မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ သစ္စာဖောက်ခံရတာက အနာကျင်ဆုံး ခံစားချက်တစ်ခုပါ။ ကိုယ်ယုံကြည်တဲ့သူတွေက ပြောင်းလဲသွားတာ၊ ကိုယ်ချစ်တဲ့သူက မှန်းဆမရတာတွေ ဖြစ်ဖူးမှာပါ။

အဲ့လိုအပြောင်းအလဲမြန်တဲ့ ရာသီခွင်တွေထဲ ဒီရာသီခွင် ၅ ခုကတော့ အပြောင်းအလဲအမြန်ဆုံးပါ။ သင်ကောဒီထဲပါလား။ နောက်ဆုံးမှာ သစ္စာအရှိဆုံးရာသီခွင်ကိုလည်း ပြောပြထားတာမို့ အဆုံးထိဖတ်ကြည့်ပါနော်။  ကြည့်လိုက်ရအောင်နော်

၁။ Aries (March 20 ကနေ April 20)

Aries ရာသီခွင်တွေကို ချစ်မိရင်တော့ သတိထားသင့်ပါတယ်။ သူတို့က မချစ်တတ်ဘူးလို့ မဆိုလိုပါဘူး။ ချစ်ရင်လည်း သူတို့အပြင်နှစ်ယောက်မရှိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်ပြောင်းလဲသွားရင်တော့ သူတို့ဟာ နောင်တစ်ချိန် ထပ်ပြောင်းလဲဖို့လည်း ဝန်မလေးတော့ပါဘူး။ ဒါကြောင့် သင့်ကို သူက တစ်ကြိမ်လိမ်ဖူးရင် နောက်တစ်ကြိမ်ဒါမျိုးထပ်ဖြစ်မှာ အသေအချာပါပဲ။

၂။ Cancer (June 21 ကနေ July 23)

ဒီရာသီဖွားတွေက အပြောင်းအလဲမြန်ပါတယ်။ စိတ်က မျောက်စိတ်လိုပါပဲ။ သူတို့ချစ်တဲ့သူတွေ့တဲ့အချိန်မှာ ဒါငါ့ဘဝရဲ့ ဖူးစာရှင်ပဲ လို့ကောက်ချက်ချမှာပါပဲ။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ အဲ့ခံယူချက်က ပြောင်းလဲလာတတ်ပါတယ်။ သူတို့ပြောင်းလဲလာရင်လည်း ဒီပြောင်းလဲတာကို မဖုံးထားနိုင်ပါဘူး။ သူတို့မျက်နှာပေါ်မှာ အထင်းသားမြင်နေရတတ်ပါတယ်။

၃။ Libra (September 23 ကနေ October 23)

ဒီရာသီမှာ မွေးဖွားတဲ့သူတွေဟာ လှေနံနှစ်ဖက်နင်းတတ်ပါတယ်။ သူတို့ပြောင်းလဲတဲ့အချိန်မှာလည်း သူ့မိသားစုကို ထားခဲ့ဖို့ သူဝန်မလေးပါဘူး။

၎။ Sagittarius (November 22 ကနေ December 22)

ဒီရာသီခွင်ဖွားတွေက သစ္စာဖောက်တယ်ဆိုတဲ့အရာကို တားမြစ်ထားတဲ့အရာလို့ နားလည်ထားကြပါတယ်။ ဒါပေမဲ့ အဲ့အရာကိုပဲ သူတို့က စမ်းကြည့်ချင်နေကြတာပါ။

၅။ Pisces (February 18 ကနေ March 20)

ဒီရာသီဖွားတွေက သူတို့လိုချင်တာကို ရအောင်လုပ်တတ်ပါတယ်။ ပြောင်းလဲလာရင်လည်း သူတို့မှာ ဆင်ခြေအပြည့်ပါပဲ။

အပေါ်မှာ ပြောထားတဲ့ရာသီခွင်တွေကတော့ အပြောင်းအလဲမြန်တဲ့ရာသီခွင်ပိုင်ရှင်တွေပါ။

သစ္စာအရှိဆုံးရာသီခွင်ကတော့ Taurus(April 20 ကနေ May 21) ပါ။ Taurus တွေက သံယောဇဉ်ကြီးတာကြောင့် သစ္စာဖောက်မှုမရှိကြပါဘူး။

Photo Source: Pinterest

By MyStyle Myanmar