သင်က ခန္ဓာကိုယ် အချိုးအစားလှပအောင် ကြိုးစားနေတဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ သင်က ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်တွေ စားသုံးဖို့လည်း လိုအပ်သလို လေ့ကျင့်ခန်းလည်း မှန်မှန်ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်နေပေမယ့်လည်း ကိုယ်အလေးချိန်က ကျမသွားဘဲ ပိုတက်လာတယ်လို့ ခံစားနေရပြီဆိုရင်တော့ သင် ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေအကြောင်းကို ပြန်သုံးသပ်ဖို့ လိုနေပါပြီ။ ကိုယ် ပြုလုပ်တဲ့လေ့ကျင့်ခန်းက မှန်ကန်ရဲ့လား၊ မှားယွင်းနေပြီလားဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

ခန္ဓာကိုယ် ဘေးစောင်းခြင်း

အလေးတုံးမပြီး ခန္ဓာကိုယ်ကို ဘေးသို့ စောင်းချတာထက်စာရင် ပုံအမှန်ထဲကလို ဘေးတစောင်း Plank ထောက်ခြင်းက ပိုပြီး ထိရောက်မှုရှိပါတယ်။ ဘေးတစောင်း Plank ထောက်တဲ့အခါမှာလည်း ဘယ်ဘက်ပြီးသွားတဲ့အခါ ညာဘက်ကိုပါ Plank ထောက်ပေးလိုက်ပါ။ Plank ထောက်တဲ့အခါမှာလည်း မိမိတောင့်ခံနိုင်သမျှ ခပ်ကြာကြာတောင့်ခံပေးလိုက်ပါ။

အလေးတုံးလှိမ့်ခြင်း

အလေးတုံးလှိမ့်တဲ့ လေ့ကျင့်ခန်းအစား Plank ထောက်တဲ့ လေ့ကျင့်ခန်းကို အစားထိုးပြုလုပ်ပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း မိမိတောင့်ခံနိုင်သမျှ အချိန်ကြာကြာတောင့်ခံပေးရပါမယ်။ အရေးအကြီးဆုံးအချက်ကတော့ ခန္ဓာကိုယ်က ကုန်းကွမနေဘဲ တစ်ဖြောင့်တည်းဖြစ်နေဖို့ပါပဲ။

အလေးတုံး အပေါ် ပင့်တင်ခြင်း

အလေးတုံးအပေါ် ပင့်တင်တဲ့ လေ့ကျင့်ခန်းကတော့ သင့်ကို ခါးကြီးစေမှာပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းအစား အသက်ပြင်းပြင်းရှုတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးလိုက်ပါ။ အရင်ဆုံး သွေးပူအသက်ရှုလေ့ကျင့်ခန်းပြုလုပ်ပေးလိုက်ပါ။ ထို့နောက် ရှုသွင်းထားတဲ့လေတွေ အကုန်လုံးကို ပြန်ရှုထုတ်လိုက်ပါ။ ထို့နောက် ဝမ်းဗိုက်ကို ချပ်နိုင်သမျှ ချပ်ထားလိုက်ပါ။ ထိုချပ်ထားတဲ့အနေအထားအတိုင်း မိမိတောင့်ထားနိုင်သလောက် နေပေးလိုက်ပါ။

အလေးတုံးကြိုးကို အားနဲ့ ဆွဲယူခြင်း

ပုံအမှားထဲက ပြထားတဲ့လေ့ကျင့်ခန်းကို ရှောင်ကြဉ်ပြီးနောက် ပုံအမှန်ထဲက လေ့ကျင့်ခန်းအတိုင်းပြုလုပ်ပေးပါ။ ပုံအမှန်ထဲက အတိုင်း ခြေထောက်မြှောက်ပြီး ဗွီပုံသဏ္ဍာန် ထိုင်နေပါ။ ထို့နောက် သင့်လက်မောင်းကို ညှိုသကျည်းရိုးအထိ ဆွဲယူလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အတော်ကြာ တောင့်ခံထားလိုက်ပါ။

အလေးတုံးကိုင် ခါးလှည့်ခြင်း

ပုံအမှားထဲက လေ့ကျင့်ခန်းကို မပြုလုပ်ပါနဲ့တော့။ ပုံအမှန်ထဲကလို လေ့ကျင့်ခန်းပြုလုပ်ချင်တယ်ဆိုရင်တော့ ဝမ်းဗိုက်နဲ့ လှဲလျောင်းနေပါ။ ခြေထောက်နဲ့ လက်တို့ကို ပုံပါအတိုင်း မြှောက်ထားပါ။ ထိုအနေအထားအတိုင်း ကြာကြာတောင့်ခံထားလိုက်ပါ။

Source: Brightside.me

By MyStyle Myanmar