စာဖတ်သူများအနေနဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့အတွက် ဘယ်လိုလုပ်ဆောင်လေ့ရှိကြပါသလဲ။ အချို့ကတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ရယ်ရွှင်စရာဟာသကားလေးတွေ ကြည့်ကြတယ်။ တချို့ကလည်း မိမိကြိုက်နှစ်သက်တဲ့ အစားအစာများကို အားရပါးရစားသုံးလေ့ရှိကြပါတယ်။ တချို့ကျတော့ စိတ်ပြေလက်ပျောက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။

လစဉ်လတိုင်း ခရီးမသွားနိုင်ဘူးဆိုရင်တောင် တစ်နှစ်မှာ အနည်းဆုံးတစ်ခါလောက်တော့ ခရီးထွက်သင့်ပါတယ်။ ခရီးထွက်ခြင်းက ဒေသန္တရဗဟုသုတများစွာ ရရှိနိုင်တဲ့အပြင် လှပတဲ့ရှုမျှော်ခင်းတွေကြောင့် စိတ်အေးချမ်းသာရမှာပဲဖြစ်ပါတယ်။ ခရီးထွက်တဲ့အခါမှာလည်း စိတ်အေးချမ်းသာပြီး နောက်ဆံမတင်းရစေဖို့ အခုဖော်ပြမယ့်အချက်လေးတွေကို လိုက်နာကြည့်လိုက်ပါ။

ထည့်သွားရမယ့် ပစ္စည်းများကို စားရင်းဇယားပြုလုပ်ထားပါ

အရင်ဦးဆုံးဆုံးအနေနဲ့ ကိုယ် ဝတ်မယ့်အဝတ်အစားများနဲ့ ယူသွားမယ့် အသုံးအဆောင်ပစ္စည်းများ စတာတွေကို သေသေချာချာစာရင်းဇယားပြုလုပ်လိုက်ပါ။ ဒါမှ မေ့ကျန်ခဲ့တဲ့ပစ္စည်းတွေ မရှိဘဲ စိတ်အေးချမ်းသာစွာနဲ့ ခရီးသွားနိုင်မှာပဲဖြစ်ပါတယ်။

ဖိနပ်အပိုတစ်ရံဆောင်ထားပါ

ခရီးသွားနေချိန်မှာ ဖိနပ်အပိုတစ်ရံမဖြစ်မနေ ဆောင်သွားရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ မတော်တဆ သင့်ရဲ့ ဖိနပ်တစ်ရပ်က ပြတ်သွားတဲ့အချိန်မျိုးမှာပဲ တိုက်ဆိုင်စွာနဲ့ပဲ အနီးအနားမှာ ဖိနပ်ဆိုင်မရှိဘူးဆိုရင်တော့ အခက်တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ဖိနပ်အပိုတစ်ရံဆောင်ခိုင်းတာပဲဖြစ်ပါတယ်။

မျက်နှာသစ်ဆေး၊ သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများ

ခရီးသွားတဲ့အခါ ရှုခင်းလှတဲ့နေရာရောက်ပြီဆိုရင် ဓာတ်ပုံလှလှလေးရိုက်ကြတယ်မဟုတ်လား။ ဓာတ်ပုံလှလှလေးထွက်ဖို့ဆိုရင် မိတ်ကပ်လှလှလေးလည်း ပြင်ထားဖို့ လိုမယ်နော်။ ဒ့ါကြောင့် အလှကုန်ပစ္စည်းတွေရော နေ့စဉ်သုံးပစ္စည်းတွေကိုပါ မမေ့မလျော့ ယူသွားရပါမယ်။

အီလက်ထရောနစ်ပစ္စည်များ

Source: lumsing.com

နေ့စဉ်ဘဝအတွက် မပါမဖြစ်ပစ္စည်းတွေထဲမှာ စမတ်ဖုန်းရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖုန်းအသုံးလိုနေတဲ့အချိန်မှာ ဖုန်းအားကုန်သွားတာမျိုး မဖြစ်ရလေအောင် ခရီးသွားစဉ်မှာ ပါဝါဘန့်ခ်လေးတွေ ဆောင်ထားပေးဖို့ လိုပါလိမ့်မယ်။

ဆေးဝါးများနှင့် လိမ်းဆေးများ

ခရီးသွားနေချိန်မှာ ဘယ်သူကမှတော့ နေမကောင်းဖြစ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကားမူးတာတို့၊ လှိုင်းမူးတာတို့အတွက် သောက်စရာဆေးဝါးနဲ့ လိမ်းစရာဆေး အဆင်သင့်ရှိနေမယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

Source: stylecraze.com