ဖုန်အားသွင်းကြိုးတွေပေါက်ပြဲတာမျိုးကို ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီလိုအားသွင်းကြိုးတွေပေါက်ပြဲရင် အရမ်းအန္တရာယ်များပါတယ်။ အခန့်မသင့်ရင် အားသွင်းနေရင်းနဲ့ ထပေါက်တာမျိုးတွေ၊ အားသွင်းရင်းနဲ့ အထဲက၀ါယာကြိုးကိုထိမိလို့ ဓာတ်လိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။

တိတ်

Source: www.youtube.com

အလှတိတ်လေးတွေကိုသုံးပြီး အားသွင်းကြိုးတွေမပေါက်ပြဲအောင် ကာကွယ်လို့ရပါတယ်။ အားသွင်းကြိုးထိပ်ကနေစပြီး ကြိုးဆုံးတဲ့အထိပတ်ပေးပါ။ ဒါဆိုရင်တော့ အားသွင်းကြိုးလည်း လွယ်လွယ်နဲ့မပေါက်ပြဲတော့ပါဘူး။ အားသွင်းကြိုးပေါက်ပြဲနေရင်တောင် ဒီလိုတိတ်လေးနဲ့ကပ်ပေးလိုက်လို့ ရပါတယ်။

ခေါင်းစည်းကြိုး

Source: www.khlifehack.com

ခေါင်းစည်းကြိုး စပလိန်အပျော့လေးတွေရှိပါတယ်။ အဲ့ဒီခေါင်းစည်းကိုကြိုးတွေကိုညှပ်ပြီး အားသွင်းကြိုးမှာပတ်ပေးပါ။ အားသွင်းကြိုးထိပ်လေးတွေမှာပဲ ပတ်ထားလို့လည်းရသလို တစ်ကြိုးလုံးကိုပတ်ထားလို့လည်း ရပါတယ်။ ဒီလိုလေးတွေလုပ်ထားမယ်ဆိုရင်တော့ အားသွင်းကြိုးပေါက်ပြဲတာကို ကာကွယ်ပေးနိုင်ပါတယ်။

ချည်

Source: www.cassidyann

သိုးမွှေးထိုးတဲ့အခါမှာသုံးတဲ့ သိုးမွှေးချည်တွေနဲ့လည်း အားသွင်းကြိုးကိုပတ်ထားလို့ရပါတယ်။ ပေါက်ပြဲတတ်တဲ့ အားသွင်းကြိုးရဲ့ထိပ်နေရာလေးမှာ တိတ်နဲ့အရင်ပတ်ပြီး အပေါ်ကနေမှ သိုးမွှေးချည်လေးနဲ့ပတ်ပေးပါ။ ဒီနည်းလမ်းနဲ့လည်း အားသွင်းကြိုးတွေမပေါက်ပြဲအောင် ကာကွယ်နိုင်ပါတယ်။

ကြိုး

Source: www.coding.doit.am

အားသွင်းကြိုးတွေ လွယ်လွယ်နဲ့မပေါက်ပြဲအောင် ကြိုးနည်းနည်းကြီးတာတွေနဲ့ ချည်လို့လည်းရပါတယ်။ ကြိုးနဲ့ချည်မယ်ဆိုရင်တော့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် သေချာချည်ပေးဖို့ လိုပါတယ်။  ဒီနည်းလမ်းလေးနဲ့ အားသွင်းကြိုးမပေါက်ပြဲအောင် ကာကွယ်နိုင်ပေမယ့်လည်း ပေါက်ပြဲနေတဲ့အားသွင်းကြိုးကို လုပ်မယ်ဆိုရင်တော့ ပေါက်ပြဲနေတဲ့နေရာကို တိတ်နဲ့အရင်ကပ်ပြီးမှသာ ကြိုးနဲ့အပေါ်ကနေချည်ပေးပါ။

ရာဘာ

Source: www.youtube.com

နောက်ဆုံးတစ်နည်းကတော့ ဘောလုံး (သို့) ရာဘာတွေနဲ့ အားသွင်းကြိုးမှာပတ်ထား (သို့) စွပ်ထားလို့လည်းရပါတယ်။ ဒီလိုလုပ်ပေးတာကတော့ အားသွင်းကြိုးပေါက်ပြဲနေရင်လည်း မထိခိုက်မိအောင် အကာအကွယ်ဖြစ်စေတဲ့အပြင်၊ အားသွင်းကြိုးလည်း လွယ်လွယ်ကူကူမပေါက်ပြဲတော့ပါဘူး။