(Zawgyi Version)


Nude ကာလာ


မီးခိုးရောင်


အဖြူရောင်


ဗေဒါရောင်


အဝါရောင်



(Unicode Version)

အခုကဆောင်းလည်းဝင်နေပြီဆိုတော့ ပျိုမေတို့အတွက် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်အရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆောင်းတွင်းမှာ ဒီအရောင်လေးတွေနဲ့ ဖက်ရှင်ကျကျဝတ်စားလို့ရတာပေါ့။

Nude ကာလာ

Nude ကာလာ၊ ကာကီရောင်၊ အသားရောင် စတာတွေက အရောင်ဆင်တော့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အရောင်လေးတွေပါ။

မီးခိုးရောင်

ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်အရောင်ထဲမှာ မီးခိုးရောင်လည်း ပါပါတယ်။ မီးခိုးရောင်ကို အနက်ရောင်နဲ့တွဲဝတ်တာထက် အဖြူရောင်နဲ့ တွဲဝတ်တာက ပိုလိုက်ပါတယ်။

အဖြူရောင်

အဖြူရောင်ကို ဂျင်းအဖြူလေးတွေနဲ့ဝတ်တာမျိုးက ဆောင်းရာသီနဲ့ အရမ်းကိုလိုက်ဖက်တဲ့ ဖက်ရှင်အရောင်လေးပါ။

ဗေဒါရောင်

ဗေဒါရောင်လွင်လွင်လေးဆိုရင် အရမ်းလှတော့ ဆောင်းရာသီနဲ့ တော်တော်ကို လိုက်ဖက်တဲ့အရောင်လေးပါ။

အဝါရောင်

အဝါရောင်ဆွယ်တာလေးတွေဆိုရင်တော့ ဆောင်းရာသီနဲ့ ကွက်တိပါပဲ။ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်အရောင်ထဲမှာ အဝါရောင်လည်း အမြဲပါပါတယ်။

Photo Source: www.pinterest.com