မိုးအေးတဲ့အချိန်မှာ အပြင်သွားနေတာထက် အိမ်မှာပဲအေးအေးဆေးဆေးနဲ့ သာသာယာယာလေးနေတာ အကောင်းဆုံးပါ။ အိမ်မှာဇိမ်နဲ့နေလို့အကောင်းဆုံးအချိန်ကတော့ မိုးရွာနေတဲ့အချိန်ပါပဲ။ ဒါကြောင့် မိုးရွာနေတဲ့အချိန်မှာ မိုးအေးအေးလေးနဲ့ အိမ်မှာဘာတွေလုပ်ပြီးနေသင့်လဲဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်။

မိုးအေးအေးလေးနဲ့ အိပ်ယာထဲမှာ စောင်လေးခြုံပြီး အေးဆေးအနားယူကာ အိပ်လို့ရပါတယ်။ ဒီလိုဆိုရင်တော့ မိုးအေးအေးလေးနဲ့ အိပ်လို့လည်းကောင်းပြီး အိပ်ရေးဝသွားမှာပါ။ မိုးရွာနေတဲ့အချိန်မှာအိပ်ရတာလောက် ဘာမှကောင်းတာမရှိတော့ဘူးလေ။

Source: www.pexels.com

မိုးအေးအေးလေးနဲ့ အိမ်မှာခေါက်ဆွဲပြုတ်ပူပူလေးလုပ်သောက်လိုက်ပါ။ မိုးအေးနေတဲ့အချိန်မှာ အပြင်သွားရတာထက် အိမ်မှာအေးဆေး Facebook လေးသုံးပြီး ခေါက်ဆွဲပြုတ်ပူပူစပ်စပ်လေးကို သောက်ရတာက ပိုပြီးပျော်စရာကောင်းပါတယ်။ ငွေကုန်လည်း သက်သာစေတာပေါ့။

Source: www.pexels.com

မိုးရွာနေတဲ့အချိန်မှာ ပြတင်းပေါက်နားမှာထိုင်ပြီး ကော်ဖီပူပူလေးတစ်ခွက်သောက်ကာ စာအုပ်လေးလည်း ဖတ်လို့ရပါသေးတယ်။ ဒီလိုအချိန်မျိုးမှာက မိုးလည်းအေးတော့ ပူပူလေးတွေသောက်ပြီး အေးအေးဆေးဆေးလေးနေတာ အကောင်းဆုံးပါပဲ။

Source: www.pexels.com

မိုးရွာနေတဲ့အချိန်မှာ မိုးအေးအေးလေးနဲ့ အိမ်ထဲမှာပဲမုန့်တွေစားပြီး ရုပ်ရှင်တွေတစ်ဝကြီး ထိုင်ကြည့်လို့ရပါသေးတယ်။ မိသားစုနဲ့အတူကြည့်လို့လည်းရသလို၊ ကိုယ့်အခန်းထဲမှာပဲ စောင်လေးခြုံပြီး အေးဆေးကြည့်လို့လည်းရပါသေးတယ်။

Source: www.pexels.com

နောက်ဆုံးအနေနဲ့ မိုးရွာတဲ့အချိန်မှာ အသားအရေအထိခိုက်ခံပြီး အပြင်သွားမယ့်အစား အိမ်မှာပဲ မျက်နှာကိုပေါင်းတင်ပြီး အေးဆေးအနားယူလိုက်ပါ။ တစ်ကိုယ်လုံးကိုလည်း အေးအေးဆေးဆေး Scrub လုပ်ပြီး Skincare သေချာလုပ်လို့ရပါသေးတယ်။ ဒါဆိုရင်တော့ အပြင်မသွားပဲ အိမ်မှာအသားအရေကို ဂရုတစိုက်နဲ့ ပိုထိန်းသိမ်းဖြစ်မှာပါ။

Source: www.imparcialoaxaca.mx

မိုးရွာနေတဲ့အချိန်တွေနဲ့ မိုးအေးနေတဲ့နေ့မျိုးမှာဆိုရင် အပြင်မသွားပဲ ဒီ (၅) ချက်ကိုပဲ အိမ်မှာလုပ်ပြီး အေးအေးဆေးဆေးနဲ့ သာသာယာယာလေးနေလို့ရပါတယ်။