[Zawgyi]

ရည္းစားေဟာင္းဆိုတာ ကိုယ္တက္ဖူးတဲ့ ေက်ာင္းနဲ ့ကိုယ္အလုပ္ဝင္ခဲ့ဖူးတဲ့ ရံုးတစ္ရံုးလိုပါပဲ။ ရင္းႏွီးခဲ့ၿပီးသား အမွတ္တရေတြနဲ ့ျပန္ေျပာမယ္ဆိုရင္ေတာင္ ေျပာစရာေတြက ဟိုတစ္စ ဒီတစ္စ ရိွတတ္ၾကပါတယ္။ Ex နဲ ့ဘယ္လိုပဲ လမ္းခဲြခဲ့ လမ္းခဲြခဲ့ အရင္လို ျပန္ျဖစ္ခ်င္ခဲ့တဲ့ ဆႏၵကေတာ့ ခ်စ္သူတိုင္းမွာ ရိွၾကမယ္ ထင္ပါတယ္။တကယ္လို ့ကိုယ့္ရဲ႕ အဆက္ေဟာင္းနဲ ့ျပန္တဲြမယ္ဆိုရင္ေတာ့ ဒီအခ်က္ ၅ ခ်က္ကို စဥ္းစားသင့္ပါတယ္။

(၁) ဘာေၾကာင့္ကဲြသြားတာလဲ

Source : Elite Daily

တစ္ေယာက္နဲ႔တစ္ေယာက္ လမ္းခဲြမႈမွာ တစ္ေယာက္ကို တစ္ေယာက္ အျပစ္ပံုခ် လက္ညိွဳးထိုးဖို႔ထက္ တကယ့္ကဲြကြာေစတဲ့ အေၾကာင္းရင္းက ဘာလဲဆိုတာ ျပန္စဥ္းစားဖို႔လိုပါတယ္။ တကယ္လို႔ သူ႔ဘက္က ကိုယ့္ကို အေၾကာင္းမဲ့ ျဖတ္သြားခဲ့တယ္ဆိုရင္ ကိုယ့္ဘက္က ျပန္တမ္းတေနတာက သိပ္အဆင္မေျပပါဘူး။ အဲ့လို Ex နဲ႔ ျပန္တဲြခြင့္ရရင္ေတာင္ ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရး ျဖစ္ပါ့မလားဆိုတာ မေသခ်ာပါဘူး။

(၂) ဘယ္ေလာက္ၾကာၾကာ ကဲြသြားတာလဲ

Source : istockphoto

အရင္တစ္လ ႏွစ္လကမွ ျပတ္စဲသြားတာလား။ ကဲြသြားတာက ၂ ႏွစ္ ၃ ႏွစ္လား။ ဒီအခ်က္က ထည့္စဥ္းစားဖို႔လိုပါတယ္။ တကယ္လို႔ ျပတ္သြားတာ မၾကာေသးဘူးဆိုရင္ တကယ္ကဲြတာေရာ ဟုတ္ရဲ႕လား။ ခဏတာ Break Up ျဖစ္သြားတာလား။ ကိုယ့္အသက္ရဲ႕ ၁၀ ပံု ၁ ပံု ၾကာေအာင္ ကဲြခဲ့တာဆိုရင္ ျပန္တဲြဖို႔ အခ်ိန္ေပး စဥ္းစားသင့္ပါတယ္။

(၃) ဘာေၾကာင့္ ျပန္တဲြခ်င္တာလဲ

Source : iStock

ဒီေမးခြန္းကို ေျဖတဲ့အခါ ကိုယ့္ကိုယ္ကို ရိုးသားဖို႔ လိုပါတယ္။ အရင္တုန္းက ခ်စ္ျခင္းနဲ႔ အၾကင္နာေတြကို လိုခ်င္လို႔ ျပန္တဲြတယ္ဆိုရင္ သိထားသင့္တာက အတိတ္ေတြက ၿပီးဆံုးသြားခဲ့ၿပီဆိုတာပါပဲ။ အတိတ္ရဲ႕ ေပ်ာ္စရာေတြက စိတ္ကူးယဥ္ဖို႔ပဲ ေကာင္းေတာ့တာပါ။ တစ္ခ်ိဳ႕ကိစၥေတြမွာ စိတ္ကူးတာဟာ တကယ္ျဖစ္ရတာထက္ သာယာပါတယ္။ တကယ္ျဖစ္လာခ်ိန္မွာသာ ေပါ့ပ်က္ပ်က္ ဟာတာတာ ျဖစ္သြားတတ္တာကို မေမ့ဖို႔လိုပါတယ္။

(၄) ဘယ္ေလာက္ ကြာျခားသြားၿပီလဲ

Source : Daily Active

အေျခအေနေတြက အမ်ိဳးမ်ိဳးပါ။ အခ်ိန္ေတြ ၾကာလာေလေလ ပိုရႈပ္ေထြးၿပီး နားလည္ရခက္တဲ့ အျဖစ္ဟာ ရည္စားေဟာင္းေတြ အၾကားမွာ ရိွၾကပါတယ္။ အခုခ်ိန္ဟာ အဆက္ေဟာင္းနဲ႔ ျပန္ေပါင္းထုပ္သင့္တဲ့ အခ်ိန္ေရာ ဟုတ္ရဲ႕လား။ ေဝးသြားတဲ့ အခ်ိန္ေတြမွာ သူ ဘယ္ေလာက္ ေျပာင္းလဲခဲ့ၿပီလဲ။ ေနာက္ၿပီး ကိုယ္နဲ႔ ျပတ္သြားတဲ့အခ်ိန္က သူ႔ ျပႆနာေတြေရာ ကိုယ္က လက္ခံႏိုင္ပါ့မလား။ ကိုယ့္ရဲ႕ ျပႆနာေတြကိုေရာ သူက လက္ခံပါ့မလား။

(၅) ဘယ္လို ျပင္ဆင္ထားလဲ

Source : Bustle

ေနာက္တစ္ႀကိမ္ အသည္းကဲြႏိုင္တယ္။ မ်က္ရည္က်ႏိုင္တယ္။ ဒါေတြအတြက္ေရာ ျပင္ဆင္ထားသလား။ Ex နဲ႔ ျပန္ခ်စ္ခြင့္ရတာနဲ႔ပဲ အရင္လို ေပ်ာ္ရႊင္ႏိုင္မယ္လို႔ တရားေသ မွတ္မထားသင့္ပါဘူး။ ကိုယ့္ဘဝထဲက သူ ေနာက္တစ္ႀကိမ္ ထြက္သြားမယ္ဆိုရင္ ကိုယ္ဘာေတြ ဆက္လုပ္မွာလဲ။ ဒါေတြဟာ မေရရာေပမယ့္ ျပင္ဆင္ထားသင့္တဲ့ အထဲမွာ ပါပါတယ္။

[Unicode]

ရည်းစားဟောင်းဆိုတာ ကိုယ်တက်ဖူးတဲ့ ကျောင်းနဲ့ကိုယ်အလုပ်ဝင်ခဲ့ဖူးတဲ့ ရုံးတစ်ရုံးလိုပါပဲ။ ရင်းနှီးခဲ့ပြီးသား အမှတ်တရတွေနဲ့ပြန်ပြောမယ်ဆိုရင်တောင် ပြောစရာတွေက ဟိုတစ်စ ဒီတစ်စ ရှိတတ်ကြပါတယ်။ Ex နဲ့ဘယ်လိုပဲ လမ်းခွဲခဲ့ လမ်းခွဲခဲ့ အရင်လို ပြန်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကတော့ ချစ်သူတိုင်းမှာ ရှိကြမယ် ထင်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ အဆက်ဟောင်းနဲ့ပြန်တွဲမယ်ဆိုရင်တော့ ဒီအချက် ၅ ချက်ကို စဉ်းစားသင့်ပါတယ်။

(၁) ဘာကြောင့်ကွဲသွားတာလဲ

Source : Elite Daily

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲမှုမှာ တစ်ယောက်ကို တစ်ယောက် အပြစ်ပုံချ လက်ညှိုးထိုးဖို့ထက် တကယ့်ကွဲကွာစေတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါတယ်။ တကယ်လို့ သူ့ဘက်က ကိုယ့်ကို အကြောင်းမဲ့ ဖြတ်သွားခဲ့တယ်ဆိုရင် ကိုယ့်ဘက်က ပြန်တမ်းတနေတာက သိပ်အဆင်မပြေပါဘူး။ အဲ့လို Ex နဲ့ ပြန်တွဲခွင့်ရရင်တောင် ပျော်စရာကောင်းတဲ့ အချစ်ရေး ဖြစ်ပါ့မလားဆိုတာ မသေချာပါဘူး။

(၂) ဘယ်လောက်ကြာကြာ ကွဲသွားတာလဲ

Source : istockphoto

အရင်တစ်လ နှစ်လကမှ ပြတ်စဲသွားတာလား။ ကွဲသွားတာက ၂ နှစ် ၃ နှစ်လား။ ဒီအချက်က ထည့်စဉ်းစားဖို့လိုပါတယ်။ တကယ်လို့ ပြတ်သွားတာ မကြာသေးဘူးဆိုရင် တကယ်ကွဲတာရော ဟုတ်ရဲ့လား။ ခဏတာ Break Up ဖြစ်သွားတာလား။ ကိုယ့်အသက်ရဲ့ ၁၀ ပုံ ၁ ပုံ ကြာအောင် ကွဲခဲ့တာဆိုရင် ပြန်တွဲဖို့ အချိန်ပေး စဉ်းစားသင့်ပါတယ်။

(၃) ဘာကြောင့် ပြန်တွဲချင်တာလဲ

Source : iStock

ဒီမေးခွန်းကို ဖြေတဲ့အခါ ကိုယ့်ကိုယ်ကို ရိုးသားဖို့ လိုပါတယ်။ အရင်တုန်းက ချစ်ခြင်းနဲ့ အကြင်နာတွေကို လိုချင်လို့ ပြန်တွဲတယ်ဆိုရင် သိထားသင့်တာက အတိတ်တွေက ပြီးဆုံးသွားခဲ့ပြီဆိုတာပါပဲ။ အတိတ်ရဲ့ ပျော်စရာတွေက စိတ်ကူးယဉ်ဖို့ပဲ ကောင်းတော့တာပါ။ တစ်ချို့ကိစ္စတွေမှာ စိတ်ကူးတာဟာ တကယ်ဖြစ်ရတာထက် သာယာပါတယ်။ တကယ်ဖြစ်လာချိန်မှာသာ ပေါ့ပျက်ပျက် ဟာတာတာ ဖြစ်သွားတတ်တာကို မမေ့ဖို့လိုပါတယ်။

(၄) ဘယ်လောက် ကွာခြားသွားပြီလဲ

Source : Daily Active

အခြေအနေတွေက အမျိုးမျိုးပါ။ အချိန်တွေ ကြာလာလေလေ ပိုရှုပ်ထွေးပြီး နားလည်ရခက်တဲ့ အဖြစ်ဟာ ရည်စားဟောင်းတွေ အကြားမှာ ရှိကြပါတယ်။ အခုချိန်ဟာ အဆက်ဟောင်းနဲ့ ပြန်ပေါင်းထုပ်သင့်တဲ့ အချိန်ရော ဟုတ်ရဲ့လား။ ဝေးသွားတဲ့ အချိန်တွေမှာ သူ ဘယ်လောက် ပြောင်းလဲခဲ့ပြီလဲ။ နောက်ပြီး ကိုယ်နဲ့ ပြတ်သွားတဲ့အချိန်က သူ့ ပြဿနာတွေရော ကိုယ်က လက်ခံနိုင်ပါ့မလား။ ကိုယ့်ရဲ့ ပြဿနာတွေကိုရော သူက လက်ခံပါ့မလား။

(၅) ဘယ်လို ပြင်ဆင်ထားလဲ

Source : Bustle

နောက်တစ်ကြိမ် အသည်းကွဲနိုင်တယ်။ မျက်ရည်ကျနိုင်တယ်။ ဒါတွေအတွက်ရော ပြင်ဆင်ထားသလား။ Ex နဲ့ ပြန်ချစ်ခွင့်ရတာနဲ့ပဲ အရင်လို ပျော်ရွှင်နိုင်မယ်လို့ တရားသေ မှတ်မထားသင့်ပါဘူး။ ကိုယ့်ဘဝထဲက သူ နောက်တစ်ကြိမ် ထွက်သွားမယ်ဆိုရင် ကိုယ်ဘာတွေ ဆက်လုပ်မှာလဲ။ ဒါတွေဟာ မရေရာပေမယ့် ပြင်ဆင်ထားသင့်တဲ့ အထဲမှာ ပါပါတယ်။