[Zawgyi]

ႏွစ္ရွည္လမ်ားတြဲလာတဲ့ ခ်စ္သူနဲ႔အေျခေနအမ်ိဳးမ်ိဳးေၾကာင့္ လက္တြဲျဖဳတ္လိုက္ရလို႔ လမ္းေပ်ာက္သြားသလိုခံစားေနရလား?။ ဒါမွမဟုတ္ Single life မွာ သက္တမ္းရင့္သြားလို႔ ေပ်ာ္ရႊင္စရာ Relationship တစ္ခုရပါ့အုန္းမလား? စသျဖင့္ေတြးပူခံစားေနရရင္ေတာ့ ဒီစာေလးကစာဖတ္သူအတြက္ပါပဲ။ ေပ်ာ္ရႊင္မႈနဲ႔ တစ္ဦးတည္းရွင္သန္ရပ္တည္ျခင္းဟာ ဆက္စပ္လို႔မရတဲ့ အရာႏွစ္ခုမဟုတ္တာကို အရင္ဆံုးသတိရလိုက္ပါ။

ကိုယ္ဝါသနာပါတဲ့အရာေတြကိုရွာေဖြရင္း ႀကိဳးစားျဖည့္ဆည္းေနမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕Relationship Status နဲ႔ မသက္ဆိုင္ပဲေပ်ာ္ရႊင္မႈေတြကို အၿမဲပိုင္ဆိုင္ေနရမွာ အေသခ်ာပါပဲ။ တစ္ခုရွိတာက ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈ အစစ္မွန္ကို ဘယ္လိုရွာေဖြရမလဲ၊ ကိုယ့္ရဲ႕ Relationship အေျခေနနဲ႔ ပတ္သက္ၿပီးဘယ္လိုခံယူထားသင့္သလဲ ဆိုတာေတြကို နည္းလမ္းမွန္ကန္စြာ သိထားမွသာ Independent ျဖစ္တဲ့လူတစ္ေယာက္အျဖစ္ ေပ်ာ္ရႊင္မႈကိုခံစားႏိုင္တာမို႔ လက္ခံထားရမယ့္အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ကိုယ္သည္သာကိုယ့္ရဲ႕ပဲ့ကိုင္ရွင္ပါ

Source : Freepik

သင္သာ Relationship ရွိတဲ့ သူတစ္ေယာက္ဆိုရင္ သင့္လက္တြဲေဖာ္ရဲ႕ လိုအင္ဆႏၵေတြကို ဥေပကၡာျပဳထားၿပီး မိမိျဖစ္ခ်င္တာေတြကို အေကာင္ထည္ေဖာ္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ Singleတစ္ေယာက္မွာေတာ့ ဒီလိုအေႏွာင္အဖြဲ႔ေတြကင္းလို႔ သင့္ကိုဘယ္သူကမွ လြမ္းမိုးခ်ယ္လွယ္မႈေတြမျပဳႏိုင္ပါဘူး။ ကုိယ့္ရဲ႕အခ်ိန္ေတြအားလံုးကို ကိုယ္သာပိုင္ၿပီး ခ်ဳပ္ေႏွာင္မႈကင္းကင္းနဲ႔ ကိုယ့္အိပ္မက္ေတြကိုယ္ရွာေဖြႏိုင္မယ့္ အႏွစ္သာရကိုခံစားၾကည့္ပါ။

(၂) ကိုယ့္ကိုယ္ကို Version ျမႇင့္ဖို႔အခ်ိန္ေတြပါ

Source : struggling together

ဖုန္းေတြေတာင္အခ်ိန္နဲ႔ တေျပးညီ version ျမႇင့္ေနရတဲ့ခ်ိန္မွာ သင့္ကိုသင္လည္း version ျမႇင့္ဖို႔မေမ့ပါနဲ႔ေနာ္။ ကိုယ့္အခ်ိန္ေတြအားလံုးကို ကိုယ္သာပိုင္ေနခ်ိန္ဟာ အရာအားလုံးကို ပိုင္ဆိုင္ထားရသလိုပါပဲ။သင္ျဖစ္ခ်င္တာမွန္သမ်ွ အေကာင္ထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားလို႔ရႏိုင္မယ့္အခ်ိန္ေတြမို႔ ပိုေကာင္းၿပီးပို smart က်တဲ့ new version ဖန္တီးႏိုင္ေစမွာပါ။

(၃) ဝါသနာအသစ္ေတြရွာေဖြပါ

Source : clasesinstituto

ကိုယ့္ရဲ႕ career နဲ႔ မသက္ဆိုင္တဲ့ hobby ေတြ ရွိထားဖို႔မလိုဘူးလို႔ မထင္လိုက္ပါနဲ႔။ ကိုယ္စိတ္ဝင္စားတဲ့ အသစ္ဆန္းေသာ hobby ေတြကို စမ္းသပ္ရွာေဖြရင္းပိုေကာင္းတဲ့ career life တစ္ခုကို ေရာက္သြားေစႏိုင္တဲ့အထိ အက်ိဳးထူးႏိုင္ပါတယ္။ သင့္ဝါသနာေနာက္ကိုလိုက္ရတာဟာ အခ်ိန္ေတြကုန္ဆံုးမွန္းမသိႏိုင္ေလာက္ေအာင္ အႏွစ္သာရရွိတာအေသခ်ာပဲမို႔ ခုပဲစတင္လိုက္ပါ။

(၄) စိတ္တူကိုယ္တူ မိတ္ေဆြေတြရွာေဖြဖို႔အေကာင္းဆံုးအခ်ိန္ပါ

Source : Envato Elements

သင္သာRSရွိမယ္ဆိုရင္ သင့္အခ်ိန္ရဲ႕ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားဟာ သင့္လက္တြဲေဖာ္အတြက္ပဲ ေပးထားရမွာပါ။အဲ့အတြက္သင္နဂိုပိုင္ဆိုင္ထားတဲ့ မိတ္ေဆြအသိုင္းဝိုင္းကေနေတာင္ အနည္းငယ္ေဝးလာသလို ခံစားလာရေစႏိုင္တာမို႔ မိတ္ေဆြအသစ္ရဖို႔ဆိုတာ အင္မတန္အလွမ္းေဝးသြားပါၿပီ။ သင္သာsingleဆိုရင္ ဒီလိုဆံုးရွံုးမႈမ်ိဳးကို Bye-Byeပါပဲ။ သင္ဝါသနာပါရာ သင္တန္းေတြတက္ရင္း စိတ္တူကိုယ္တူမိတ္ေဆြအသစ္ေတြ ရႏိုင္သလို၊ မိတ္ေဟာင္းေဆြေဟာင္းေတြကိုလဲ အခ်ိန္ပိုေပးႏိုင္လို႔ သင့္အတြက္ connection ေကာင္းေတြရလာႏိုင္ပါတယ္။

(၅) လကုန္ခါနီးလဲ ဝမ္းဝခါးလွမယ့္အခ်ိန္ပါ

Source : Femmes

“Relationships are expensive”ဆိုသလိုပါပဲ။Relationship တစ္ခုမွာ သင့္လက္တြဲေဖာ္ကသာ ေရသာခိုအေခ်ာင္ခိုတတ္မယ္ဆိုရင္ သြာယလာကုန္က်စရိတ္ေတြဟာ သင့္ေခါင္းေပၚအလိုလိုေရာက္လာမွာပါ။ဒါမဲ့သင္သာ single ဆိုရင္ေတာ့ ကိုယ့္မွာအပိုကုန္က်စရိတ္ေတြမရွိလို႔ သင္လိုအပ္တဲ့ေနရာေတြမွာ သင့္စိတ္ႀကိဳက္သံုးစြဲႏိုင္လို႔ လကုန္ခါနီးလဲ ဝမ္းဝခါးလွေနႏိုင္မွာအေသခ်ာပါပဲ။

[Unicode]

နှစ်ရှည်လများတွဲလာတဲ့ ချစ်သူနဲ့အခြေနေအမျိုးမျိုးကြောင့် လက်တွဲဖြုတ်လိုက်ရလို့ လမ်းပျောက်သွားသလိုခံစားနေရလား?။ ဒါမှမဟုတ် Single life မှာ သက်တမ်းရင့်သွားလို့ ပျော်ရွှင်စရာ Relationship တစ်ခုရပါ့အုန်းမလား? စသဖြင့်တွေးပူခံစားနေရရင်တော့ ဒီစာလေးကစာဖတ်သူအတွက်ပါပဲ။ ပျော်ရွှင်မှုနဲ့ တစ်ဦးတည်းရှင်သန်ရပ်တည်ခြင်းဟာ ဆက်စပ်လို့မရတဲ့ အရာနှစ်ခုမဟုတ်တာကို အရင်ဆုံးသတိရလိုက်ပါ။ ကိုယ်ဝါသနာပါတဲ့အရာတွေကိုရှာဖွေရင်း ကြိုးစားဖြည့်ဆည်းနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့Relationship Status နဲ့ မသက်ဆိုင်ပဲပျော်ရွှင်မှုတွေကို အမြဲပိုင်ဆိုင်နေရမှာ အသေချာပါပဲ။ တစ်ခုရှိတာက ကိုယ့်ရဲ့ပျော်ရွှင်မှု အစစ်မှန်ကို ဘယ်လိုရှာဖွေရမလဲ၊ ကိုယ့်ရဲ့ Relationship အခြေနေနဲ့ ပတ်သက်ပြီးဘယ်လိုခံယူထားသင့်သလဲ ဆိုတာတွေကို နည်းလမ်းမှန်ကန်စွာ သိထားမှသာ Independent ဖြစ်တဲ့လူတစ်ယောက်အဖြစ် ပျော်ရွှင်မှုကိုခံစားနိုင်တာမို့ လက်ခံထားရမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ကိုယ်သည်သာကိုယ့်ရဲ့ပဲ့ကိုင်ရှင်ပါ

Source : Freepik

သင်သာ Relationship ရှိတဲ့ သူတစ်ယောက်ဆိုရင် သင့်လက်တွဲဖော်ရဲ့ လိုအင်ဆန္ဒတွေကို ဥပေက္ခာပြုထားပြီး မိမိဖြစ်ချင်တာတွေကို အကောင်ထည်ဖော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ Singleတစ်ယောက်မှာတော့ ဒီလိုအနှောင်အဖွဲ့တွေကင်းလို့ သင့်ကိုဘယ်သူကမှ လွမ်းမိုးချယ်လှယ်မှုတွေမပြုနိုင်ပါဘူး။ ကိုယ့်ရဲ့အချိန်တွေအားလုံးကို ကိုယ်သာပိုင်ပြီး ချုပ်နှောင်မှုကင်းကင်းနဲ့ ကိုယ့်အိပ်မက်တွေကိုယ်ရှာဖွေနိုင်မယ့် အနှစ်သာရကိုခံစားကြည့်ပါ။

(၂) ကိုယ့်ကိုယ်ကို Version မြှင့်ဖို့အချိန်တွေပါ

Source : struggling together

ဖုန်းတွေတောင်အချိန်နဲ့ တပြေးညီ version မြှင့်နေရတဲ့ချိန်မှာ သင့်ကိုသင်လည်း version မြှင့်ဖို့မမေ့ပါနဲ့နော်။ ကိုယ့်အချိန်တွေအားလုံးကို ကိုယ်သာပိုင်နေချိန်ဟာ အရာအားလုံးကို ပိုင်ဆိုင်ထားရသလိုပါပဲ။သင်ဖြစ်ချင်တာမှန်သမျှ အကောင်ထည်ဖော်နိုင်အောင် ကြိုးစားလို့ရနိုင်မယ့်အချိန်တွေမို့ ပိုကောင်းပြီးပို smart ကျတဲ့ new version ဖန်တီးနိုင်စေမှာပါ။

(၃) ဝါသနာအသစ်တွေရှာဖွေပါ

Source : clasesinstituto

ကိုယ့်ရဲ့ career နဲ့ မသက်ဆိုင်တဲ့ hobby တွေ ရှိထားဖို့မလိုဘူးလို့ မထင်လိုက်ပါနဲ့။ ကိုယ်စိတ်ဝင်စားတဲ့ အသစ်ဆန်းသော hobby တွေကို စမ်းသပ်ရှာဖွေရင်းပိုကောင်းတဲ့ career life တစ်ခုကို ရောက်သွားစေနိုင်တဲ့အထိ အကျိုးထူးနိုင်ပါတယ်။ သင့်ဝါသနာနောက်ကိုလိုက်ရတာဟာ အချိန်တွေကုန်ဆုံးမှန်းမသိနိုင်လောက်အောင် အနှစ်သာရရှိတာအသေချာပဲမို့ ခုပဲစတင်လိုက်ပါ။

(၄) စိတ်တူကိုယ်တူ မိတ်ဆွေတွေရှာဖွေဖို့အကောင်းဆုံးအချိန်ပါ

Source : Envato Elements

သင်သာRSရှိမယ်ဆိုရင် သင့်အချိန်ရဲ့ရာခိုင်နှုန်းအတော်များများဟာ သင့်လက်တွဲဖော်အတွက်ပဲ ပေးထားရမှာပါ။အဲ့အတွက်သင်နဂိုပိုင်ဆိုင်ထားတဲ့ မိတ်ဆွေအသိုင်းဝိုင်းကနေတောင် အနည်းငယ်ဝေးလာသလို ခံစားလာရစေနိုင်တာမို့ မိတ်ဆွေအသစ်ရဖို့ဆိုတာ အင်မတန်အလှမ်းဝေးသွားပါပြီ။ သင်သာsingleဆိုရင် ဒီလိုဆုံးရှုံးမှုမျိုးကို Bye-Byeပါပဲ။ သင်ဝါသနာပါရာ သင်တန်းတွေတက်ရင်း စိတ်တူကိုယ်တူမိတ်ဆွေအသစ်တွေ ရနိုင်သလို၊ မိတ်ဟောင်းဆွေဟောင်းတွေကိုလဲ အချိန်ပိုပေးနိုင်လို့ သင့်အတွက် connection ကောင်းတွေရလာနိုင်ပါတယ်။

(၅) လကုန်ခါနီးလဲ ဝမ်းဝခါးလှမယ့်အချိန်ပါ

Source : Femmes

“Relationships are expensive”ဆိုသလိုပါပဲ။Relationship တစ်ခုမှာ သင့်လက်တွဲဖော်ကသာ ရေသာခိုအချောင်ခိုတတ်မယ်ဆိုရင် သွာယလာကုန်ကျစရိတ်တွေဟာ သင့်ခေါင်းပေါ်အလိုလိုရောက်လာမှာပါ။ဒါမဲ့သင်သာ single ဆိုရင်တော့ ကိုယ့်မှာအပိုကုန်ကျစရိတ်တွေမရှိလို့ သင်လိုအပ်တဲ့နေရာတွေမှာ သင့်စိတ်ကြိုက်သုံးစွဲနိုင်လို့ လကုန်ခါနီးလဲ ဝမ်းဝခါးလှနေနိုင်မှာအသေချာပါပဲ။