အရမ်းကို ပင်ပန်းလွန်းလှပြီး လုပ်နေတဲ့အလုပ်တွေအကုန်လုံးကို ခဏရပ်ထားကာ အနားယူချင်နေတဲ့အချိန်တွေ လူတိုင်းမှာ ရှိကြပါတယ်။ အရမ်းကို စိတ်ဖိစီးနေတဲ့အချိန်၊ ပြုလုပ်တဲ့အရာတွေအကုန်လုံးကလည်း ကမောက်ကမဖြစ်နေပြီဆိုရင် သင်အနားယူဖို့လိုအပ်နေပါတယ်။ စိတ်လက်အပန်းပြေပြီး ကောင်းကောင်းအနားယူဖို့ဆိုရင်တော့ ခရီးသွားခြင်းက အကောင်းဆုံးပါပဲ။ အခုဖော်ပြပေးမဲ့ အချက်တွေကို သင်ခံစားနေရပြီဆိုရင်တော့ ခရီးသွားပြီး အနားယူပါတော့လို့ပဲ အကြံပေးပါရစေ။

၁။ အာရုံဝင်စားမှုမရှိတော့ဘူးလား

Photo Source: saraysalamat.com

ကိုယ်က ဘယ်လောက်ပဲကြိုးစားကြိုးစား၊ အရာမထင်ပဲ အချည်းနှီးဖြစ်နေပါသလား။ ဒီလိုဖြစ်ရခြင်းက သင်က အလုပ်အလွန်အကျွံလုပ်ထားတာကြောင့်မို့လို့ အာရုံစူးစိုက်လို့မရတော့တာပါ။ ခရီးလေး ဘာလေးထွက် လေကောင်းလေသန့်လေး သွားရှူလိုက်ပါ။ ခရီးကပြန်ရောက်ရင် အလုပ်မှာ ရလဒ်ကောင်းတွေရတာကို မြင်ရပါလိမ့်မယ်။

၂။ အချိန်တိုင်း စိတ်ရှုပ်ထွေးနေပြီလား

Photo Source: www.tranceformpsychology.com

အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာကို စိတ်ရှုပ်ထွေးစရာတစ်ခုလို မြင်နေပြီလား။ လုပ်ဖော်ကိုင်ဘက်တွေကို မနည်းစိတ်ရှည်သည်းခံပြီး ပေါင်းသင်းနေရတာလား။ အဲ့ဒါဆိုရင်တော့ စိတ်သစ်လူသစ်ဖြစ်သွားအောင် ခရီးထွက်လိုက်ပါ။

၃။ ကိုယ်စိုက်ထုတ်ထားတဲ့ ကြိုးစားမှုနဲ့ မျှော်မှန်းထားတဲ့ရလဒ်မရတော့ဘူးလား

Photo Source: www.inc.com

လုပ်လိုက်တဲ့အလုပ်တိုင်းမှာ အမှားတွေ ဆက်တိုက်ကြုံလာပြီဆိုရင် စိတ်ညစ်ဖို့ကောင်းတာကို လူတိုင်းခံစားဖူးမှာပါ။ ဘယ်လောက်ပဲအားစိုက်ထုတ်နေပါစေ အရှုံးနဲ့ ရင်ဆိုင်ရတုန်းပဲလား။ ခရီးထွက်ပြီး အကောင်းမြင်စိတ်မွေးပြီးမှ အားအင်သစ်တွေ မွေးဖွားလိုက်ပါ။

၎။ စိတ်ဓာတ်ကျနေပါသလား

Photo Source: www.thelist.com

ဘဝမှာ အနိမ့်အမြင့် အတက်အကျဆိုတာကတော့ ရှိစမြဲပါ။ ဆိုးရွားတဲ့အချိန်တွေကိုလည်း ကြံကြံခံရင်ဆိုင်ပြီး ပြန်လည်တိုက်ခိုက်ရပါမယ်။ ဝမ်းနည်းမှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ပြန်လည်တိုက်ထုတ်ဖို့နည်းလမ်း ရှိပါတယ်။ ပျော်ပျော်နေခြင်းနဲ့ အကောင်းမြင်စိတ်ရှိခြင်းပါပဲ။ ခရီးသွားတဲ့အခါ သုခဘုံထဲရောက်သွားသလို ခံစားရမှာပါ။

၅။ စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးနေပြီလား

Photo Source: americanmigrainefoundation.org

ကမ္ဘာလောကကြီးက သင့်လိုအပ်ချက်အတိုင်း လည်ပတ်နေတာမဟုတ်ပါဘူး။ သင့်ပတ်ဝန်းကျင် သင့်အနီးအနားကလူတွေနဲ့လည်း လိုက်လျောညီထွေမှုရှိအောင် ပေါင်းသင်းဆက်ဆံတတ်ရပါမယ်။ သည်းခံပါများလာတဲ့အခါ ကိုယ့်သည်းခံမှုအတိုင်းအတာကို ကျော်လွန်သွားတာတွေလည်း ရှိတာပေါ့။ အဲ့ဒီအချိန်မျိုးဆိုရင်လည်း ခရီးထွက်ပြီး ကောင်းကောင်းအနားယူလိုက်ပါလို့ပဲ အကြံပေးတိုက်တွန်းပါရစေနော်။