(Zawgyi Version)

ညဘက္ဆို ေတာ္ရံုနဲ႔အိပ္မေပ်ာ္ဘူး၊ ေကာင္းေကာင္းအိပ္မေပ်ာ္ဘူး၊ အိပ္လို႔မရဘူးဆိုတာ သင္ကိုယ္တိုင္လုပ္ေနမိတဲ့ အေလ့အက်င့္ေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒီလို အေလ့အက်င့္ေတြကို လုပ္ေလ့ရွိတယ္ဆိုရင္ ျပင္လို႔ရေအာင္ ေျပာျပေပးလိုက္ပါတယ္။

ညအိပ္ခါနီးမွာ ဖုန္း၊ တီဗီ၊ ကြန္ျပဴတာၾကည့္တာမ်ိဳးေတြ လုပ္မိရင္လည္း ျပင္ရပါမယ္။ ညခါနီးမွာ ဒါေတြၾကည့္ရင္ ေကာင္းေကာင္းအိပ္မေပ်ာ္ႏိုင္ေတာ့ပါဘူး။ အိပ္ခါနီး မိနစ္ ၃၀ အလိုကစၿပီး မၾကည့္ပါနဲ႔ေတာ့။ အိပ္ခါနီးမွာ စာအုပ္ဖတ္တာ၊ လန္းဆန္းသြားေအာင္ ေရခ်ိဳးတာမ်ိဳးလုပ္ေပးရင္ေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။

အိပ္ခ်ိန္ေတြမမွန္ရင္လည္း ညဘက္ေတြမွာ ေကာင္းေကာင္းအိပ္မေပ်ာ္ႏိုင္ပါဘူး။ ဒါေၾကာင့္ တစ္ရက္နဲ႔ တစ္ရက္ အိပ္ခ်ိန္မွန္မွန္၊ ထခ်ိန္မွန္မွန္ လုပ္ေပးပါ။

အိပ္ခါနီးမွာ အစားေတြအရမ္းစားရင္လည္း ေတာ္ရံုနဲ႔အိပ္မေပ်ာ္ပါဘူး။ အိပ္ခါနီး ၃ နာရီအလိုကစၿပီး အသားေတြစားတာ၊ အခ်ိဳအစိမ့္ေတြစားတာ၊ Juice ေတြ၊ ေကာ္ဖီေတြ၊ လက္ဖက္ရည္ေတြေသာက္တာကို ေရွာင္ရပါမယ္။

အိပ္ခန္းကရႈပ္ပြၿပီး ညစ္ပတ္ေနရင္လည္း ေကာင္းေကာင္းအိပ္မေပ်ာ္ႏိုင္ပါဘူး။ အိပ္စက္ခ်ိန္ကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။ အိပ္ခန္းနဲ႔ အိပ္ယာက အၿမဲသန္႔ရွင္းသပ္ရပ္ေနရင္၊ အနံ႔အသက္ေကာင္းေနရင္ ျမန္ျမန္အိပ္ေပ်ာ္ေစပါတယ္။

ေနာက္ဆံုးအေနနဲ႔ အေရးႀကီးတာက ေခါင္းေရစိုနဲ႔၊ ေခါင္းေလွ်ာ္ၿပီး ေသခ်ာမေျခာက္ေသးတဲ့အခ်ိန္ေတြမွာ လံုးဝမအိပ္လိုက္ပါနဲ႔။ အိပ္စက္ခ်ိန္ကိုလည္း အေႏွာက္အယွက္ျဖစ္ေစသလို၊ တစ္ေရးႏိုးလာရင္လည္း ေခါင္းအံုတာ၊ ေခါင္းကိုက္တာေတြျဖစ္ၿပီး ျပန္အိပ္လို႔မရေတာ့ပါဘူး။ ဒါ့အျပင္ က်န္းမာေရးကိုလည္း ထိခိုက္ေစသလို၊ ဦးေခါင္းထိခိုက္မႈလည္း ရွိလာပါလိမ့္မယ္။

Source: www.brightside.me

(Unicode Version)

ညဘက်ဆို တော်ရုံနဲ့အိပ်မပျော်ဘူး၊ ကောင်းကောင်းအိပ်မပျော်ဘူး၊ အိပ်လို့မရဘူးဆိုတာ သင်ကိုယ်တိုင်လုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလို အလေ့အကျင့်တွေကို လုပ်လေ့ရှိတယ်ဆိုရင် ပြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

ညအိပ်ခါနီးမှာ ဖုန်း၊ တီဗီ၊ ကွန်ပြူတာကြည့်တာမျိုးတွေ လုပ်မိရင်လည်း ပြင်ရပါမယ်။ ညခါနီးမှာ ဒါတွေကြည့်ရင် ကောင်းကောင်းအိပ်မပျော်နိုင်တော့ပါဘူး။ အိပ်ခါနီး မိနစ် ၃၀ အလိုကစပြီး မကြည့်ပါနဲ့တော့။ အိပ်ခါနီးမှာ စာအုပ်ဖတ်တာ၊ လန်းဆန်းသွားအောင် ရေချိုးတာမျိုးလုပ်ပေးရင်တော့ ကောင်းကောင်းအိပ်ပျော်စေပါတယ်။

အိပ်ချိန်တွေမမှန်ရင်လည်း ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။ ဒါကြောင့် တစ်ရက်နဲ့ တစ်ရက် အိပ်ချိန်မှန်မှန်၊ ထချိန်မှန်မှန် လုပ်ပေးပါ။

အိပ်ခါနီးမှာ အစားတွေအရမ်းစားရင်လည်း တော်ရုံနဲ့အိပ်မပျော်ပါဘူး။ အိပ်ခါနီး ၃ နာရီအလိုကစပြီး အသားတွေစားတာ၊ အချိုအစိမ့်တွေစားတာ၊ Juice တွေ၊ ကော်ဖီတွေ၊ လက်ဖက်ရည်တွေသောက်တာကို ရှောင်ရပါမယ်။

အိပ်ခန်းကရှုပ်ပွပြီး ညစ်ပတ်နေရင်လည်း ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။ အိပ်စက်ချိန်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ခန်းနဲ့ အိပ်ယာက အမြဲသန့်ရှင်းသပ်ရပ်နေရင်၊ အနံ့အသက်ကောင်းနေရင် မြန်မြန်အိပ်ပျော်စေပါတယ်။

နောက်ဆုံးအနေနဲ့ အရေးကြီးတာက ခေါင်းရေစိုနဲ့၊ ခေါင်းလျှော်ပြီး သေချာမခြောက်သေးတဲ့အချိန်တွေမှာ လုံးဝမအိပ်လိုက်ပါနဲ့။ အိပ်စက်ချိန်ကိုလည်း အနှောက်အယှက်ဖြစ်စေသလို၊ တစ်ရေးနိုးလာရင်လည်း ခေါင်းအုံတာ၊ ခေါင်းကိုက်တာတွေဖြစ်ပြီး ပြန်အိပ်လို့မရတော့ပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေသလို၊ ဦးခေါင်းထိခိုက်မှုလည်း ရှိလာပါလိမ့်မယ်။

Source: www.brightside.me