ဆံပင်ဆိုတာ ပျိုမေတို့ရဲ့ ဒုတိယမျက်နှာဖြစ်တာမို့ မပျက်စီးအောင် ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်တောင် သတိမထားမိဘဲ ဆံပင်တွေကို ပျက်စီးစေတဲ့ အချက်တွေကို အောက်မှာ ပြောပြပေးပါမယ်။

၁။ အပူပေးကိရိယာများ အလွန်အကျွံအသုံးပြုခြင်း – ခေါင်းလျှော်ပြီးတဲ့အခါမှာ ဆံပင်တွေကိုမြန်မြန်ခြောက်စေဖို့ Hair Dryer လို အပူပေးပစ္စည်းတွေသုံးပြီးခြောက်အောင်လုပ်ခြင်းကလည်း သင့်ရဲ့ ဆံပင်တွေကို ကြမ်းတမ်းပျက်စီးစေပါတယ်။ ဆံပင်ကို တတ်နိုင်သမျှ သဘာဝအတိုင်း အခြောက်ခံတာကပဲ အကောင်းဆုံးဖြစ်ပါတယ်။

၂။ ဆံပင်တွေကို ဖြစ်သလိုဖြီးခြင်း – ဆံပင်တွေရှုပ်ထွေး ငြိနေတဲ့အခါမှာ စိတ်မရှည်ဘဲ အတင်းကြီးဆံပင်ကို ဆောင့်ဆွဲပြီး ဖြီးတာမျိုးကိုရှောင်ပါ။ ဆံပင်ကို ကြမ်းတမ်းစွာဖြီးသင်ခြင်းက ဆံပင်တွေကိုပြတ်ထွက်စေတာမို့ ဆံပင်တွေငြိထွေးနေတဲ့အခါမှာစိတ်ကိုရှည်ရှည်ထားပြီး ခပ်ဖြေးဖြေးရှင်းပေးသင့်ပါတယ်။

၃။ တင်းကြပ်လွန်းတဲ့ခေါင်းစည်းကြိုးများအသုံးပြုခြင်း – အရမ်းတင်းကြပ်တဲ့ ခေါင်းစည်းကြိုးတွေနဲ့ ဆံပင်ကိုစည်းတာကလည်း ခေါင်းစည်းကြိုးကိုပြန်ဖြည်တဲ့အခါမှာ ဆံပင်တွေအပိုင်းပိုင်းပြတ်ထွက်တတ်ပါတယ်။ တည်းကြပ်လွန်းတဲ့ခေါင်းစည်းကြိုးတွေဟာ ခေါင်းပါကိုက်တတ်တာမို့ အလျော့အတင်းလုပ်ရလွယ်တဲ့ ခေါင်းစည်းကြိုးနဲ့ပဲ ဆံပင်တွေကို စည်းနှောင်သင့်ပါတယ်။

၎။ Dry Shampoo တွေခဏခဏသုံးခြင်း – ရေပြန်ဆေးချစရာမလိုတဲ့ အခြောက်လျှော်ရတဲ့ Dry Shampoo တွေဟာ လွယ်ကူပြီး အလုပ်ရှုပ်သက်သာစေပေမယ့် သင့်ရဲ့ ဆံပင်တွေကို တကယ်မသန့်ရှင်းစေပါဘူး။ ဆံပင်တွေကို အနံ့အသက်ပျောက်အောင်ပဲ လုပ်ပေးနိုင်ပါတယ်။ Dry Shampoo တွေကို ခဏခဏ သုံးတာက သင့်ဦးရေပြားကထွက်တဲ့ သဘာဝအဆီတွေကို စုပ်ယူလိုက်တာမို့ ဆံသားကိုလည်း ခြောက်သွေ့စေပါတယ်။

၅။ မသန့်ရှင်းတဲ့ ဆံပင်လုပ်တဲ့ကိရိယာတွေကိုအသုံးပြုခြင်း – မသန့်ရှင်းတဲ့ Hair Tool တွေမှာရှိတဲ့ အညစ်အကြေးတွေနဲ့ ဘတ်တီင်္းရီးယားတွေကြောင့် သင့်ရဲ့ ဆံပင်မှာ ဗောက်တွေဖြစ်လာနိုင်ပါတယ်။ ပိုးသတ်ထားပြီးဖြစ်တဲ့ ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။

ဒီအချက်တွေကတော့ ကိုယ်တိုင်တောင် သတိမထားမိဘဲ ဆံပင်တွေကိုပျက်စီးစေတဲ့ အချက်တွေပဲဖြစ်တာမို့  သတိထားပြီးရှောင်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်။