မင်္ဂလာပါ MyStyle Myanmar  ပရိတ်သတ်တို့ရေ။ အသက်အရွယ်ဘယ်လောက်ပဲကြီးလာပါစေ နုပျိုစိုပြေတဲ့အသားအရေကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ Beauty Salon သွားရ အိမ်မှာပဲ ပေါင်းတင်ရနဲ့ အသားအရေဂရုစိုက်တာဟာလည်း အသားအရေကောင်းမွန်စေချင်လို့ပါ။ ငယ်ရွယ်ချိန်မှာတော့ ငယ်ဂုဏ်နဲ့ အသားအရေလေးက နုဖတ်ပြီး Skin Care လုပ်စရာမလိုပါဘူး။

ဒါပေမဲ့ အသက် ၂၀ ကျော်လာတာနဲ့ အသားအရေထိန်းသိမ်းမှု စလုပ်ဖို့ သင့်ပါပြီ။ ဒီအချိန်ကတည်းက စလုပ်မှ အသက် ၄၀ ကျော်တာတောင် နုနေတုန်းပဲလို့ လူအများပြောကြမှာပါ။ ဒါကြောင့် အသားအရေ Glow ဖြစ်အောင် အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်း ၅ မျိုးကို ဖော်ပြလိုက်ပါတယ်။ ဒီနည်းလမ်းတွေကို ပုံမှန်ပြုလုပ်ပေးပါက အသားအရေနုပျိုစိုပြေလာမှာပါ။

၁။ မျက်နှာသန့်စင်ပါ

Source: NDTV Food

အသားအရေစိုပြေဖို့ အခြေခံထိန်းသိမ်းနည်းနဲ့ပဲစတာပါ။ မနက်မိုးလင်းတာနဲ့ မျက်နှာသစ်ဆေးအပျော့နဲ့ မျက်နှာပုံမှန်သစ်ပေးရပါမယ်။ ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီး အိပ်တာက တစ်နေ့လုံး ထိတွေ့ခဲ့တဲ့ အမှုန်အမွှားနဲ့ ဖုန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၂။ မျက်နှာရေငွေ့ရိုက်ပါ

Source: BlueStone Essentials

မျက်နှာကို ရေငွေ့ပေးတာကလည်း တောက်ပတဲ့အသားအရေရဖို့ သော့ချက်တစ်ခုပါ။ သင့်မျက်နှာကို တစ်ပတ်တစ်ခါ ရေငွေ့နဲ့ပေါင်းပေးတာက အရေပြားထဲက အဆိပ်တွေကို ထုတ်ပေးတာဖြစ်ပြီး ဆားဝက်ခြံတွေကို သက်သာစေပါတယ်။ ရေခိုးရိုက်တဲ့ ရေနွေးထဲမှာ Essential Oil ထည့်ပေးလို့ရပါတယ်။ တစ်ပတ်တစ်ခါထက်တော့ ကျော်လွန်ပြီး မလုပ်သင့်ပါဘူး။

၃။ ကိုယ့်အိမ်မှာပဲ Scrub လုပ်ပါ

Source: LiveAbout

Scrub လုပ်ဖို့ဆိုပြီး Facial Scrub တွေ လိုက်ဝယ်နေစရာမလိုပါဘူး။ သံလွင်ဆီနဲ့ သကြားအညိုကို ရောပေးပါ။ ဒီအရောနဲ့ မျက်နှာကို ညင်သာစွာ Scrub လုပ်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ Scrub လုပ်တာက မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်။ Scrub လုပ်တာက ချွေးပေါက်ကျယ်နိုင်တာကြောင့် ရေအေးနဲ့မျက်နှာပြန်သစ်ပေးရပါမယ်။

၎။ အစိုဓာတ်ထိန်းပေးပါ

Source: Floral Skin

တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အစိုဓာတ်ထိန်းပေးဖို့ မမေ့သင့်ပါဘူး။ မျက်နှာအစိုဓာတ်လုံလောက်စွာ ရမှ အသားအရေ Glow ဖြစ်မှာပါ။ ဒါကြောင့် Moisture Cream ကို နေ့စဉ်လိမ်းပေးရပါမယ်။ ဗာဒံစေ့အဆီ ဒါမှမဟုတ် Rosehip Oil ကလည်း မျက်နှာကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။

၅။ Mask သုံးပေးပါ

Source: Foreo

Facial Mask တွေက သင့်အသားအရေထိန်းသိမ်းရေးမှာ အထိရောက်ဆုံး ပစ္စည်းပါ။ အပတ်တိုင်း Mask ကပ်ပေးပါ။ ငှက်ပျောသီးနဲ့ ဗီတာမင်အီး အရောနဲ့လည်း ပေါင်းတင်ပေးနိုင်ပါတယ်။ Mask တစ်ခါကပ်ရင် ၁၅ မိနစ်ပဲကြာပါတယ်။ Serum ပါတဲ့ Mask တွေက အသုံးပြုပြီးရင် မျက်နှာဆေးစရာမလိုပါဘူး။

ပျိုမေအားလုံး နုပျိုစိုပြေတဲ့ အသားအရေပိုင်ဆိုင်ဖို့ မျှော်လင့်မိပါတယ်။

By MyStyle Myanmar