းမာရေး

ပထမဆုံး ဒိတ်လုပ်တဲ့အခါမှာ ခံတွင်းအနံ့အသက်ကောင်းမွန်ခြင်း၊ သွားများ ကျန်းမာကြံ့ခိုင်မှုရှိခြင်းကလည်း အရေးကြီးပါတယ်။

အလေ့အကျင့်ဆိုး

ချိန်းတွေ့တဲ့အခါ မုန့်အတူစားကြတဲ့ အတွဲတွေ ရှိကြမှာပါ။ အဲ့ဒီလို အစားစားတဲ့အခါ ပါးစပ်က အသံမြည်အောင်စားခြင်းကတော့ မပြုလုပ်သင့်တဲ့ အလေ့အကျင့်ဆိုးပါပဲ။ ဒါ့အပြင် ညစာ အတူစားနေချိန်မှာ ဖုန်းပြောခြင်း၊ ဖုန်းသုံးခြင်း အခြားသူ ပန်းကန်မှ အစား အစာများ နှိုက်စားခြင်းတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူ ဘယ်လောက်ပဲကြိုက်ကြိုက် အောင့်အည်းသည်းခံတဲ့အနေနဲ့ လုံးဝမစားရဘူးနော်။

ရူးကြောင်ကြောင်နိုင်တဲ့ စွန့်စားမှု

လေ့လာချက်တွေအရ အမျိုးသမီးတွေက သတ္တိရှိရှိနဲ့ စွန့်စားမှုပြုလုပ်တဲ့ အမျိုးသားတွေကို ဒဲ့ကြွေပါတယ်။ ဒါပေမဲ့ ရူးကြောင်ကြောင်နိုင်တဲ့ စွန့်စားမှုတွေတော့ မဟုတ်ဘူးပေါ့။ ဥပမာ အန္တရာယ်ရှိတဲ့ အားကစားပြုလုပ်ခြင်း၊ သတ္တရှိကြောင်းပြချင်တဲ့အနေနဲ့ ကားကို ကြမ်းကြမ်းတင်းတင်းမောင်းခြင်းတွေက သတ္တိရှိတယ်လို့ ယူဆလို့မရပါဘူး။ အန္တရယ်တစ်စုံတစ်ခု ကျရောက်လာလို့ (ဥပမာ မီးငြိမ်းသတ်ခြင်း) မိမိအသက်ကို စွန့်စားတာမျိုးကို သူရဲကောင်းအဖြစ်သတ်မှတ်ပြီး မိန်းကလေးတွေက ဒဲ့ရော ဘေးတစောင်းပါ ကြွေကြပါတယ်တဲ့။

Source: Brightside.me