[Zawgyi]

ႀကိဳးစားအားထုတ္မႈေတြကို ” အခ်ိန္ ” လိုက်င့္ၾကံမွသာ လိုခ်င္တဲ့ပန္းတိုင္တစ္ခုစီကိုေရာက္ႏိုင္မွာပါ။ အခ်ိန္ဆိုတာရပ္တန္႔လု႔ိမရသလို ႀကိဳးစားအားထုပ္မႈေတြဟာလည္း ရပ္တန္႔ျခင္းမရွိပဲ ပံုမွန္ေလးအစဥ္တစိုက္ႀကိဳးစားေနမွသာ ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္ႏိုင္မွာျဖစ္ပါတယ္။ကိုယ့္ေရာက္ရွိေနတဲ့ေနရာတစ္ခုမွာလည္းေရာင့္ရဲတင္းတိမ္ေနလို႔မရပါဘူး။လက္ရွိေနရာထက္ပိုေကာင္းတဲ့ေနရာတစ္ခုကိုေရာက္ခ်င္ရင္ အျမဲဆက္လက္ႀကိဳးစားေနမွရႏိုင္မွာျဖစ္ပါတယ္။

(၁) စြန္႔စားရဲတဲ့သတိၱေမြးပါ

Source : tripsavvy.com

စြန္႔စားမႈကအေျပာင္းအလဲကိုျဖစ္ေစပါတယ္။ကိုယ္ဟာလက္ရွိေရာက္ေနတဲ့ေနရာထက္ ပိုေကာင္းတဲ့ဘဝတစ္ခုစီကိုသြားဖို႔ စိတ္အားထက္သန္ေနတယ္ဆိုရင္ေတာ့ စြန္႔စားရဲတဲ့သတိၱေမြးဖို႔ေတာ့လိုပါလိမ့္မယ္။သက္သာတဲ့ေနရာေခ်ာင္တဲ့ေနရာတစ္ခုမွာကပ္တြယ္ေနၿပီး ပိုေကာင္းတဲ့အခြင့္အေရးေတြလုိခ်င္ေနလို႔ေတာ့မရပါဘူး။ကိုယ္တိုင္စြန္႔စားလိုရွိၿပီး ႀကိဳးစားမွသာ မိမိလိုခ်င္တဲ့အေျခအေနတစ္ခုစီသို႔တက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

(၂) ကိုယ္ကုိယ့္ကိုအဆင့္ျမွင့္တင္ပါ

Source : Niestatystyczny.pl

ကုိယ့္အေနနဲ႔ ဘာေတြလိုအပ္ေနေသးလဲဆိုတာ အရင္းဆံုးျပန္လည္ဆန္းစစ္ၾကည့္ပါ။ကုိယ့္မွာလိုအပ္ေနေသးတဲ့ဝမ္းစာေတြထကို ပ္မံျဖည့္စြက္ၿပီး ကိုယ့္ကိုယ္ကိုအဆင့္ျမွင့္တင္သင့္ပါတယ္။ေခတ္နဲ႔အညီလုိအပ္လာတဲ့အရာေတြအေပၚ ဆက္လက္ေလ့လာသင္ယူမယ္ သင္တန္းေတြတက္မယ္ စာေတြဖတ္မယ္ သည္ျဖင့္ တစ္ျဖည္းျဖည္းခ်င္းကိုယ့္ကိုယ့္ကိုအဆင့္ျမွင့္တင္သြားဖို႔လိုအပ္ပါတယ္။

(၃) ျပင္းထန္တဲ့ခံယူခ်က္တစ္ခုထားပါ

Source : Fishpond

ေအာင္ျမင္လာတဲ့ လူတိုင္းရဲ႕ေနာက္ကြယ္မွာ ျပင္းထန္တဲ့ခံယူခ်က္တစ္ခုစီေတာ့ရွိၾကပါတယ္။တကယ္လဲခံယူခ်က္ျပင္းထန္မွသာ ကိုယ္ေရာက္ခ်င္တဲ့ေနရာ လိုခ်င္တဲ့ပန္းတိုင္စီအေရာက္သြားႏိုင္မွာျဖစ္ပါတယ္။ဒါေၾကာင့္ဘာပဲလုပ္လုပ္ခံယူခ်က္ျပင္းျပင္းခ်မွတ္ၿပီးနဲ႔ လုပ္ေဆာင္ၾကည့္ပါ။

(၄) အတုယူစရာစံျပပုဂၢိဳလ္တစ္ေယာက္ထားပါ

Source : Women Lawyers Association of NSW

ေအာင္ျမင္ေနသူတိုင္းရဲ႕ အမူအက်င့္ေတြ ႀကိဳးစားအားထုတ္မႈေတြ ျဖတ္သန္းခဲ့ရတဲ့အခက္ခဲေတြကို အတုယူပါ။ဒီလိုေအာင္ျမင္ေနသူေတြနဲ႔ ျဖတ္သန္းမႈပံုရိပ္ေတြကိုေလ့လာျခင္းက သင့္ကိုစိတ္ခြန္အားပိုရေစမွာျဖစ္ၿပီး ေအာင္ျမင္မႈဆိုတာလြယ္ လြယ္မရႏုိင္ေၾကာင္းကိုလည္း ေလးေလးနက္နက္သိရွိလာမွာျဖစ္ပါတယ္။ေအာင္ျမင္မႈရဲ႔ခမ္းနားမႈကိုသိေလေအာင္ျမင္မႈရေအာင္ပိုႀကိဳးစားခ်င္ေလျဖစ္တာေၾကာင့္ ေအာင္ျမင္ေနသူေတြရဲ႕ ဘဝတစ္စိတ္တစ္ပိုင္းကိုေလ့လာအတုယူပါ။

[Unicode]

ကြိုးစားအားထုတ်မှုတွေကို ” အချိန် ” လိုကျင့်ကြံမှသာ လိုချင်တဲ့ပန်းတိုင်တစ်ခုစီကိုရောက်နိုင်မှာပါ။ အချိန်ဆိုတာရပ်တန့်လု့ိမရသလို ကြိုးစားအားထုပ်မှုတွေဟာလည်း ရပ်တန့်ခြင်းမရှိပဲ ပုံမှန်လေးအစဉ်တစိုက်ကြိုးစားနေမှသာ အောင်မြင်မှုပန်းတိုင်ကိုရောက်နိုင်မှာဖြစ်ပါတယ်။ကိုယ့်ရောက်ရှိနေတဲ့နေရာတစ်ခုမှာလည်းရောင့်ရဲတင်းတိမ်နေလို့မရပါဘူး။လက်ရှိနေရာထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ရင် အမြဲဆက်လက်ကြိုးစားနေမှရနိုင်မှာဖြစ်ပါတယ်။

(၁) စွန့်စားရဲတဲ့သတ္တိမွေးပါ

Source : tripsavvy.com

စွန့်စားမှုကအပြောင်းအလဲကိုဖြစ်စေပါတယ်။ကိုယ်ဟာလက်ရှိရောက်နေတဲ့နေရာထက် ပိုကောင်းတဲ့ဘဝတစ်ခုစီကိုသွားဖို့ စိတ်အားထက်သန်နေတယ်ဆိုရင်တော့ စွန့်စားရဲတဲ့သတ္တိမွေးဖို့တော့လိုပါလိမ့်မယ်။သက်သာတဲ့နေရာချောင်တဲ့နေရာတစ်ခုမှာကပ်တွယ်နေပြီး ပိုကောင်းတဲ့အခွင့်အရေးတွေလိုချင်နေလို့တော့မရပါဘူး။ကိုယ်တိုင်စွန့်စားလိုရှိပြီး ကြိုးစားမှသာ မိမိလိုချင်တဲ့အခြေအနေတစ်ခုစီသို့တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

(၂) ကိုယ်ကိုယ့်ကိုအဆင့်မြှင့်တင်ပါ

Source : Niestatystyczny.pl

ကိုယ့်အနေနဲ့ ဘာတွေလိုအပ်နေသေးလဲဆိုတာ အရင်းဆုံးပြန်လည်ဆန်းစစ်ကြည့်ပါ။ကိုယ့်မှာလိုအပ်နေသေးတဲ့ဝမ်းစာတွေထကို ပ်မံဖြည့်စွက်ပြီး ကိုယ့်ကိုယ်ကိုအဆင့်မြှင့်တင်သင့်ပါတယ်။ခေတ်နဲ့အညီလိုအပ်လာတဲ့အရာတွေအပေါ် ဆက်လက်လေ့လာသင်ယူမယ် သင်တန်းတွေတက်မယ် စာတွေဖတ်မယ် သည်ဖြင့် တစ်ဖြည်းဖြည်းချင်းကိုယ့်ကိုယ့်ကိုအဆင့်မြှင့်တင်သွားဖို့လိုအပ်ပါတယ်။

(၃) ပြင်းထန်တဲ့ခံယူချက်တစ်ခုထားပါ

Source : Fishpond

အောင်မြင်လာတဲ့ လူတိုင်းရဲ့နောက်ကွယ်မှာ ပြင်းထန်တဲ့ခံယူချက်တစ်ခုစီတော့ရှိကြပါတယ်။တကယ်လဲခံယူချက်ပြင်းထန်မှသာ ကိုယ်ရောက်ချင်တဲ့နေရာ လိုချင်တဲ့ပန်းတိုင်စီအရောက်သွားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဘာပဲလုပ်လုပ်ခံယူချက်ပြင်းပြင်းချမှတ်ပြီးနဲ့ လုပ်ဆောင်ကြည့်ပါ။

(၄) အတုယူစရာစံပြပုဂ္ဂိုလ်တစ်ယောက်ထားပါ

Source : Women Lawyers Association of NSW

အောင်မြင်နေသူတိုင်းရဲ့ အမူအကျင့်တွေ ကြိုးစားအားထုတ်မှုတွေ ဖြတ်သန်းခဲ့ရတဲ့အခက်ခဲတွေကို အတုယူပါ။ဒီလိုအောင်မြင်နေသူတွေနဲ့ ဖြတ်သန်းမှုပုံရိပ်တွေကိုလေ့လာခြင်းက သင့်ကိုစိတ်ခွန်အားပိုရစေမှာဖြစ်ပြီး အောင်မြင်မှုဆိုတာလွယ် လွယ်မရနိုင်ကြောင်းကိုလည်း လေးလေးနက်နက်သိရှိလာမှာဖြစ်ပါတယ်။အောင်မြင်မှုရဲ့ခမ်းနားမှုကိုသိလေအောင်မြင်မှုရအောင်ပိုကြိုးစားချင်လေဖြစ်တာကြောင့် အောင်မြင်နေသူတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကိုလေ့လာအတုယူပါ။