အခုစာမေးပွဲတွေဖြေနေကြပြီဆိုတော့ စာမေးပွဲပြီးတာနဲ့ ဘာလုပ်မယ်ဆိုတာကို ကြိုပြီး စဉ်းစားနေကြတဲ့သူတွေလည်း ရှိမှာပေါ့။ မပူပါနဲ့ စာမေးပွဲပြီးသွားရင် အရမ်းလွတ်လပ်ပြီး ပျော်စရာကောင်းသွားပါပြီ။ ဒီတော့ စာမေးပွဲပြီးတာနဲ့ ပင်ပန်းထားသမျှတွေ အကုန်ဖြေဖျောက်ဖို့ ပျော်စရာကောင်းတဲ့ ဒီ (၅) ခုကို  သူငယ်ချင်းတွေနဲ့ တူတူလုပ်ကြည့်လိုက်နော်။

မုန့်သွားစားပါ။

Source: www.freepik.com

ဒါကတော့ မပြောလဲ လုပ်ကြမှာပဲမလား။ တချို့ကတော့ စာမေးပွဲပြီးရင် သွားစားဖို့ဆိုင်တောင် ရွေးပြီးနေကြပြီနော်။ စာမေးပွဲပြီးတာနဲ့ ဘာမှစဉ်းစားမနေပဲ သူငယ်ချင်းတွေစုပြီး မုန့်သာသွားစားလိုက်ပါ။ ပင်ပန်းထားတာတွေ ခွန်အားပြန်ဖြည့်ရမယ်လေနော်။

သီချင်းသွားဆိုပါ။

Source: www.healthday.com

စာမေးပွဲပြီးပြီဆို အရမ်းတွေလွတ်လပ်ပြီး ပျော်စရာကောင်းနေတော့ သူငယ်ချင်းတွေစုပြီး သီချင်းသွားဆိုကြည့်ပါ။ အရမ်းမိုက်ပြီး ပျော်စရာကောင်းတယ်။

ရုပ်ရှင်ကြည့်ပါ။

Source: www.shutterstock.com

စာမေးပွဲဖြေနေတုန်းက ရုံတင်နေတဲ့ကားတွေ မကြည့်ရသေးရင် စာမေးပွဲဖြေပြီးတာနဲ့ သွားကြည့်လိုက်တော့။ စာမေးပွဲပြီးရင် အချိန်မရှိတော့ဘူးဆိုလည်း မပူနဲ့နော်။ နောက်နေ့ချက်ချင်း သူငယ်ချင်းတွေနဲ့ ဒိတ်ပြီးသာသွားကြည့်လိုက်။

Spa သွားပါ။

Source: www.victoriasdayspa.com

စာမေးပွဲအတွင်းမှာ စာတွေကျက်ထားရလို့ ပင်ပန်းနေပြီမလား။ သူငယ်ချင်းတွေစု Spa သွားပြီး ဇိမ်ခံလိုက်တော့။ အလှကြိုက်တဲ့သူတွေကတော့ ဒီတစ်ချက်ကို ကြိုက်ကြမယ်နော်။

ခရီးတိုလေးသွားပါ။

Source: www.freepik.com

နောက်ဆုံးတစ်ခုကတော့ စာမေးပွဲပြီးတာနဲ့ သူငယ်ချင်းတွေစုပြီး ခရီးတိုလေးသွားကြပါ။ ကျန်တဲ့အချိန်တွေသွားတာထက် စာမေးပွဲဖြေပြီးလို့ ခရီးသွားရတာက ပိုပြီးပျော်စရာကောင်းတယ်နော်။ အရမ်းလည်း Relax ဖြစ်တယ်။