[Zawgyi]

က်န္းမာေပ်ာ္ရႊင္စြာ ေန႔ရက္တိုင္းကိုျဖတ္သန္းႏိုင္ဖို႔ ေန႔စဥ္မွန္မွန္ ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းကလည္း မျဖစ္မေန လိုအပ္ပါတယ္။ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက စိတ္ဖိစီးမႈကိုလည္း ေျဖေဖ်ာက္ေပးၿပီး ႀကံ႕ခိုင္သန္စြမ္းေစတာေၾကာင့္ က်န္းမာေပ်ာ္ရႊင္တဲ့ဘဝကို ပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။Gym ကစားျခင္း အေျပးေလ့က်င့္ခန္း လက္ေဝွ႕ကစားျခင္း ေရကူးျခင္း စသည္ျဖင့္ ခႏၶာကိုယ္ႀကံ့ခိုင္ေစတဲ့ ေလ့က်င့္ခန္းေတြမ်ားစြာရွိတဲ့အထဲကမွ အထိေရာက္ဆံုးနဲ႔ ပင္ပင္ပန္းပန္း ေလ့က်င့္ခန္းလုပ္စရာမလုိတဲ့ ေလ့က်င့္ခန္းတစ္ခုက ေယာဂေလ့က်င့္ျခင္းပဲ ျဖစ္ပါတယ္။

ေယာဂေလ့က်င့္ခန္း (၁)

Source : Hindustan Times

ဘယ္အလုပ္ပဲလုပ္လုပ္ အေျခခံက အေရးႀကီးဆံုးပါပဲ။ ေယာဂေဆာ့ရာမွာလည္း အေျခခံကေန စေဆာ့ရမွာမို႔လို႔ လြယ္ကူ႐ိုး႐ွင္းတဲ့ ေယာဂပို႔စ္ေလးနဲ႔ အရင္အစပ်ိဳးရပါမယ္။ ဒီပို႔စ္ေလးကို ပိုင္ႏိုင္ၿပီဆိုမွ အျခားအဆင့္ေတြကို ေ႐ွာေ႐ွာ႐ွဴ႐ွဴနဲ႔ ျပဳလုပ္ႏိုင္မွာပဲျဖစ္ပါတယ္။

ေယာဂေလ့က်င့္ခန္း (၂)

Source : Students Union

ဒီေလ့က်င့္ခန္းကေတာ့ ဘယ္ေျခဖဝါးကို ညာေပါင္မွာ ကပ္ထားၿပီး ညာေျခေထာက္တစ္ဖက္တည္းနဲ႔ မတ္တပ္ရပ္ရမွာပဲျဖစ္ပါတယ္။ သက္လံုအားလည္း ေကာင္းေစၿပီး ခႏၶာကိုယ္ကို ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းျဖစ္ေအာင္ ကူညီေပးႏိုင္ပါတယ္။

ေယာဂေလ့က်င့္ခန္း (၃)

Source : neganews.ru

ပံုထဲက ျပထားတဲ့အတိုင္း အေနအထားမွန္ေအာင္ ျပဳလုပ္ေပးရပါမယ္။ အသက္႐ႈသြင္း ႐ႈထုတ္တာကလည္း မွန္ေနရပါမယ္။ ဒီေယာဂေလ့က်င့္ခန္းကေတာ့ ခႏၶာကိုယ္တစ္ခုလံုးအတြက္ ေကာင္းမြန္ေစၿပီး စိတ္တည္ၿငိမ္ေအာင္၊ အာ႐ံုစူးစိုက္ႏိုင္စြမ္းျမင့္မားေအာင္၊ စိတ္ခံစားခ်က္ေကာင္းမြန္ေစတဲ့အျပင္ အစာေခ်စနစ္အတြက္လည္း ေကာင္းမြန္ပါတယ္။

ေယာဂေလ့က်င့္ခန္း (၄)

Source : 1ZOOM.Me

ဒီေယာဂပို႔စ္ကေတာ့ ဒိုက္ထိုးဖို႔ျပင္ေနတဲ့ ေလ့က်င့္ခန္းပဲျဖစ္ပါတယ္။ ထိုအေနအထားအတိုင္း ေတာင့္ခံထားၿပီး အသက္႐ႈစနစ္ကိုလည္း မွန္ကန္ေနပါေစ။ ႏွလံုးက်န္းမာေရးအတြက္လည္း ေကာင္းၿပီး စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ေယာဂေလ့က်င့္ခန္း (၅)

Source : Yoga – Groepspraktijk Tille

မိမိရဲ႕ ခံႏိုင္ရည္အားက တျဖည္းျဖည္းျမင့္မားလာၿပီဆိုရင္ေတာ့ ဒီပို႔စ္ေလးကို စမ္းလုပ္ၾကည့္လိုက္ပါ။ ကယ္လိုရီေတြကို ေလာင္ကြ်မ္းေစတဲ့အျပင္ မိမိရဲ႕ခႏၶာကို္ယ္ကို ဘယ္လိုထိန္းညွိရမလဲ ေတာင့္ခံထားရမလဲဆိုတာကို သိနားလည္သြားပါလိမ့္မယ္။

[Unicode]

ကျန်းမာပျော်ရွှင်စွာ နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ဖို့ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ဖိစီးမှုကိုလည်း ဖြေဖျောက်ပေးပြီး ကြံ့ခိုင်သန်စွမ်းစေတာကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။Gym ကစားခြင်း အပြေးလေ့ကျင့်ခန်း လက်ဝှေ့ကစားခြင်း ရေကူးခြင်း စသည်ဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေများစွာရှိတဲ့အထဲကမှ အထိရောက်ဆုံးနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခုက ယောဂလေ့ကျင့်ခြင်းပဲ ဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၁)

Source : Hindustan Times

ဘယ်အလုပ်ပဲလုပ်လုပ် အခြေခံက အရေးကြီးဆုံးပါပဲ။ ယောဂဆော့ရာမှာလည်း အခြေခံကနေ စဆော့ရမှာမို့လို့ လွယ်ကူရိုးရှင်းတဲ့ ယောဂပို့စ်လေးနဲ့ အရင်အစပျိုးရပါမယ်။ ဒီပို့စ်လေးကို ပိုင်နိုင်ပြီဆိုမှ အခြားအဆင့်တွေကို ရှောရှောရှူရှူနဲ့ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၂)

Source : Students Union

ဒီလေ့ကျင့်ခန်းကတော့ ဘယ်ခြေဖဝါးကို ညာပေါင်မှာ ကပ်ထားပြီး ညာခြေထောက်တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ရမှာပဲဖြစ်ပါတယ်။ သက်လုံအားလည်း ကောင်းစေပြီး ခန္ဓာကိုယ်ကို ပျော့ပျော့ပျောင်းပျောင်းဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၃)

Source : neganews.ru

ပုံထဲက ပြထားတဲ့အတိုင်း အနေအထားမှန်အောင် ပြုလုပ်ပေးရပါမယ်။ အသက်ရှုသွင်း ရှုထုတ်တာကလည်း မှန်နေရပါမယ်။ ဒီယောဂလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်စေပြီး စိတ်တည်ငြိမ်အောင်၊ အာရုံစူးစိုက်နိုင်စွမ်းမြင့်မားအောင်၊ စိတ်ခံစားချက်ကောင်းမွန်စေတဲ့အပြင် အစာချေစနစ်အတွက်လည်း ကောင်းမွန်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၄)

Source : 1ZOOM.Me

ဒီယောဂပို့စ်ကတော့ ဒိုက်ထိုးဖို့ပြင်နေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း တောင့်ခံထားပြီး အသက်ရှုစနစ်ကိုလည်း မှန်ကန်နေပါစေ။ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

ယောဂလေ့ကျင့်ခန်း (၅)

Source : Yoga – Groepspraktijk Tille

မိမိရဲ့ ခံနိုင်ရည်အားက တဖြည်းဖြည်းမြင့်မားလာပြီဆိုရင်တော့ ဒီပို့စ်လေးကို စမ်းလုပ်ကြည့်လိုက်ပါ။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့အပြင် မိမိရဲ့ခန္ဓာကိုယ်ကို ဘယ်လိုထိန်းညှိရမလဲ တောင့်ခံထားရမလဲဆိုတာကို သိနားလည်သွားပါလိမ့်မယ်။