ရုံးပိတ်ရက် (သို့) အားလပ်ရက်မှာ ဘယ်လိုဒရမ်မာဇာတ်ကားတွေကြည့်ရမလဲလို့ စဉ်းစားနေသူတွေအတွက် ဇာတ်ကားကောင်း (၅) ကားကို မျှဝေပေးသွားပါမယ်။

၁။ Go Back Couple

မိသားစု ဒရမ်မာဇာတ်ကားလေးဖြစ်ပြီး ရယ်လည်းရယ်ရ ငိုလည်းငိုရတဲ့ကားပါ။ ဇနီးမောင်နှံကြား၊ မိဘနဲ့ သားသမီးကြားက သံယောစဉ်မေတ္တာဖွဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိသားစုအတွင်း နွေးထွေးမှုကို ပေးနိုင်မယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်။

၂။ Scarlet Heart: Ryeo

Review တွေအများကြီးရထားတဲ့ ဇာတ်ကားပါ။ အချစ်၊ မိတ်ဆွေသူငယ်ချင်းကြားဆက်ဆံရေးနဲ့ ရည်မှန်းချက်ကြီးကြသူတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။

၃။ Kimchi Family

ကိုးရီးယားရဲ့ နာမည်ကျော် Kimchi ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ မိသားစု မေတ္တာဖွဲ့ ဇာတ်ကားဖြစ်ပြီး အရမ်းလည်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းပါ။

၎။ Shining Inheritance

ချမ်းသာတဲ့ မိသားစု ကမွေးဖွားလာခဲ့ပေမယ့် ဖခင်ကွယ်လွန်ပြီးတဲ့နောက်ပိုင်း အစစအရာရာ ပြောင်းလဲသွားတဲ့ ဘဝအချိုးအကွေ့တွေကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။

၅။ Twenty Again

ရုတ်တရက်ကိုယ်ဝန်ရလိုက်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး နှစ်ပေါင်း ၂၀ လောက်အိမ်ရှင်မအဖြစ်လုပ်ပြီးတဲ့နောက် ကောလိပ်ကျောင်းတက်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။