(Zawgyi)

ၿပံဳးရယ္လိုက္တိုင္းမွာ ၿပံဳးအလွပိုင္ရွင္တစ္ေယာက္ျဖစ္ဖို႔ဆိုရင္ သြားမ်ား ညီညာျဖဴဝင္းၿပီး သြားပိုးစားျခင္း၊ သြားဖံုးေရာဂါ၊ သြားေရာဂါတို႔ ကင္းေဝးေနေအာင္ ဂရုစိုက္ရပါမယ္။ အခုဆိုရင္ေတာ့ ေခတ္မွီနည္းပညာမ်ား၊ ေဆးဝါးမ်ားရဲ႕အကူအညီနဲ႔ သြားမ်ား ျဖဴေဖြးဝင္းပေအာင္ ျပဳလုပ္ႏိုင္ေနပါၿပီ။

ေရွးယခင္တုန္းကဆိုရင္ အခုလိုနည္းပညာမ်ား မတိုးတက္ေသးတာေၾကာင့္ ေရွးလူႀကီးေတြကေရာ သြားမ်ား ျဖဴေဖြးဝင္းပေအာင္ ဘယ္လိုဂရုစိုက္ခဲ့ၾကသလဲ။

ေရွးခတ္တုန္းကလည္း သူတို႔နည္းသူတို႔ဟန္နဲ႔ သဘာဝနည္းလမ္းေတြ အသံုးျပဳကာ သြားမ်ား ျဖဴေဖြးလာေအာင္ ျပဳလုပ္ၾကပါတယ္။ စာဖတ္သူတို႔လည္း သဘာဝနည္းလမ္းေတြကိုပဲ အသံုးျပဳခ်င္တယ္။ သြားေဆးခန္းကို တကူးတကႀကီး သြားဖို႔အခ်ိန္မေပးႏိုင္ဘူးဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းမ်ားကို အသံုးျပဳႏိုင္ပါတယ္။

ဆားႏွင့္ ဂ်င္းအသံုးျပဳျခင္း

ဂ်င္းတံုး အေသးတစ္တံုးကို ပါးပါးလွီးၿပီးေနာက္ ဆား လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံုျဖင့္ ေရာေႏွာလိုက္ပါ။ ထို႔ေနာက္ သံပုယိုသီး တစ္ျခမ္းကို အရည္ညွစ္ကာ သမေအာင္ ထပ္ေရာလိုက္ပါ။ ရရွိလာတဲ့အေရာအေႏွာကို သြားတိုက္တံအသံုးျပဳကာ သြားမ်ားကို ပြတ္တိုက္ေပးႏိုင္ပါတယ္။

Epsom ဆား

Epsom ဆားနဲ႔ ေရကို အခ်ိဳးတူ ေရာေႏွာေပးလိုက္ကာ ဆားမ်ားေပ်ာ္ဝင္သြားသည္အထိ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ သြားတိုက္ေဆးအသံုးျပဳကာ သြားတိုက္ေပးႏိုင္သလို သန္႔စင္တဲ့ေရျဖင့္လည္း ပလုတ္က်င္းေပးႏိုင္ပါတယ္။

တမာရြက္အသံုးျပဳပါ

တမာရြက္ကို ပြက္ပြက္ဆူလာေအာင္ ျပဳတ္ေပးလိုက္ပါ။ ပြက္ပြက္ဆူလာပါက တမာရည္ကို သန္႔စင္ေအာင္ စစ္ထုတ္လိုက္ပါ။ ထိုတမာရည္ျဖင့္ ပလုတ္က်င္းေပးျခင္းက သြားဖံုးနဲ႔ သြားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ၿပီး သြားမ်ားကို ျဖဴေဖြးဝင္းပေစပါတယ္။

ပင္စိမ္းရြက္ႏွင့္ အုန္းဆီအသံုးျပဳပါ

ပင္စိမ္းရြက္ ၃ ရြက္မွ ၅ ရြက္ခန္႔ကို ႀကိတ္ၿပီးေနာက္ အုန္းဆီျဖင့္ သမေအာင္ ေရာေႏွာေပးလိုက္ပါ။ ရရွိလာတဲ့အႏွစ္မ်ားကို သြားတိုက္တံျဖင့္ သြားတိုက္ေပးလိုက္ပါ။ ခံတြင္းနံ႔ေလး သင္းပ်ံ႕ၿပီး သြားမ်ား ျဖဴဝင္းလာပါလိမ့္မယ္။

ကိုကိုးမႈန္႔ အသံုးျပဳပါ

ကိုကိုးမႈန္႔အနည္းငယ္ကို ေရ (သို႔) အုန္းဆီျဖင့္ သမေအာင္ ေရာေႏွာလိုက္ပါ။ ရရွိလာတဲ့အႏွစ္ကို သြားတိုက္ေဆးအျဖစ္ အသံုးျပဳကာ သြားတိုက္ေပးႏိုင္ပါတယ္။

ထိုနည္းလမ္းမ်ားထဲမွ မိမိႀကိဳက္ႏွစ္သက္ရာတစ္မ်ိဳးကို အသံုးျပဳေပးနိုင္ပါတယ္။ တစ္ခုသတိထားရမွာကေတာ့ ေန႔စဥ္ရက္ဆက္ ျပဳလုပ္စရာမလိုပါဘူး။ တစ္ပတ္မွာ ၂ ႀကိမ္၊ ၃ ႀကိမ္ခန္႔ဆို လံုေလာက္ပါၿပီ။

Source: Brightside.me

(Unicode)

ပြုံးရယ်လိုက်တိုင်းမှာ ပြုံးအလှပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် သွားများ ညီညာဖြူဝင်းပြီး သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ သွားရောဂါတို့ ကင်းဝေးနေအောင် ဂရုစိုက်ရပါမယ်။ အခုဆိုရင်တော့ ခေတ်မှီနည်းပညာများ၊ ဆေးဝါးများရဲ့အကူအညီနဲ့ သွားများ ဖြူဖွေးဝင်းပအောင် ပြုလုပ်နိုင်နေပါပြီ။

ရှေးယခင်တုန်းကဆိုရင် အခုလိုနည်းပညာများ မတိုးတက်သေးတာကြောင့် ရှေးလူကြီးတွေကရော သွားများ ဖြူဖွေးဝင်းပအောင် ဘယ်လိုဂရုစိုက်ခဲ့ကြသလဲ။

ရှေးခတ်တုန်းကလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝနည်းလမ်းတွေ အသုံးပြုကာ သွားများ ဖြူဖွေးလာအောင် ပြုလုပ်ကြပါတယ်။ စာဖတ်သူတို့လည်း သဘာဝနည်းလမ်းတွေကိုပဲ အသုံးပြုချင်တယ်။ သွားဆေးခန်းကို တကူးတကကြီး သွားဖို့အချိန်မပေးနိုင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ဆားနှင့် ဂျင်းအသုံးပြုခြင်း

ဂျင်းတုံး အသေးတစ်တုံးကို ပါးပါးလှီးပြီးနောက် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံဖြင့် ရောနှောလိုက်ပါ။ ထို့နောက် သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ကာ သမအောင် ထပ်ရောလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို သွားတိုက်တံအသုံးပြုကာ သွားများကို ပွတ်တိုက်ပေးနိုင်ပါတယ်။

Epsom ဆား

Epsom ဆားနဲ့ ရေကို အချိုးတူ ရောနှောပေးလိုက်ကာ ဆားများပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် သွားတိုက်ဆေးအသုံးပြုကာ သွားတိုက်ပေးနိုင်သလို သန့်စင်တဲ့ရေဖြင့်လည်း ပလုတ်ကျင်းပေးနိုင်ပါတယ်။

တမာရွက်အသုံးပြုပါ

တမာရွက်ကို ပွက်ပွက်ဆူလာအောင် ပြုတ်ပေးလိုက်ပါ။ ပွက်ပွက်ဆူလာပါက တမာရည်ကို သန့်စင်အောင် စစ်ထုတ်လိုက်ပါ။ ထိုတမာရည်ဖြင့် ပလုတ်ကျင်းပေးခြင်းက သွားဖုံးနဲ့ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး သွားများကို ဖြူဖွေးဝင်းပစေပါတယ်။

ပင်စိမ်းရွက်နှင့် အုန်းဆီအသုံးပြုပါ

ပင်စိမ်းရွက် ၃ ရွက်မှ ၅ ရွက်ခန့်ကို ကြိတ်ပြီးနောက် အုန်းဆီဖြင့် သမအောင် ရောနှောပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်များကို သွားတိုက်တံဖြင့် သွားတိုက်ပေးလိုက်ပါ။ ခံတွင်းနံ့လေး သင်းပျံ့ပြီး သွားများ ဖြူဝင်းလာပါလိမ့်မယ်။

ကိုကိုးမှုန့် အသုံးပြုပါ

ကိုကိုးမှုန့်အနည်းငယ်ကို ရေ (သို့) အုန်းဆီဖြင့် သမအောင် ရောနှောလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို သွားတိုက်ဆေးအဖြစ် အသုံးပြုကာ သွားတိုက်ပေးနိုင်ပါတယ်။

ထိုနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးကို အသုံးပြုပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ နေ့စဉ်ရက်ဆက် ပြုလုပ်စရာမလိုပါဘူး။ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့်ဆို လုံလောက်ပါပြီ။

Source: Brightside.me

By MyStyle Myanmar