(Zawgyi Version)

Vaseline က ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသံုးဝင္တယ္ဆိုတာကိုေတာ့ သိထားၿပီးသားျဖစ္မွာပါ။ အထူးသျဖင့္ အလွအပအတြက္ အရမ္းအသံုးဝင္တဲ့ ပစၥည္းေလးပါ။ ေဆာင္းရာသီမွာဆိုရင္ Vaseline ကို အၿမဲေဆာင္ထားသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုတာကိုသိရေအာင္လို႔ ေဆာင္းရာသီအတြက္ Vaseline ရဲ႔ အသံုးဝင္ေနပံုေတြကို ေျပာျပေပးလိုက္တယ္ေနာ္။

ႏႈတ္ခမ္းသားေျခာက္ေသြ႔အက္ကဲြျခင္း

ေဆာင္းရာသီမွာဆိုရင္ လူတိုင္းလိုလို ႏႈတ္ခမ္းေျခာက္ၿပီး အက္ကဲြတာမ်ိဳး ျဖစ္ၾကပါတယ္။ ဒီလိုမျဖစ္ေအာင္လို႔ ေဆာင္းရာသီမွာ ညတိုင္း Vaseline ကို ႏႈတ္ခမ္းမွာ ဆိုးေပးဖို႔လိုပါတယ္။

တံေတာင္ဆစ္ၾကမ္တမ္းၿပီးေျခာက္ေသြ႔ျခင္း

အသားေျခာက္တဲ့သူေတြဆိုရင္ တံေတာင္ဆစ္ေနရာက ပိုၾကမ္းၿပီးေျခာက္ေသြ႔တတ္ပါတယ္။ ေဆာင္းတြင္းဆိုရင္လည္း က်န္တဲ့ေနရာထက္ တံေတာင္ဆစ္က ပိုႀကမ္းၿပီး အသားအေရေျခာက္ေသြ႔တာမ်ိဳး ပိုျဖစ္ပါတယ္။ ဒါေၾကာင့္ ၾကမ္းတမ္းေျခာက္ေသြ႔ေနတဲ့ တံေတာင္ဆစ္ေနရာကို ညတိုင္း Vaseline သုတ္လိမ္းေပးပါ။

ႏွာေခါင္းပြန္းျခင္း၊ အဖတ္လန္ျခင္း

ေဆာင္းတြင္းဆိုရင္ ႏွာေခါင္းေပါက္ေဘးဘက္ေလးေတြမွာ အသားေျခာက္ၿပီး အသားဖတ္ေလးေတြ လန္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေဆာင္းတြင္းဆိုေတာ့ ႏွာကလည္း ခဏခဏေစးတာမ်ိဳး၊ ႏွာပိတ္တာမ်ိဳး ျဖစ္ပါတယ္။ ႏွာေစး၊ ႏွာပိတ္လို႔ ႏွာေခါင္းကို ခဏခဏပြတ္မိရင္လည္း ႏွာေခါင္းထိပ္ေလးေတြ ပြန္းတာမ်ိဳး၊ အဖတ္လန္တာမ်ိဳး ျဖစ္ပါတယ္။ ဒီလိုျဖစ္တဲ့ေနရာမွာ Vaseline ကိုလိမ္းေပးရင္ ၃ ရက္ေလာက္နဲ႔ ေပ်ာက္ပါတယ္။

ေျခဖေနာင့္အက္ကဲြျခင္း၊ လက္ဖဝါးအသားမာတက္ျခင္း

ေဆာင္းတြင္းမွာဆိုရင္ ေျခဖေနာင့္ အက္ကဲြၿပီး ၾကမ္းတမ္းတာမ်ိဳး၊ ေျခေထာက္နဲ႔ လက္ဖဝါး အသားမာတက္တာမ်ိဳးေတြ ပိုအျဖစ္မ်ားပါတယ္။ ဒီလိုျဖစ္ၿပီဆိုရင္ေတာ့ ညအိပ္ယာဝင္ခါနီးမွာ ေျခေထာက္နဲ႔ လက္ကို ေသခ်ာသန္႔စင္ၿပီး ျဖစ္တဲ့ေနရာမွာ Vaseline မ်ားမ်ားလိမ္းထားလုိက္ပါ။

ေျခေထာက္အနံ႔ဆိုးထြက္ျခင္း

ေဆာင္းတြင္းမွာ ေျခဆီထြက္တာ ပိုအျဖစ္မ်ားပါတယ္။ ေျခေထာက္အနံ႔ဆိုးထြက္တာမ်ိဳးကလည္း ေဆာင္းတြင္းနဲ႔ ေႏြရာသီမွာ ပိုျဖစ္ပါတယ္။ ဒီလိုေျခေထာက္အနံ႔ဆိုးထြက္တာကို တားဆီးဖို႔အတြက္ကေတာ့ ေျခမၾကားနဲ႔ ေျခဖေနာင့္မွာ Vaseline ကို လိမ္းထားေပးပါ။

Photo Source: www.freepik.com

(Unicode Version)

Vaseline က နေရာတော်တော်များများမှာ အသုံးဝင်တယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ အထူးသဖြင့် အလှအပအတွက် အရမ်းအသုံးဝင်တဲ့ ပစ္စည်းလေးပါ။ ဆောင်းရာသီမှာဆိုရင် Vaseline ကို အမြဲဆောင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုသိရအောင်လို့ ဆောင်းရာသီအတွက် Vaseline ရဲ့ အသုံးဝင်နေပုံတွေကို ပြောပြပေးလိုက်တယ်နော်။

နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်း

ဆောင်းရာသီမှာဆိုရင် လူတိုင်းလိုလို နှုတ်ခမ်းခြောက်ပြီး အက်ကွဲတာမျိုး ဖြစ်ကြပါတယ်။ ဒီလိုမဖြစ်အောင်လို့ ဆောင်းရာသီမှာ ညတိုင်း Vaseline ကို နှုတ်ခမ်းမှာ ဆိုးပေးဖို့လိုပါတယ်။

တံတောင်ဆစ်ကြမ်တမ်းပြီးခြောက်သွေ့ခြင်း

အသားခြောက်တဲ့သူတွေဆိုရင် တံတောင်ဆစ်နေရာက ပိုကြမ်းပြီးခြောက်သွေ့တတ်ပါတယ်။ ဆောင်းတွင်းဆိုရင်လည်း ကျန်တဲ့နေရာထက် တံတောင်ဆစ်က ပိုကြမ်းပြီး အသားအရေခြောက်သွေ့တာမျိုး ပိုဖြစ်ပါတယ်။ ဒါကြောင့် ကြမ်းတမ်းခြောက်သွေ့နေတဲ့ တံတောင်ဆစ်နေရာကို ညတိုင်း Vaseline သုတ်လိမ်းပေးပါ။

နှာခေါင်းပွန်းခြင်း၊ အဖတ်လန်ခြင်း

ဆောင်းတွင်းဆိုရင် နှာခေါင်းပေါက်ဘေးဘက်လေးတွေမှာ အသားခြောက်ပြီး အသားဖတ်လေးတွေ လန်တာမျိုး ဖြစ်တတ်ပါတယ်။ ဆောင်းတွင်းဆိုတော့ နှာကလည်း ခဏခဏစေးတာမျိုး၊ နှာပိတ်တာမျိုး ဖြစ်ပါတယ်။ နှာစေး၊ နှာပိတ်လို့ နှာခေါင်းကို ခဏခဏပွတ်မိရင်လည်း နှာခေါင်းထိပ်လေးတွေ ပွန်းတာမျိုး၊ အဖတ်လန်တာမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့နေရာမှာ Vaseline ကိုလိမ်းပေးရင် ၃ ရက်လောက်နဲ့ ပျောက်ပါတယ်။

ခြေဖနောင့်အက်ကွဲခြင်း၊ လက်ဖဝါးအသားမာတက်ခြင်း

ဆောင်းတွင်းမှာဆိုရင် ခြေဖနောင့် အက်ကွဲပြီး ကြမ်းတမ်းတာမျိုး၊ ခြေထောက်နဲ့ လက်ဖဝါး အသားမာတက်တာမျိုးတွေ ပိုအဖြစ်များပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ ညအိပ်ယာဝင်ခါနီးမှာ ခြေထောက်နဲ့ လက်ကို သေချာသန့်စင်ပြီး ဖြစ်တဲ့နေရာမှာ Vaseline များများလိမ်းထားလိုက်ပါ။

ခြေထောက်အနံ့ဆိုးထွက်ခြင်း

ဆောင်းတွင်းမှာ ခြေဆီထွက်တာ ပိုအဖြစ်များပါတယ်။ ခြေထောက်အနံ့ဆိုးထွက်တာမျိုးကလည်း ဆောင်းတွင်းနဲ့ နွေရာသီမှာ ပိုဖြစ်ပါတယ်။ ဒီလိုခြေထောက်အနံ့ဆိုးထွက်တာကို တားဆီးဖို့အတွက်ကတော့ ခြေမကြားနဲ့ ခြေဖနောင့်မှာ Vaseline ကို လိမ်းထားပေးပါ။

Photo Source: www.freepik.com