(Zawgyi)

ေန႔စဥ္ရုန္းကန္လႈပ္ရွားေနရတဲ့သူေတြအဖို႔ စိတ္ဖိစီးစရာဆိုတာ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးႀကံဳေတြ႔ရတတ္ပါတယ္။ ဒါေပမဲ့ ေန႔ရက္တိုင္းကေတာ့ စိတ္ညစ္စရာခ်ည္းနဲ႔ပဲ ျပည့္ႏွက္ေနမွာမဟုတ္ပါဘူး။ ေပ်ာ္ရႊင္ရတဲ့ အခ်ိန္ေတြလည္း ရွိတတ္သလို စိတ္ညစ္စရာ၊ စိတ္ဖိစီးစရာေတြကို ႀကံ႕ႀကံ႕ခံေနရတဲ့အခ်ိန္လည္း ရွိတတ္ပါတယ္။

စိတ္ညစ္စရာေတြ စိတ္ဖိစီးစရာေတြဆိုတာ စိတ္႐ႈပ္ေနခ်ိန္မွာပဲ ျဖစ္ေပၚတတ္တာပါ။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္ သင့္စိတ္ကို အတတ္ႏိုင္ဆံုး တည္ၿငိမ္ေအာင္ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ သင့္ စိတ္ကို တည္ၿငိမ္ေအာင္ ျပဳလုပ္တဲ့ေနရာမွာေတာ့ တရားထိုင္ျခင္းက အေကာင္းဆံုးပဲျဖစ္ပါတယ္။

သင့္အေနနဲ႔ က်န္းမာေရးလိုက္စားတဲ့သူတစ္ေယာက္ျဖစ္တယ္ဆိုရင္ေတာ့ ေယာဂေလ့က်င့္ခန္းကလည္း သင့္ကို စိတ္ဖိစီးစရာေတြကေန ကယ္ထုတ္ေပးႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။

ဘယ္လိုေယာဂက်င့္စဥ္ေတြက သင့္ကို စိတ္တည္ၿငိမ္ေအာင္ စိတ္ဖိစီးမႈကင္းေဝးေအာင္ ကူညီေပးႏိုင္သလဲဆိုတာကို ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

ေလ့က်င့္ခန္း (၁)

အရင္ဦးဆံုး ေျခေထာက္ႏွစ္ဖက္ကို ပုခံုးအက်ယ္အတိုင္းခ်ဲထားပါ။ ထို႔ေနာက္ လက္ႏွစ္ဖက္ကို လက္ပိုက္တဲ့အေနအထားအတိုင္း ဦးေခါင္းေပၚမွာ တင္ထားလိုက္ပါ။ ၿပီးရင္ တျဖည္းျဖည္းနဲ႔ ခါးကို ေကြးညႊတ္ေပးလိုက္ပါ။ အသက္ကို ျဖည္းျဖည္းမွန္မွန္ ႐ႈသြင္း႐ႈထုတ္ျပဳလုပ္ေပးဖို႔လည္း မေမ့ပါနဲ႔။ အသက္႐ႈသြင္း႐ွဴထုတ္ျခင္းကို ၁၀ ႀကိမ္ တိတိျပဳလုပ္ေပးလိုက္ပါ။

ေလ့က်င့္ခန္း (၂)

ဒီေလ့က်င့္ခန္းကိုေတာ့ သိမ္းငွက္ေယာဂက်င့္စဥ္လို႔ အမည္ေပးထားၾကပါတယ္။ ဘယ္ဒူးကို ေကြးထားၿပီး က်န္တစ္ဖက္က ေျခေထာက္ခ်ိတ္ထိုင္တဲ့အခါ ထိုင္ေလးရွိတဲ့ပံုသ႑ာန္အတိုင္း ခ်ိတ္လိုက္ပါ။ ခ်ိတ္ရုံနဲ႔ မၿပီးေသးပါဘူး။ ေျခဖ်ားက ဘယ္ေျခရဲ႕ေနာက္သို႔ ပို႔ေပးလိုက္ပါ။ လက္ႏွစ္ဖက္ကို ပံုပါအတိုင္း ယွက္ထားလိုက္ပါ။ သင့္ရဲ႕ အၾကည္႔ တစ္ေနရာတည္းကိုပဲ အာရံုျပဳထားရပါမယ္။

အသက္႐ွဴသြင္း႐ွဴထုတ္ ငါးႀကိမ္တိတိျပဳလုပ္ၿပီးေနာက္ ေျခေထာက္ႏွင့္ လက္ကို ဘက္ေျပာင္းၿပီး ျပဳလုပ္ေပးပါ။ ေနာက္ထပ္ ငါးႀကိမ္တိတိ အသက္႐ွဴသြင္း ႐ွဴထုတ္ျပဳလုပ္ေပးလိုက္ပါ။

ဒီေလ့က်င့္ခန္းက စိတ္ဖိစီးမႈကို ေျပေပ်ာက္ေစရံုသာမကဘဲ တင္ပါးၾကြက္သားအတြက္ပါ ေကာင္းမြန္ပါတယ္။ ဒါ့အျပင္ ပုခံုးမွာ တင္းမာေနတဲ့ ၾကြက္သားေတြကိုလည္း ေျပေလ်ာ့သြားေစပါတယ္။

ေလ့က်င့္ခန္း (၃)

ဒီအေနအထားကိုေတာ့ ႏြားေယာဂက်င့္စဥ္လို႔ေခၚပါတယ္။ ထိုအေနအထားအတိုင္း ေနကာ အသက္႐ွဴသြင္း႐ွဴထုတ္ ငါးႀကိမ္ျပဳလုပ္ပါ။

တစ္ဆက္တည္းမွာပဲ ေၾကာင္ေယာဂက်င့္စဥ္ကို ဆက္လက္ျပဳလုပ္ေပးရပါမယ္။ ထိုအေနအထားအတိုင္း အသက္ငါးႀကိမ္းတိတိ ႐ွဴသြင္း႐ွဴထုတ္ျပဳလုပ္ပါ။

ေလ့က်င့္ခန္း (၄)

ဒီေလ့က်င့္ခန္းကိုေတာ့ ကေလးေယာဂက်င့္စဥ္လို႔ အမည္ေပးထားၾကပါတယ္။ ထိုအေနအထားအတိုင္း အသက္႐ွဴသြင္း႐ွဴထုတ္ ဆယ္ႀကိမ္ျပဳလုပ္ပါ။ အသက္႐ွဴရတာ အခက္အခဲရွိတယ္ဆိုရင္ေတာ့ နဖူး (သို႔) ဝမ္းဗိုက္ေအာက္မွာ ေခါင္းအံုးတစ္လံုး ခံထားေပးႏိုင္ပါတယ္။

ေလ့က်င့္ခန္း (၅)

နံရံကိုမွီၿပီး ေျခေထာက္ေထာင္ထားကာ လက္ႏွစ္ဖက္ကို ေဘးဘက္သို႔ ဆန္႔တန္းထားပါ။ ၁၀ ႀကိမ္ အသက္႐ွဴသြင္း႐ွဴထုတ္ျပဳလုပ္ေပးလိုက္ပါ။

Source: Gaiam.com

By MyStyle Myanmar

(Unicode)

နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတွေအဖို့ စိတ်ဖိစီးစရာဆိုတာ တစ်မျိုးမဟုတ် တစ်မျိုးကြုံတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ နေ့ရက်တိုင်းကတော့ စိတ်ညစ်စရာချည်းနဲ့ပဲ ပြည့်နှက်နေမှာမဟုတ်ပါဘူး။ ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ရှိတတ်သလို စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာတွေကို ကြံ့ကြံ့ခံနေရတဲ့အချိန်လည်း ရှိတတ်ပါတယ်။

စိတ်ညစ်စရာတွေ စိတ်ဖိစီးစရာတွေဆိုတာ စိတ်ရှုပ်နေချိန်မှာပဲ ဖြစ်ပေါ်တတ်တာပါ။ ဒီလိုအချိန်မျိုးမှာဆိုရင် သင့်စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သင့် စိတ်ကို တည်ငြိမ်အောင် ပြုလုပ်တဲ့နေရာမှာတော့ တရားထိုင်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ကျန်းမာရေးလိုက်စားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကလည်း သင့်ကို စိတ်ဖိစီးစရာတွေကနေ ကယ်ထုတ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဘယ်လိုယောဂကျင့်စဉ်တွေက သင့်ကို စိတ်တည်ငြိမ်အောင် စိတ်ဖိစီးမှုကင်းဝေးအောင် ကူညီပေးနိုင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်းချဲထားပါ။ ထို့နောက် လက်နှစ်ဖက်ကို လက်ပိုက်တဲ့အနေအထားအတိုင်း ဦးခေါင်းပေါ်မှာ တင်ထားလိုက်ပါ။ ပြီးရင် တဖြည်းဖြည်းနဲ့ ခါးကို ကွေးညွှတ်ပေးလိုက်ပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန် ရှုသွင်းရှုထုတ်ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။ အသက်ရှုသွင်းရှူထုတ်ခြင်းကို ၁၀ ကြိမ် တိတိပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းကိုတော့ သိမ်းငှက်ယောဂကျင့်စဉ်လို့ အမည်ပေးထားကြပါတယ်။ ဘယ်ဒူးကို ကွေးထားပြီး ကျန်တစ်ဖက်က ခြေထောက်ချိတ်ထိုင်တဲ့အခါ ထိုင်လေးရှိတဲ့ပုံသဏ္ဍာန်အတိုင်း ချိတ်လိုက်ပါ။ ချိတ်ရုံနဲ့ မပြီးသေးပါဘူး။ ခြေဖျားက ဘယ်ခြေရဲ့နောက်သို့ ပို့ပေးလိုက်ပါ။ လက်နှစ်ဖက်ကို ပုံပါအတိုင်း ယှက်ထားလိုက်ပါ။ သင့်ရဲ့ အကြည့် တစ်နေရာတည်းကိုပဲ အာရုံပြုထားရပါမယ်။

အသက်ရှူသွင်းရှူထုတ် ငါးကြိမ်တိတိပြုလုပ်ပြီးနောက် ခြေထောက်နှင့် လက်ကို ဘက်ပြောင်းပြီး ပြုလုပ်ပေးပါ။ နောက်ထပ် ငါးကြိမ်တိတိ အသက်ရှူသွင်း ရှူထုတ်ပြုလုပ်ပေးလိုက်ပါ။

ဒီလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို ပြေပျောက်စေရုံသာမကဘဲ တင်ပါးကြွက်သားအတွက်ပါ ကောင်းမွန်ပါတယ်။ ဒါ့အပြင် ပုခုံးမှာ တင်းမာနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့သွားစေပါတယ်။

လေ့ကျင့်ခန်း (၃)

ဒီအနေအထားကိုတော့ နွားယောဂကျင့်စဉ်လို့ခေါ်ပါတယ်။ ထိုအနေအထားအတိုင်း နေကာ အသက်ရှူသွင်းရှူထုတ် ငါးကြိမ်ပြုလုပ်ပါ။

တစ်ဆက်တည်းမှာပဲ ကြောင်ယောဂကျင့်စဉ်ကို ဆက်လက်ပြုလုပ်ပေးရပါမယ်။ ထိုအနေအထားအတိုင်း အသက်ငါးကြိမ်းတိတိ ရှူသွင်းရှူထုတ်ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်းကိုတော့ ကလေးယောဂကျင့်စဉ်လို့ အမည်ပေးထားကြပါတယ်။ ထိုအနေအထားအတိုင်း အသက်ရှူသွင်းရှူထုတ် ဆယ်ကြိမ်ပြုလုပ်ပါ။ အသက်ရှူရတာ အခက်အခဲရှိတယ်ဆိုရင်တော့ နဖူး (သို့) ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံး ခံထားပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

နံရံကိုမှီပြီး ခြေထောက်ထောင်ထားကာ လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်တန်းထားပါ။ ၁၀ ကြိမ် အသက်ရှူသွင်းရှူထုတ်ပြုလုပ်ပေးလိုက်ပါ။

Source: Gaiam.com

By MyStyle Myanmar