(Zawgyi Version)

တစ္ခါတစ္ေလက်ရင္ ကိုယ္တိုင္လုပ္ေနမိတဲ့အရာေတြ၊ ကုိယ့္ရဲ႔အတၱေတြေၾကာင့္ လက္ရွိအခ်စ္ေရးက ျပတ္ေတာက္သြားတာမ်ိဳး၊ ၿပီးဆံုးသြားတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အေနနဲ႔ မွားေနတာရွိရင္လည္း ျပန္ျပင္ဆင္လို႔ရေအာင္၊ လက္ရွိအခ်စ္ေရးက ပိုၿပီးသာယာခိုင္ၿမဲလာေအာင္ ဒီအရာေတြကို သိထားဖို႔လိုပါလိမ့္မယ္။

ယံုၾကည္မႈမရွိၾကဘူး

အခ်စ္ေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္မႈရွိဖို႔က အေရးအႀကီးဆံုးပါပဲ။ ဒီလိုယံုၾကည္မႈမရွိၾကရင္ အခ်စ္ေရးက သာယာႏိုင္မွာမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္မႈေတြမရွိ၊ သံသယေတြမ်ားေနၿပီး ၾကာလာရင္ ေဝးကြားသြားႏိုင္ပါတယ္။

သဝန္တိုစိတ္ေတြျပင္းထန္ေနတယ္

ကိုယ့္ခ်စ္သူအေပၚမွာ လူတိုင္းကေတာ့ သဝန္တိုၾကတာပါပဲ။ ဒါေပမယ့္ တရားလြန္ႀကီး သဝန္တိုေနတာမ်ိဳး၊ ဘာမဟုတ္တာေလးေတြကအစ တစ္ခ်ိန္လံုးသဝန္တို၊ ျပႆနာရွာေနတာမ်ိဳးဆိုရင္ေတာ့ ၾကာလာရင္ ျပႆနာ ခဏခဏျဖစ္ၿပီး ျပတ္ဆဲသြားပါလိမ့္မယ္။

ကိုယ့္အခ်စ္ေရးကို တျခားအတဲြေတြနဲ႔ အၿမဲႏိႈင္းယွဥ္ေနတယ္

ကိုယ့္ခ်စ္သူကို တျခားသူနဲ႔ ယွဥ္ၿပီးေျပာဆိုတာမ်ိဳး မလုပ္သင့္သလို၊ ကိုယ့္အခ်စ္ေရး၊ ကိုယ့္ရဲ႔ Relationship ကိုလည္း တျခားအတဲြေတြနဲ႔ ယွဥ္ၿပီး မေျပာသင့္ပါဘူး။ ဒီလိုလိုက္ႏိႈင္းယွဥ္ေနရင္ ကိုယ္လဲစိတ္ညစ္ရမယ္၊ ကိုယ့္ခ်စ္သူလည္း စိတ္ညစ္ရမယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း စိတ္ပ်က္လာပါလိမ့္မယ္။

ကုိယ့္အမွားကိုယ္မျမင္ဘူး

အမွားလုပ္မိတာကို နားလည္ေပးလို႔ရေပမယ့္ ကိုယ့္အမွားကိုယ္မျမင္တာမ်ိဳးကေတာ့ ေတာ္ေတာ္ဆိုးပါတယ္။ တစ္ခုခုဆိုရင္ သူမ်ားကိုပဲ အျပစ္တင္ေျပာဆိုမယ္၊ ကိုယ့္အမွားကိုလည္း ကိုယ္မျမင္ဘူး၊ သူမ်ားကေထာက္ျပေနလည္း ကိုယ့္အမွားကိုယ္မျမင္ဘူး။ ဒီလိုလုပ္ရက္ေတြက တစ္ဖက္လူအတြက္ေတာ့ စိတ္ပ်က္ေစတဲ့အရာတစ္ခုပါပဲ။

ခြင့္မလႊတ္ႏိုင္ဘူး

ကိုယ္ကခ်စ္တယ္၊ မျပတ္ႏိုင္ဘူးဆိုရင္ ခြင့္လႊတ္လိုက္ပါ။ ေတာ္ရံုတန္ရံု ခြင့္လႊတ္ေပးလို႔ရတာမ်ိဳးဆိုရင္ ခြင့္လႊတ္ေပးလိုက္ပါ။ မာနေတြထားၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ တင္းမာေနရင္ မျပတ္သင့္ပဲ ျပတ္သြားတာမ်ိဳး ျဖစ္တတ္ပါတယ္။

Photo Source: www.bolde.com

(Unicode Version)

တစ်ခါတစ်လေကျရင် ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေ၊ ကိုယ့်ရဲ့အတ္တတွေကြောင့် လက်ရှိအချစ်ရေးက ပြတ်တောက်သွားတာမျိုး၊ ပြီးဆုံးသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ မှားနေတာရှိရင်လည်း ပြန်ပြင်ဆင်လို့ရအောင်၊ လက်ရှိအချစ်ရေးက ပိုပြီးသာယာခိုင်မြဲလာအောင် ဒီအရာတွေကို သိထားဖို့လိုပါလိမ့်မယ်။

ယုံကြည်မှုမရှိကြဘူး

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလိုယုံကြည်မှုမရှိကြရင် အချစ်ရေးက သာယာနိုင်မှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေမရှိ၊ သံသယတွေများနေပြီး ကြာလာရင် ဝေးကွားသွားနိုင်ပါတယ်။

သဝန်တိုစိတ်တွေပြင်းထန်နေတယ်

ကိုယ့်ချစ်သူအပေါ်မှာ လူတိုင်းကတော့ သဝန်တိုကြတာပါပဲ။ ဒါပေမယ့် တရားလွန်ကြီး သဝန်တိုနေတာမျိုး၊ ဘာမဟုတ်တာလေးတွေကအစ တစ်ချိန်လုံးသဝန်တို၊ ပြဿနာရှာနေတာမျိုးဆိုရင်တော့ ကြာလာရင် ပြဿနာ ခဏခဏဖြစ်ပြီး ပြတ်ဆဲသွားပါလိမ့်မယ်။

ကိုယ့်အချစ်ရေးကို တခြားအတွဲတွေနဲ့ အမြဲနှိုင်းယှဉ်နေတယ်

ကိုယ့်ချစ်သူကို တခြားသူနဲ့ ယှဉ်ပြီးပြောဆိုတာမျိုး မလုပ်သင့်သလို၊ ကိုယ့်အချစ်ရေး၊ ကိုယ့်ရဲ့ Relationship ကိုလည်း တခြားအတွဲတွေနဲ့ ယှဉ်ပြီး မပြောသင့်ပါဘူး။ ဒီလိုလိုက်နှိုင်းယှဉ်နေရင် ကိုယ်လဲစိတ်ညစ်ရမယ်၊ ကိုယ့်ချစ်သူလည်း စိတ်ညစ်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း စိတ်ပျက်လာပါလိမ့်မယ်။

ကိုယ့်အမှားကိုယ်မမြင်ဘူး

အမှားလုပ်မိတာကို နားလည်ပေးလို့ရပေမယ့် ကိုယ့်အမှားကိုယ်မမြင်တာမျိုးကတော့ တော်တော်ဆိုးပါတယ်။ တစ်ခုခုဆိုရင် သူများကိုပဲ အပြစ်တင်ပြောဆိုမယ်၊ ကိုယ့်အမှားကိုလည်း ကိုယ်မမြင်ဘူး၊ သူများကထောက်ပြနေလည်း ကိုယ့်အမှားကိုယ်မမြင်ဘူး။ ဒီလိုလုပ်ရက်တွေက တစ်ဖက်လူအတွက်တော့ စိတ်ပျက်စေတဲ့အရာတစ်ခုပါပဲ။

ခွင့်မလွှတ်နိုင်ဘူး

ကိုယ်ကချစ်တယ်၊ မပြတ်နိုင်ဘူးဆိုရင် ခွင့်လွှတ်လိုက်ပါ။ တော်ရုံတန်ရုံ ခွင့်လွှတ်ပေးလို့ရတာမျိုးဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။ မာနတွေထားပြီး တစ်ယောက်နဲ့ တစ်ယောက် တင်းမာနေရင် မပြတ်သင့်ပဲ ပြတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

Photo Source: www.bolde.com