ရေကူးကန်ထဲကရေက chlorine ပါလို့ ဆံသားပျက်စီးစေလို့ ဆံသားကို ပြန်ပြီးဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ရေကူးပြီးတဲ့အချိန်မှာ ဆံသားမပျက်စီးအောင် ပြန်လည်ဂရုစိုက်ပေးရမယ့် အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ချက်ချင်းခေါင်းလျှော်ပါ

ရေကူးပြီးရင် ချက်ချင်းခေါင်းလျှော်ပါ။ ခေါင်းမလျှော်ပဲ ဒီတိုင်းသုတ်ပြီးနေတာမျိုး မလုပ်ပါနဲ့။ ဆံပင်အရမ်းပျက်စီးပါတယ်။ ခေါင်းမလျှော်ပဲထားလိုက်ရင် ဆံပင်ကြမ်းပြီး ကျွတ်ပါလိမ့်မယ်။ ဆံပင်နှစ်ခွဖြစ်ပြီး ပျက်စီးတာမျိုးတွေလည်း ဖြစ်စေပါတယ်။

ခေါင်းလျှော်ရည်နဲ့လျှော်ပါ

တချို့ကျတော့ ရေကူးပြီးရင် ရေချိုးရင်းနဲ့ ခေါင်းလောင်းချိုးလိုက်ကြတယ်၊ ဒါပေမယ့် ခေါင်းလျှော်ရည်နဲ့ သေချာလျှော်တာမျိုးတော့ မဟုတ်ပါဘူး။ အဲ့လိုလုပ်တာလည်း ဘာမှမထူးပါဘူး။ ဆံသားပျက်စီးတာပါပဲ။ ဒါကြောင့် ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပေးပါ။

Conditioner သုံးပေးပါ

ရေကူးပြီးရင် ဆံပင်ကဖွာပြီး ကြမ်းသွားပါတယ်။ ခေါင်းလျှော်ရည်နဲ့လျှော်လည်း အဲ့လိုဖြစ်ပါတယ်။ ဒါကြောင့် conditioner ထပ်သုံးပေးဖို့လိုပါမယ်။ ဒါမှ ဆံသားမပျက်စီးပဲ သိပ်သိပ်လေးနဲ့ ပျော့စင်းပြီးလှနေမှာပါ။

သဘာဝလေနဲ့ပဲအခြောက်ခံပါ

ရေကူးပြီးရင် ဆံသားကခြောက်ပြီးဖွာတဲ့အတွက် ဖြစ်နိုင်ရင် hair dryer တွေမသုံးပဲ ဒီတိုင်းသုတ်ပြီး သဘာဝလေနဲ့ပဲ အခြောက်ခံပါ။ ဆံသားခြောက်သွေ့တာ သက်သာစေပါတယ်။

ဘီနဲ့ဖြေးဖြေးချင်းစီဖြီးပါ

ဆံသားက chlorine ထိပြီးရင် ကျွတ်လွယ်ပါတယ်။ ဒါကြောင့် ခေါင်းဖြီးတဲ့အခါမှာ ဖြေးဖြေးချင်းစီ သေချာဖြီးပေးပါ။ ကြမ်းကြမ်းတမ်းတမ်းဖြီးရင် ဆံပင်တွေပိုကျွတ်ပါလိမ့်မယ်။