အလှအပကို မြတ်နိုးသူတွေအဖို့ ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့အိပ်ချိန်ရရှိမှသာလျှင် ပျက်စီးသွားတဲ့ဆဲလ်တွေကို အားပြန်ဖြည့်တင်းပေးမှာဖြစ်ပြီး ဆဲလ်သစ်များ မွေးဖွားပေးမှာပဲဖြစ်ပါတယ်။

စာဖတ်သူပျိုမေလေးအနေနဲ့ နတ်သမီးတစ်ပါးလို လှပဖို့အတွက် အိပ်စက်ချိန်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချရမလဲဆိုတာကို စိတ်ဝင်စားနေကြပြီနဲ့တူတယ်။

အိပ်စက်ချိန်မှာ သဘာဝပေါင်းတင်နည်းတွေကို မျက်နှာပေါ်မှာ ကပ်ထားပေးပြီး အိပ်စက်ဝဝအိပ်စက်ရမှာပဲဖြစ်ပါတယ်။

ဝက်ခြံနဲ့ အရေးအကြောင်းများကို ဖယ်ရှားပေးချင်တယ်ဆိုရင်

ရှားစောင်းလက်ပတ်ဂျယ်ကို အသုံးပြုပါ။ ရှားစောင်းလက်ပတ်က အသားအရေကို ဖြူဝင်းစေပြီး တစ်ပတ် နှစ်ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင်တော့ အသားအရေက ပြစ်မျိုးမှဲ့မထင် လှပသွားမှာပဲဖြစ်ပါတယ်။

မျက်လုံးတစ်ဝိုက်က အရေးအကြောင်းနဲ့ မျက်ကွင်းညိုခြင်းတို့ကို ပျောက်ကင်းစေချင်သူများအတွက်

ဗီတာမင်အီး တစ်စက် နှစ်စက်ခန့်ကို မျက်အိတ် အောက်နားတစ်ဝိုက်မှာ လိမ်းကျံပေးလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။ သတိထားရမယ့်တစ်ချက်ကတော့ ဗီတာမင်အီး ပမာဏကို အလွန်အကျွံအသုံးမပြုမိဖို့ပဲဖြစ်ပါတယ်။ အလွန်အကျွံအသုံးပြုမိမယ်ဆိုရင် ယားယံခြင်း (သို့) ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်လို့ပါပဲ။

မျက်တောင်နဲ့ မျက်ခုံးမွှေးများ ထူထဲပြီး ရှည်လျားချင်တယ်ဆိုရင်

မျက်တောင်တုမလိုဘဲ (၁)လအတွင်း မျက်တောင်လေးတွေ ရှည်လျားပြီး ထူစေဖို့ နည်းလမ်းကောင်းများ

အိပ်ရာမဝင်ခင်မှာ မျက်တောင်မွှေးနဲ့ မျက်ခုံးမွှေးများပေါ်မှာ ကြက်ဆူဆီ သုတ်လိမ်းပေးလိုက်ပါ။ ညစဉ်ညတိုင်း မှန်မှန်သုတ်လိမ်းပေးမယ်ဆိုရင် မျက်တောင်နဲ့ မျက်ခုံးမွှေးများ ရှည်လျားပြီး ထူထဲလာပါလိမ့်မယ်။

အုန်းဆီကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ

နှုတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးပြီး မနက်မိုးလင်းတဲ့အခါ နှုတ်ခမ်းသားလေး နူးညံ့ပြီး ပန်းရောင်သမ်းနေဖို့အတွက် အုန်းဆီက ကူညီပေးပါလိမ့်မယ်။

အိပ်ရာမဝင်ခင်မှာ ဆံကေသာကို Vaseline ဖြင့် သုတ်လိမ်းပြီးမှ အိပ်ရာဝင်ပါ

ဒီလိုသုတ်လိမ်းပေးခြင်းအားဖြင့် ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံကေသာ ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပြီး ဆံပင်ကို အစိုဓာတ်ဖြည့်တင်းပေးကာ ဆံပင်အရှည်မြန်လာပါလိမ့်မယ်။ ဒါ့အပြင် ဆံကေသာက နူးညံ့တောက်ပြောင်လာတာကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။

Source: Brightside.me

By MyStyle Myanmar