မုသားမပါရင် လင်္ကာမချောပါဘူး။ အမြဲတမ်း လိမ်နေဖို့ မလိုပေမယ့် ရံဖန်ရံခါ စကားလှအောင် မုသားသုံးရတာမျိုး ရှိပါတယ်။ ချစ်သူမိန်းကလေးက အမေးအမြန်းထူလာတဲ့ အခါ ယောက်ျားလေးတွေလိမ်တတ်တဲ့ မုသားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. မင်းသူငယ်ချင်းတွေက အရမ်းကောင်းတာပဲ။

Source: DBS Bank

စိတ်ညစ်ဖို့ကောင်းတာကို ဆိုလိုတာပါ။ နားအေးပါးအေး နေလိုတဲ့ ယောက်ျားတွေအဖို့ မိန်းမရဲ့သူငယ်ချင်းတွေလို ဗလစ်ဗလစ် နေသူတွေနဲ့ ကီးကိုမကိုက်ပါဘူး။

2. မင်းတော်တယ်ဆိုတာ ငါသိပါတယ်။

Source: Money Crashers

ယောက်ျားလေးတွေက ဦးဆောင်လိုစိတ်ကို ရှိတာပါ။ ကိုယ့်ချစ်သူ ဇနီးမယားက ကိုယ့်ထက် စွမ်းဆောင်နိုင်နေပြီဆိုရင် သိမ်ငယ်စိတ် အနည်းနဲ့အများ ဝင်တတ်ကြပါတယ်။ မကောင်းတတ်လို့ ချီးကျူးရတယ်လို့ မှတ်ပါ။

3. အဲ့ဒီဟာက မင်းနဲ့လိုက်တယ်။

Source: Iconscout

အင်္ကျီ ဖိနပ် ဆွဲကြိုး စသဖြင့် မိန်းမတွေက ရှော့ပင်းထွက်ရင် မြန်မြန်ပြီးအေးရော မင်းနဲ့ ကြည့်ကောင်းတယ် ပြောလိုက်တာပါပဲ။

4. မဝလာပါဘူး။

Source: LoveBondings

မိန်းမတွေက ဝလာမှာ ကြောက်ပါတယ်။ ကျွန်မဝလာလား ခဏခဏမေးရင် စိတ်ထဲကတော့ အေးဟေ့ ဝတာမှ အဆီပိတ်နေပြီ လို့ တွေးမိကြပေမယ့် ချစ်က ဝမလာပါဘူး စိတ်ထင်လို့ပါဆိုပြီး ဖြေကြပါလိမ့်မယ်။

5. နောက်မဖြစ်စေရဘူး။

Source: vix.com

တစ်ခုခု မှားသွားပြီဆိုတာနဲ့ နောက်ကို မဖြစ်စေရပါဘူးဆိုတဲ့ ကတိကို ယောက်ျားတွေက လွယ်လွယ်ပေးတာပါပဲ။ ဒါပေမယ့် သိပ်မကြာခင်အချိန်မှာပဲ အဲ့ဒီလိုအမှားတွေ ဖြစ်လာမှာပါ။ ဥပမာ – အရက်မသောက်တော့ပါဘူး ဆိုတာမျိုး။