ပျားရည်က အလှအပအတွက် အရမ်းအသုံးဝင်ပါတယ်။ အသားအရေအတွက်ဆိုလည်း ကောင်းကျိုးတွေရှိသလို ဆံပင်အတွက်လည်း ကောင်းကျိုးတွေရှိပါတယ်။ ပျားရည်နဲ့ပေါင်းတင်တာတွေ လုပ်ပေးတာမျိုးလည်း ရပါတယ်။ ဆံသားအတွက်ဆိုရင် ပျားရည်က အထူးသဖြင့် ဒီလိုကောင်းကျိုးတွေ ရရှိစေပါတယ်။

ဆံသားနဲ့ဦးရေပြားအတွက် Hydration ပေးခြင်း

ဆံသားနဲ့ဦးရေပြားအတွက် လိုအပ်တဲ့ hydration ကိုပေးပြီးတော့ သဘာဝအစိုဓာတ်ကို ရရှိစေပါတယ်။ ဦးရေပြားခြောက်သွေ့တာ၊ ဆံသားခြောက်သွေ့ပြီး ဖွာတာ၊ ပျက်စီးတာတွေ လျော့ကျစေပါတယ်။

ဗောက်မဖြစ်အောင်ကာကွယ်ပေးခြင်း

ပျားရည်နဲ့ ဆံပင်ပေါင်းတင်တာတွေ လုပ်ပေးခြင်းက ဗောက်မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။ ပျားရည်မှာက antibacterial နဲ့ anti-inflammatory properties တွေပါဝင်လို့ မှိုပြဿနာနဲ့ bacteria ပြဿနာတွေကိုလည်း မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗောက်ထနေရင်လည်း သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။

ဆံပင်မွေးညင်းပေါက်များကိုအားကောင်းစေခြင်း

ပျားရည်မှာက သဘာဝအတိုင်း protein ဓာတ် ပါဝင်တာကြောင့် ဆံသားသန်စွမ်းစေပြီး ဆံသားကျိုးပြတ်တာတွေကို သက်သာစေပါတယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းထဲမှာ ဆံသားကျိုးပြတ်ခြင်းကလည်း ထိပ်ဆုံးကပါပါတယ်။ ဒါကြောင့် ပျားရည်က ဒီလိုဖြစ်တာတွေ သက်သာစေပြီး ဆံသားသန်စွမ်းကာ အရှည်မြန်လာစေပါတယ်။

ဆံသားတောက်ပြောင်စေခြင်း

ပျားရည်က မွဲခြောက်နေတဲ့ ဆံသားကို တောက်ပြောင်စေပြီး ဆံသားအတွက်လိုအပ်တဲ့ protein နဲ့ moisture ကိုလည်း ရရှိစေတာကြောင့် ဆံသားတောင်ပြောင်ပြီး ပျော့ပျောင်းလာစေပါတယ်။

ဆံပင်သန်ပြီးအရှည်မြန်စေခြင်း

အပေါ်မှာပြောခဲ့တဲ့အချက်လိုပဲ ဆံပင်မွေးညင်းပေါက်တွေ အားကောင်းစေတာကြောင့် ဆံပင်သန်ပြီး အရှည်မြန်လာစေပါတယ်။ ဦးရေပြားလည်း ကျန်းမာစေတဲ့အတွက် ဆံပင်သန်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါ နှစ်ခါလောက် လုပ်ရုံနဲ့တော့ ရရှိလာမယ့် အကျိုးကျေးဇူးတွေ မဟုတ်ပါဘူး။ ပုံမှန်လုပ်ပေးနေမှသာ သိသာတဲ့အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။