လူတိုင်း မျက်ခုံးမွှေးကောင်းကောင်းနဲ့ မွေးလာကြတာမဟုတ်ပါဘူး။ လူတိုင်း မျက်ခွေးမွှေးလှလှကို ပိုင်ဆိုင်ကြပေမယ့် လူတိုင်းမှာမရှိကြပါဘူး။ ဒါပေမယ့် မျက်ခုံးမွှေးဆွဲတံတွေရှိလာတယ်။ အခုဆို မျက်ခုံးမွှေးကို Tattoo ထိုးတာတွေလည်းရှိလာကြပါတယ်။ Tattoo ထိုးတာကတော့ ပုံသေဖြစ်ပြီး မျက်ခုံးမွှေးဆွဲမယ်ဆိုရင်တော့ မိမိနှစ်သက်သလို ပြောင်းလဲဆွဲပေးနိုင်ပါတယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါ မျက်ခုံးမွှေးနဲ့ပတ်သက်လို့ သင်လုပ်တတ်တဲ့ အမှား (၅) ခုကို မျှဝေပေးချင်ပါတယ်။

မျက်ခုံးမွှေးပုံကို အရမ်းပြန့်ကျယ်ကျယ်ဆွဲခြင်း

မျက်ခုံးမွှေးကို ရှိတာပိုပြီး ပြန့်ကျယ်ကျယ်ဆွဲတာမျိုး မလိုအပ်ပါဘူး။ အရမ်းလည်းပါးဖို့မလိုသလို အရမ်းလည်း ကျယ်ဖို့မလိုပါဘူး။ မျက်ခုံးမွှေးအစနားကို မျက်ခုံးဆွဲတံနဲ့ ဆွဲတာမျိုးထက် မျက်ခုံးမွှေးခြစ်တဲ့ Brush နဲ့ ခပ်ဖွဖွလေး ခြစ်ပေးလိုက်ရင် ရပါပြီ။

သင့်မျက်ခုံးမွှေးအရောင်ကို ဆံပင်အရောင်နဲ့ တစ်ထပ်တည်းတူအောင်ဆွဲခြင်း

မျက်ခုံးမွှေးအရောင်ဟာ ဆံပင်အရောင်နဲ့ တထပ်တည်းတူရမယ်လို့ မဆိုလိုပါဘူး။

သဘာဝအတိုင်းဖြစ်နေတဲ့ မျက်ခုံးပုံစံမဆွဲခြင်း

သင့်မျက်ခုံးပုံစံ သဘာဝအတိုင်း ခုံးနေတဲ့ပုံစံမျိုးကို ဥပေက္ခာမပြုထားပါနဲ့။ မျက်ခုံးမွှေးကို ပုံဖော်တဲ့နေရာမှာလည်း သဘာဝအတိုင်းခုံးနေအောင် ပုံဖော်ပေးပါ။ ဆွဲတဲ့အခါမှာလည်း အဲဒီလိုဆွဲပေးပါ။

မျက်ခုံးမွှေး ကျိုးတို့ကျဲတဲ ဖြစ်အောင်မနှုတ်ထားပါနဲ့

မျက်ခုံးမွှေး ပါးပါးဖြစ်အောင် မျက်ခုံးမွှေးကို မကြာခဏ နှုတ်ပေးတာမျိုး မလုပ်သင့်ပါဘူး။ နှုတ်ထားတဲ့ အမွှေးတွေက ပြန်ပေါက်နေပြီး အဲဒီလိုမျိုး အမွှေးသေးသေးလေးတွေရှိနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မျက်ခုံးမွှေးကို သေချာလေး ပြောင်ရှင်းနေအောင် ရိတ်တာ (သို့) Waxing လုပ်ပေးပြီးမှ ဆွဲပေးပါ။

မျက်ခုံးမွှေးအပေါ်ပိုင်းကို အလွန်အကျွံနှုတ်ခြင်း

ဘယ်မိတ်ကပ် ပညာရှင်ကမှ မျက်ခုံးမွှေးအပေါ်တိုင်းကို မနှုတ်ပစ်ကြပါဘူး။ ပုံကျအောင်ပဲ ဖော်ပြတာပါ။