အားလုံးပဲ မင်္ဂလာပါ။ သင်က အလှအပကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပေမယ့် တစ်နေကုန် ရုံးအလုပ်တွေနဲ့ လုံးပမ်းနေရပြီး အလှအပအတွက် ဂရုမစိုက်အားတဲ့သူတစ်ယောက်ဖြစ်နေပါသလား။

အရေးကြီး ဧည့်သည်တွေနဲ့ အစည်းအဝေးပြုလုပ်ဖို့၊ တစ်ကိုယ်တော် (သို့မဟုတ်) အဖွဲ့လိုက် Presentation တွေ ပြုလုပ်တဲ့အခါ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျနေရမယ့်အပြင် အလှအပမပျက်ဖို့ကလည်း အရေးကြီးတယ်နော်။ ဒါ့ကြောင့် သင့်ရဲ့ စလင်းဘတ်အိတ်ထဲမှာ ရုံးသွားတိုင်း၊ အပြင်သွားတိုင်းဆောင်ထားသင့်တဲ့ အလှကုန်ပစ္စည်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဘီဘီ ခရင်မ်

ဘီဘီခရင်မ်က SPF ပါဝင်တဲ့အပြင် သင့်မျက်နှာပေါ်က အပြစ်အနာအဆာများကို လုံးဝဖုံးဖိပေးထားနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အသားအရေကိုလည်း အစိုဓာတ်ထိန်းပေးထားနိုင်ပါတယ်။ လူသိများပြီး အရည်အသွေးကောင်းမွန်တဲ့ ဘီဘီခရင်မ်များကိုသာ ရွေးချယ်အသုံးပြုပါ

မျက်လုံးဆွဲခဲတံလေးလည်း ဆောင်ထားပါ

မိတ်ကပ်စပရေးဘူး

တစ်နေကုန် ချွေးထွက်ပြီး အလုပ်လုပ်နေရတဲ့အခါ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ အဲ့ဒီလိုခံစားရတဲ့အချိန်မှာ မိတ်ကပ်စပရေးဘူးလေး ဖြန်းပေးလိုက်မယ်ဆိုရင် ပြန်လည်လန်းဆန်းမှုကို ခံစားရနိုင်ပါတယ်။ စပရေးဘူးတွေက အနံ့အမျိုးမျိုးရှိတာကြောင့် မိမိနှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ခေါင်းစည်းကြိုးလေးလည်း ဆောင်ထားပါ

ရေစို တစ်သျှူးလေးတွေလည်း ဆောင်ထားပေးပါ

သင့်မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးမယ့်အပြင် လန်းဆန်းလာဖို့ဆိုရင်တော့ မျက်နှာကို ရေစိုတစ်သျှူးလေးနဲ့ သုတ်ပေးလိုက်ပါ။ ဒါမှ ရုံးဆင်းလို့ သင့်ချစ်သူက လာကြိုတဲ့အခါ ပင်ပန်းနွမ်းနယ်ပြီး အလှပျက်နေတဲ့မျက်နှာကို မမြင်ရမှာပါ။

Source: www.onlymyhealth.com