၂၀၁၈ ဒီဇင်ဘာလတောင် တစ်ဝက်ကျိုးလာခဲ့ပြီး မကြာခင် ၂၀၁၉ နှစ်သစ်ကို ကူးပြောင်းတော့မယ်။ ၂၀၁၈ ခုနှစ်ကို ပြန်ငေးကြည့်ဖို့ ခုချိန်ဟာ အကောင်းဆုံးပဲပေါ့။ နှစ်သစ်ကို မကူးပြောင်းခင်မှာ လူတွေဟာ နှစ်သစ်မှာ ဘာဖြစ်အောင်လုပ်မယ် ဆိုပြီး ဆုံးဖြတ်ချက်တွေနဲ့ အားသစ်လောင်းပြီး ကိုယ့်ဘဝရဲ့ အကောင်းဆုံး နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဖို့ အမြဲတမ်း မျှော်လင့်နေတတ်တယ်။ ဒါပေမယ့် အခု ကုန်လွန်တော့မယ့် နှစ်တစ်ခုကိုရော ကိုယ်ဘယ်လောက်ကျေနပ်အားရခဲ့ပြီလဲ?

၂၀၁၈ အစတုန်းက လူကြီးမင်းတို့မှာ ဒီနှစ်ကို ဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့ အိုင်ဒီယာတွေ အသီးသီး ရှိကြမှာပါ။ အဲဒါတွေကို အစပြန်ဖော်ပေးရင်း နှစ်သစ်ကို မကူးခင် အချိန်ပိုင်းလေးအတွင်း နှစ်ဟောင်းမှာ ကိုယ်ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာ ခဏလောက် ပြန်စဉ်းစားကြည့်ရအောင်။

၁. ချစ်သူခင်သူတွေနဲ့ ခရီးတွေသွားခဲ့ရဲ့လား?

အခုခေတ်မှာ ခရီးသွားရတာ အရမ်းလွယ်ကူနေပါပြီ။ ကိုယ်ပိုင်ကားနဲ့ပဲဖြစ်ဖြစ်၊ အဝေးပြေးကား အကောင်းစားကြီးတွေပဲဖြစ်ဖြစ်၊ နောက်ဆုံး Vintage အရသာလေး ရအောင် အချိန်လဲကုန်ခံနိုင်တယ်ဆိုရင် ရထားကို စီးလို့ ရက်အနည်းငယ်လောက်နဲ့ စိတ်ပြေလက်ပျောက်သွားနိုင်တဲ့နေရာတွေ မြန်မာနိုင်ငံတွင်းမှာ တစ်ပုံကြီးပါ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ အမိနိုင်ငံမှာ နာမည်ကျော် ဘုရားကျောင်းကန် စေတီပုထိုးတွေလည်း များပြားလှတာမို့ ကိုယ့်ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဒီနှစ်ထဲမှာ မရောက်ဖူးသေးတဲ့ နေရာတွေ၊ စိတ်လက်အပန်းဖြေမယ့် စခန်းတွေကို ဘယ်နှခါ သွားခဲ့ပြီးပြီလဲ။ ဒါဟာ နှစ်သစ်ကို ကြိုဆိုဖို့ လန်းဆန်းတဲ့ အတွေးတွေ ပြန်လည်ယူဆောင်လာပေးပါလိမ့်မယ်။

၂. အလုပ်အကိုင်ပိုင်းမှာ အောင်မြင်မှု

အလုပ်လုပ်တယ်ဆိုတာဟာ စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် တာဝန်ကျေရုံသက်သက်ပဲ လုပ်နေရတာတော့မဟုတ်ဘူးဗျ။ လူအများနဲ့အတူယှဉ်တွဲနေထိုင်နေရတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကိုယ်တတ်နိုင်တဲ့၊ ကျွမ်းကျင်တဲ့ အလုပ်ကို အခကြေးငွေယူပြီး လုပ်ကိုင်ပေးတာဟာ လူ့အဖွဲ့အစည်းအတွက် တစ်ထောင့်တစ်နေရာ ကနေ ပါဝင်ဆောင်ရွက်ပေးတာပဲ ဆိုတာကို မေ့မထားပါနဲ့။ ၂၀၁၈ ထဲမှာ အလုပ်ထဲ ရာထူးတိုးတာ၊ ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခံရတာတွေ ရှိနိုင်သလို၊ မဖြစ်လာသေးတာလည်း ရှိနိုင်ပါတယ်။

တကယ်လို့ ကိုယ် လိုချင်သလို ဖြစ်မလာသေးဘူးဆိုရင်လည်း တချိန်ချိန်မှာတော့ဖြစ်လာမှာဆိုတဲ့ ယုံကြည်မှုကို စွဲမြဲဆုပ်ကိုင်ထားပြီး လာမယ့်နှစ်သစ်မှာ ကိုယ့်ရဲ့ အစွမ်းအစကို ပြသနိုင်ဖို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ Grand Royal ရဲ့ Special Reserve Whisky အရသာသစ်လေးကို ဝေမျှခံစားရင်း ခဏလောက် အားမွေးနေလိုက်ပါဦး။

၃. နေ့စဉ်လူနေမှုဘဝ ပြောင်းလဲမှုများ

Source: lifebyessent.be

လူတွေမှာ နေ့စဉ်ရှင်သန်နေထိုင်တဲ့ Lifestyle တွေက မတူညီကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် Lifestyle တွေ မတူကြပေမယ့် လူသားတစ်ယောက်ဖြစ်နေတဲ့အတွက် အဆိုးအကောင်း ဒွန်တွဲနေတဲ့ သဘာဝ ကတော့ အားလုံးအတူတူပါပဲ။ ဒါကြောင့် ၂၀၁၈ ကုန်ခါနီးလေးမှာ မိမိကိုယ်ကို မညာတမ်း မေးခွန်းထုတ်ကြည့်ပါ။ ကိုယ့်အတွက် မကောင်းတဲ့ အလေ့အကျင့်တွေကို ဆက်ပြီး ကျင့်သုံးနေဆဲပဲလားလို့။ တကယ်လို့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပိုပြီး အကျိုးရှိမယ့် ပြောင်းလဲမှုတစ်ခု လုပ်ဖို့ လိုအပ်လာပြီ ထင်လာရင် ရဲရဲကြီး ပြောင်းလဲလိုက်ပါ။ ၂၀၁၉ နှစ်သစ်မှာ လူသစ်စိတ်သစ် ပိုပြီးလန်းဆန်းမယ့် Lifestyle အသစ်နဲ့ ဖြစ်လာအောင်ပေါ့။

၎. ကိုယ့်နောက်ပါဖို့ ဘာလုပ်ပြီးပြီလဲ?

ဒီလိုပြောလိုက်ရင် မြန်မာလူမျိုးအများစုကတော့ ဘာသာရေးကိုပဲ ပြေးမြင်ကြမှာပါ။ ဒါမှန်ပါတယ်။ ဒါပေမယ့် ဘာသာရေးအပြင် ကိုယ့်ရဲ့ရှင်သန်မှုတစ်ခုအတွက် ၂၀၁၈ ထဲမှာ ကိုယ့်ကိုယ်ကိုယ်ရော ပျော်ရွှင်အောင် ထားခဲ့ရဲ့လား။ ကိုယ့်ကိုယ်ကိုယ် အဝတ်အစားအသစ်တွေ၊ ကိုယ်စားချင်တဲ့ အစားအသောက်တွေ၊ ကိုယ်လိုချင်တဲ့ ပစ္စည်းအချို့ စသဖြင့် ဝယ်ပေးခဲ့ရဲ့လား။ လူဆိုတာ ကိုယ့်ရှင်သန်မှုကို ပျော်ရွှင်အောင် မွေးမြူဖို့လဲ လိုအပ်ပါတယ်နော်။ တကယ်လို့ မိမိလိုချင်တာက လက်လှမ်းမမီသေးရင်လည်း ၂၀၁၉ မှာ ငွေကို ပိုပြီး ထိထိရောက်ရောက် သုံးစွဲဖို့ အစီအစဉ်တစ်ခုကို အခုပဲ ချမှတ်လိုက်ပါတော့။ အမြင့်ဆုံးက ပန်းကိုမှ မျှော်မှန်းမိလို့ စိတ်မောနေရင်တော့ Special Reserve Whisky တစ်ခွက်တစ်ဖလားလောက်နဲ့ အပန်းဖြေလိုက်ပါဦး။

၅. Special Reserve Whisky နှင့်အောင်ပွဲခံခြင်း

“Born in Myanmar, Respect by World” မြန်မာပြည်မှာ မွေးဖွား၊ ကမ္ဘာက လေးစား ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ မြန်မာပြည်တွင်းမှ Grand Royal Special Reserve Whisky ဟာလည်း ကမ္ဘာ့နေရာအနှံ့မှာ ယုံကြည်လက်ခံမှုတွေကို တိုးမြှင့်ရရှိနေပါပြီ။ ဘဝရဲ့ အမောအပန်းတွေကို ဖြေဖျောက်တဲ့အခါမျိုးမှာ Special Reserve Whisky ကို ခံစားနိုင်သလို၊ အောင်မြင်မှုတွေ ရရှိတဲ့အခါတွေမှာလည်း ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်အောင်ပွဲခံနိုင်တဲ့ မြန်မာဝီစကီအရသာ တစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့အောင်မြင်မှုတွေမှာ Special Reserve Whisky နဲ့အတူ အောင်ပွဲခံခဲ့သလို အားတင်းထားရမယ့် အချိန်တွေမှာလည်း သင့်အနားမှာ အမြဲရှိနေမှာ Special Reserve Whisky ပဲဖြစ်ပါတယ်။