ကျန်းမာစိုပြေတဲ့ အသားအရေကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ မိန်းကလေးတွေကြားမှာ ရေပန်းစားနေတဲ့ အသားအရေထိန်းသိမ်းနည်းတွေကတော့ အမျိုးမျိုးပါပဲ။ စိုပြေတဲ့အသားအရေရရှိဖို့ ရေခဲတုံးနဲ့ ပွတ်တာကိုလည်း ပြုလုပ်သင့်ပါတယ်။

ရေခဲကပ်ခြင်းက မျက်နှာကို လန်းဆန်းစေပါတယ်။ အရေးအကြောင်းတွေကို တိုက်ထုတ်ပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ ဒီအကျိုးတွေကြောင့်လည်း အသားအရေကျန်းမာလာခြင်းပါ။

ရေခဲကပ်တာကို မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပြုလုပ်သင့်ပါတယ်။ ရေခဲကပ်တာက ဈေးကြီးပေးစရာမလိုဘဲ အိမ်မှာပဲပြုလုပ်နိုင်တဲ့ အသားအရေထိန်းသိမ်းနည်းပါ။

ကိုယ့်အိမ်မှာပဲ ရေခဲတုံးနဲ့ အသားအရေဘယ်လိုထိန်းသိမ်းမလဲ

၁။ သင့်မျက်နှာကို သေချာသစ်ပေးပါ။

၂။ ရေခဲတုံးတစ်တုံး ဒါမှမဟုတ် နှစ်တုံးကို နူးညံ့တဲ့အဝတ်စထဲမှာ ထည့်ပတ်လိုက်ပါ။

၃။ ရေခဲအရေပျော်ပြီး အဝတ်စိုသွားတဲ့အထိ စောင့်ပေးပါ။ ပြီးတာနဲ့ မျက်နှာကိုပွတ်ပါ။

၎။ မျက်နှာတစ်ခုလုံးကို ၁ မိနစ်ကနေ ၂ မိနစ် ပွတ်ပေးပါ။

၅။ စက်ဝိုင်းပုံစံပွတ်ပေးပါ။ မေးစေ့နဲ့ မေးရိုးအထက်တက်သွားတဲ့ ပုံစံနဲ့ပွတ်ပါ။ ပါးအပေါ်၊ နဖူးနဲ့ နှာခေါင်းကို ပွတ်ပေးပါ။ မျက်လုံးအောက်နေရာကိုတော့ သတိထားပေးပါ။

၆။ ဒီလိုလုပ်ပြီးတာနဲ့ အစိုဓာတ်ထိန်းခရင် လိမ်းပေးပါ။

ရေခဲပွတ်ခြင်းရဲ့ ကောင်းကျိုး ၆ မျိုး

၁။ အသားအရေချောမွတ်စေခြင်း

ချွေးပေါက်ကျယ်တာက အသားအရေအတွက်မကောင်းပါဘူး။ ချွေးပေါက်တွေက အဆီပိုတွေနဲ့ပိတ်သွားပြီး ဝက်ခြံထွက်စေနိုင်ပါတယ်။ ရေခဲနဲ့ပွတ်ခြင်းက ချွေးပေါက်ကျဉ်းစေပြီး အရေပြားကို ချောမွေ့စေပါတယ်။

၂။ Primer အနေနဲ့သုံးနိုင်ပါတယ်

မိတ်ကပ်မလိမ်းခင် ရေခဲကပ်ပေးပါက သင့်ချွေးပေါက်ကျဉ်းစေပြီး ဖောင်ဒေးရှင်းကို မွှတ်သွားစေပါတယ်။

၃။ သွေးလည်ပတ်မှုကောင်းမွန်ခြင်း

ရေခဲကပ်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ယောင်ယမ်းခြင်းကို ကာကွယ်ပေးပါတယ်။

၎။ မျက်ရစ်ဖောင်းတာကို သက်သာစေခြင်း

ရေခဲကပ်ခြင်းက သင့်မျက်လုံးအောက်က မျက်ရစ်ဖောင်းတာကို သက်သာစေပါတယ်။

၅။ အရေးအကြောင်းလျှော့ချပေးခြင်း

ရေခဲက အရေးအကြောင်းတွေကို သက်သာစေပါတယ်။

၆။ အစက်အပြောက်တွေကို ထိန်းချုပ်နိုင်ခြင်း

ရေခဲကပ်ခြင်းက အသားအရေယောင်ယမ်းတာကို ကာကွယ်ပေးပြီး အသားအရေကို အစိုဓာတ်ပေးပါတယ်။အစက်အပြောက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

ရေခဲကပ်စဉ် အရေးပါသောအချက်များ

  • ရေခဲကို မျက်နှာပေါ်တိုက်ရိုက်မကပ်နိုင်ရင် နူးညံ့တဲ့အဝတ်ထဲထည့်ပြီး ပွတ်ပေးပါ။
  • ရေခဲကို ရေခဲသေတ္တာထဲက ထုတ်ထုတ်ပြီးချင်း မကပ်ပါနဲ့။ ဒါက သွေးကြောမျှင်လေးတွေကို ပျက်စီးစေပါတယ်။
  • သွေးကြောမျှင်ပျက်စီးပါက ရေခဲမကပ်ပါနဲ့တော့။
  • ရေခဲကပ်တာကို ၁၅ မိနစ်ထက် ပိုမလုပ်ပါနဲ့။
  • ရေခဲတုံးထဲမှာ နှင်းဆီရေ၊ Green Tea၊ သခွားသီးနဲ့ တခြား အရေပြားထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ထည့်နိုင်ပါတယ်။

Source: Pinterest

By MyStyle Myanmar