သင်ဖြတ်သန်းရမဲ့ ဘဝတစ်လျှောက်လုံးမှာ မလွဲမသွေ ကြုံတွေ့ရမယ့် အရင်းနှီးဆုံး ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ ၅ မျိုးရှိပါတယ်။

၁။ သူစိမ်းဆန်ဆန်တွေ့ဆုံရတဲ့ ဘဝလက်တွဲဖော်(သို့) မိတ်ဆွေ

သူစိမ်းဆန်ဆန်တွေ့ဆုံရတဲ့ ဘဝလက်တွဲဖော် ဆိုတာကတော့ ရထားစီးရင်းဖြစ်ဖြစ် လေယာဉ်စီးရင်းပဲဖြစ်ဖြစ် ခရီးသွားလွဲဟန် တွေ့ဆုံခဲ့ကြသူတွေပါ။ သူတို့ကို တစ်ခါပဲတွေ့ခဲ့ပေမဲ့ ထူးထူးခြားခြား မှတ်မိနေပြီး ရင်းနှီးနေတတ်တဲ့သူမျိုးပါ။ နောက်တစ်ခါ ပြန်တွေ့ရမတွေ့ရလည်း မသေချာပေမဲ့ ရင်ထဲမှာ အမြဲအမှတ်ရနေတဲ့သူမျိုးပါ။

၂။ ဝေဒနာသက်သာစေတဲ့ ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ

ဝေဒနာသက်သာစေတဲ့ လက်တွဲဖော် ဆိုတာကတော့ စိတ်ညစ်စရာတစ်ခုခုကြုံတိုင်း ကိုယ့်ဘေးမှာ သူရှိနေရင် ဝေဒနာတွေ သက်သာစေနိုင်တဲ့သူမျိုးပါ။ ဒါဟာ မိတ်ဆွေ (သို့) ချစ်သူလည်းဖြစ်နိုင်ပါတယ်။

၃။ Wracking Ball (အတားအဆီးကို ဖြိုးဖျက်ပေးနိုင်ရန် ကရိန်းမှာ တပ်ဆင်ထားတဲ့ သံလုံး) လို ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ

ဒီလို လက်တွဲဖော် မျိုးက သင့်ဘဝကို အပြောင်းလဲကြီးပြောင်းလဲပစ်နိုင်ပါတယ်။ သင့်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေ ပေးနိုင်သလို သင့်အပေါ် တွန်းအားပေးမှုတွေနဲ့ သင့်ရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်သူပါ။ ဒီလို လက်တွဲဖော်မျိုးက သင့်ဘဝအတွက် အကောင်းဆုံး အလားအလာသစ်ကို ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။ သူနဲ့ အတူရှိရင် ပန်းတိုင်ရောက်ဖို့အတွက် ဘယ်လိုစိန်ခေါ်မှုရှိရှိ နောက်တွန့်နေတော့မှာမဟုတ်ပါဘူး။

၄။ အမွှာလို ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ

ကိုယ့်စိတ်ထဲမှာ တစ်ခုခုလိုချင်လိုက်တိုင်း သူ့ဖက်က ဖြည့်ဆည်းပေးတတ်တာမျိုး ကြုံရဖူးပါသလား။ ဒါဟာ အမွှာလို မိတ်ဆွေလိုခေါ်ပါတယ်။ ကိုယ်ဘာမှပြောစရာမလိုဘဲ ကိုယ့်ကိုသိနေတာမျိုး။ နားလည်ပေးနေတာမျိုး။ ဒီလိုမိတ်ဆွေမျိုးနဲ့လည်း သင်ကြုံတွေ့ရနိုင်ပါတယ်။ အမွှာလို မိတ်ဆွေမျိုးကတော့ သင့်ရဲ့အကောင်းဆုံး သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

၅။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ဘဝလက်တွဲဖော်

ဒီလိုဘဝလက်တွဲဖော်မျိုးကတော့ ဘဝတစ်သက်တာလုံး နုပျိုမှုတွေ ပျော်ရွှင်မှုတွေ စိတ်ဆင်းရဲမှုတွေကို အတူတူမျှဝေရင်း အိုးမင်းတဲ့ထိ ပေါင်းသင်းနေထိုင်တဲ့ ဘဝလက်တွဲဖော်မျိုးပါ။ ဒီလိုဘဝလက်တွဲဖော်မျိုးကို တွေ့ခဲ့ရင် (သို့) ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ အရမ်းကို ကံကောင်းပါတယ်။

ဒါဟာ အပေါ်က ပြောခဲ့တဲ့ လက်တွဲဖော်အမျိုးအစားအားလုံးကို ပေါင်းစပ်ထားတဲ့ ပြီးပြည့်စုံတဲ့ ဘဝလက်တွဲဖော်ပါ။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ဘဝလက်တွဲဖော်ကို သင့်ဘဝမှာ တွေ့ဆုံနိုင်ပါတယ်။