အားလုံးပဲ မင်္ဂလာပါ၊ မိန်းကလေးတွေက စကပ်အတို၊ ဘောင်းဘီအတိုလေးတွေ ဝတ်တဲ့အခါတိုင်း ငါ့ရဲ့ ပေါင်တံလေးတွေ တစ်တုတ်မနေဘဲ ဒီ့ထက်သွယ်လျသွားမယ်ဆို ကောင်းမှာပဲလို့ တွေးမိကြမှာပဲနော်။ ကိုယ်ကြပ်ဘောင်းဘီလေးတွေ ဝတ်ရင်လည်း အဲ့အတိုင်းတွေးမိကြမှာပါပဲ။

လေ့ကျင့်ခန်းများများလုပ်ပေးရင်တော့ ခြေသလုံးနဲ့ ပေါင်တွေမှာ စုနေတဲ့အဆီပိုတွေ ပျောက်သွားမှာဖြစ်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်သူများအတွက် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။

ဒီနည်းလမ်းလေးတွေကတော့ ပေါင်တံကျစ်လျစ်ချင်သူတွေအတွက် ကိုယ်ကာယကျွမ်းကျင်ပညာရှင် Brinda Sapat ရဲ့ အကြံပြုချက်လေးတွေပါပဲ။

လှေကားအသုံးပြုပါ

ဓာတ်လှေကားတို့ စက်လှေကားတို့ အသုံးမပြုဘဲ လှေကားကို ပုံမှန်အသုံးပြုပေးပါ။

လမ်းများများလျှောက်ပါ

ဒါတွေက တကူးတကလုပ်စရာ မလိုတဲ့ လေ့ကျင့်ခန်းလေးတွေပါ။

ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုပြုလုပ်ပါ

အကဝါသနာပါတဲ့သူက အကအဖွဲ့ထဲ အသင်းဝင်လိုက်ပါ၊ တင်းနစ်ရိုက်ချင်သူကလည်း တင်းနစ်ကလပ်ထဲ ဝင်ပါ၊ မိမိခြေထောက်ကို လှုပ်လှုပ်ရှားရှားနေဖို့ အလုပ်တစ်ခုပေးလိုက်ပါ။

ခြေထောက်လေးတွေအတွက် နေ့စဉ်နေ့တိုင်း မိနစ် ၃၀ ခန့် အချိန်ဖယ်ထားပါ

Photo Source: Pinterest.com

ဆိုလိုတာကတော့ နေ့တိုင်း မိနစ် ၃၀ ခန့် စက်ဘီးစီးတာပဲဖြစ်ဖြစ်၊ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပြေးတာပဲဖြစ်ဖြစ် မပျက်မကွက်ပြုလုပ်ပေးပါ။

အခုပြောပြသွားတဲ့ နည်းလမ်းလေးတွေကတော့ တကူးတကလုပ်စရာမလိုတဲ့ နည်းလမ်းလေးတွေပါပဲ။ ဒါပေမဲ့ တကူးတကလုပ်ပေးရမယ့် လေ့ကျင့်ခန်းလေးတွေကိုလည်း မမေ့မလျော့လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးကို ၁ နာရီလောက် လုပ်စရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးလေးနဲ့ တစ်နေ့ကို မိနစ် ၂၀ လောက်ပဲ အချိန်ပေးလိုက်ပေါ့။

Squat ထိုင်တာ

ဒူးခေါင်းထောက်၊ လက်ထောက်ထားပြီး ခြေထောက်ကို အနောက်ကန်တာ

မတ်တပ်ရပ်ပြီး ခြေထောက်ကို ဘေးဘက်ကန်တာ စတဲ့ လေ့ကျင့်ခန်းတွေက ပေါင်တံနဲ့ ခြေသလုံးကျစ်လျစ်သွယ်လျဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းလေးတွေပါပဲ။