အားလုံးပဲ မင်္ဂလာပါ၊ လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း၊ မိမိပုံပန်းသွင်ပြင်ကို ဂရုမစိုက်ခြင်းတွေကြောင့် မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတတ်ကြပါတယ်။

လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်က အင်မတန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မျက်နှာအသားအရေက သူ့ရဲ့ ကျန်းမာရေးကို ထင်ဟပ်နေစေလို့ပါပဲ။

အလှအပတရားကိုတော့ တိုင်းတာလို့မရပေမယ့် သင့်ရဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးပြီး ကြည့်ကောင်းနေစေမယ့် လျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

စိုစွတ်နေတဲ့ မျက်နှာအသားအရေပေါ်သို့ ခရင်မ်လိမ်းပေးပါ

မျက်နှာသစ်ပြီးသွားတဲ့အခါ မျက်နှာသုတ်ပုဝါနဲ့ မသုတ်လိုက်ဘဲ ခရင်မ်လိမ်းပေးခြင်းက သင့်အသားအရေကို အစိုဓာတ်များများရရှိအောင် ခရင်မ်ကို များများစုပ်ယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။

Eye ခရင်မ်ကို ရေခဲသေတ္တာထဲ ထည့်ထားပါ

အိပ်ယာနိုးလာတဲ့အခါ မျက်အိတ်ကြီးဖောင်းနေရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့ Eye ခရင်မ်လေး လိမ်းပေးလိုက်ပါ။

တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ

မနက် နိုးလာတဲ့အချိန်မှာလည်း ခေါင်းအုံးနဲ့ ဆံပင်က အညစ်အကြေးနဲ့ ဖုန်မှုန့်တွေက မျက်နှာပေါ်မှာ ကပ်ငြိနိုင်တာကြောင့် မနက် တစ်ကြိမ် မျက်နှာသစ်ပါ။ ညဘက် မအိပ်ခင်မှာလည်း မိတ်ကပ်တွေ ကုန်စင်အောင်ဖျက်လိုက်ပြီး မျက်နှာသစ်ရပါမယ်။

ဘေဘီခရင်မ် မသုံးပါနဲ့

ဘေဘီခရင်မ်က အသားအရေနူးညံ့စေတဲ့အတွက်ကြောင့် အသုံးပြုသင့်တယ်လို့ သင့်ကို တခြားလူတွေက အကြံပေးကြပါလိမ့်မယ်။ ဒါပေမဲ့ သူက ခဏတာအတွက်ပဲ ကောင်းမွန်ပါတယ်။ သူ့ရဲ့ ပါဝင်ပစ္စည်းတွေက ကလေးတွေအတွက်ပဲ ဦးစားပေးထုတ်လုပ်ထားတာကြောင့် အရွယ်ရောက်ပြီးသားလူတစ်ယောက်အတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။

မျက်လုံးအလှပေါ်လွင်ဖို့ရန်အတွက်

ညဘက် အိပ်ရေးတွေပျက်လို့ မျက်အိတ်ကြီး ဖောင်းနေမယ်။ မျက်လုံးနားတစ်ဝိုက်က အသားအရေတွေ ခြောက်သွေ့နေမယ်ဆိုရင် ကြည့်မကောင်းဖြစ်နေပါလိမ့်မယ်။ အဲ့ဒီအခါကျရင် Highlighter နည်းနည်း၊ အရည် Concealer နဲ့ Eye ခရင်မ်တို့ကို ရောလိုက်ပြီး မျက်လုံးနားတစ်ဝိုက်လိမ်းခြယ်ပေးပါ။ ဒါဆိုရင်တော့ အိပ်ရေးမဝလို့ ပင်ပန်းနွမ်းနယ်ပုံပေါက်နေတဲ့ မျက်လုံးလေးကို ဖုံးကွယ်ပြီးသားဖြစ်သွားပါတယ်။

Source: Brightside.me