အားလုံးပဲမင်္ဂလာပါနော်။ လူတွေနဲ့ ပြောဆိုဆက်သွယ်ရာမှာခံတွင်းရနံ့လေး ကောင်းမွန်နေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့ ၆၀% ခန့်ဟာ ခံတွင်းရနံ့ဆိုးကြတယ်လို့ သုတေသီတွေ့ဆိပါတယ်။ နေ့စဉ် ကိုယ့်ရဲ့ ခံတွင်းကို ဂရုစိုက်ပေမယ့်၊ ကြက်သွန်တွေလို တခြားခံတွင်းရနံ့ နံစေတဲ့အစားအစာတွေ မစားပေမယ့်လည်း ခံတွင်းနံ့ ပြဿနာကို ရင်ဆိုင်နေရဆဲပါပဲ။

ခံတွင်းရနံ့ကို အမြန်ဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ ရေသောက်လိုက်ပါ

သင့်ခံတွင်းမှာ ဘက်တီးရီးယားတွေရှိနေတာက ဂတ်ဖြစ်စေပြီး ခံတွင်းရနံ့ဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပါ။

၂။ ပူစီနံ၊ နံနံပင် ၊ပင်စိမ်းတို့လို အရွက်တွေဝါးပါ

ပူစီနံ၊ နံနံပင် ၊ပင်စိမ်းတို့လို ဆေးဖက်ဝင်အရွက်တွေက သင့်သွားတွေကို သန့်ရှင်းစေနိုင်ပြီး ခံတွင်းရနံ့ သက်သာစေပါတယ်။ အချိန်တိုအတွင်းကို ထိရောက်မှုရှိပါတယ်။

၃။ ပန်းသီးစားပါ

ပန်းသီးကို အားပါတရ ဝါးစားလိုက်တာကလည်း သင့်ခံတွင်းရနံ့ကို သက်သာပျောက်ကင်းစေပါတယ်။

၎။ သံပယိုသီး (သို့) သံပုရာသီးငုံလိုက်ပါ

သံပယိုသီး (သို့) သံပုရာသီးကို ပါးပါးလှီးပြီး ငုံပေးထားတာကလည်း ခံတွင်းရနံ့ကို သက်သာစေပါတယ်။

၅။ သွားတိုက်လိုက်ပါ

သွားတိုက်ပါ။ သွားတိုက်တဲ့အခါ လျှာလေးတွေကိုပါ တိုက်ပေးပါ။ ဒီလိုဆိုရင် ပိုပြီးတော့ ထိရောက်ပါတယ်နော်။

By: MyStyle Myanmar