[Zawgyi]

လူႀကီးေတြနဲ႔လူငယ္ေတြၾကား ဂိမ္းကစားျခင္းက ေကာင္းတယ္ ဆိုးတယ္ ဆိုတဲ့ မတူညီတဲ့အျမင္ေတြက ယေန႔အခ်ိန္အထိကြဲလြဲေနဆဲပါ။ဂိမ္းခ်ည္းကစားတာ မ်ားျပီဆိုရင္ အခ်ိန္ျဖဳန္းရာေရာက္ျပီး ကိုယ့္ရဲ့ ရုပ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္းေတြကို မလုပ္ျဖစ္တာေၾကာင့္ က်န္းမာေရးျပႆနာရိွလာႏိုင္သလို အပစ္အခတ္ဂိမ္းေတြေၾကာင့္ အၾကမ္းဖက္လိုစိတ္ေတြလည္း ျဖစ္ေစတယ္လို ့လည္း ေဝဖန္ၾကသူေတြ ရိွပါတယ္။

တန္ေဆးလြန္ေဘးဆိုတာရွိတာေၾကာင့္ ဘယ္အရာမွ အလြန္အကြ်ံျပဳလုပ္ရင္ေတာ့ မေကာင္းအမွန္ပါ။သို႔ေပမယ့္ တစ္ခ်ဳိ႕ေသာ ဂိမ္းေတြကစားျခင္းက သင့္အတြက္ အက်ဳိးေက်းဇူးေလးေတြရရွိႏိုင္တယ္ဆိုတာကို ဗဟုဟုတအေနနဲ႔ ေျပာျပေပးခ်င္ပါတယ္။

(၁) ေတြးေခၚႏိုင္စြမ္း ျမင့္မားေစတယ္

Source : pinkfmonlinegh.com

ပေဟဠိဂိမ္းမ်ားကို ဦးတည္ထားတဲ့ ဗီြဒီယိုဂိမ္းေတြဟာ လူ႔ရဲ႕ သံုးသပ္ေတြးေခၚႏိုင္စြမ္းႏွင့္ ဖန္တီးႏိုင္စြမ္းမ်ားကိုလည္း တိုးတက္လာေစပါတယ္။ ျပႆနာရွင္းရတဲ့ ဂိမ္းမ်ားကို ကစားျခင္းအားျဖင့္ ယုတိၱက်က်ေတြးေခၚခ်င့္ခ်ိန္တတ္လာသလို ကိုယ့္ေရြးခ်ယ္မႈေတြဟာ ဘယ္ပံုဘယ္နည္းနဲ ့သက္ေရာက္မႈ ရိွသြားႏိုင္တယ္ဆိုတာကိုလည္း နားလည္လာေစပါတယ္။

(၂) ရုပ္ပိုင္းတက္ၾကြမႈ ေပးႏိုင္ပါတယ္

Source : TopComparativas

ဗီြဒီယိုဂိမ္းအေတာ္မ်ားမ်ားဟာ ဂိမ္းရဲ့ တစ္စိတ္တစ္ေဒသအေနနဲ ့ ရုပ္ပိုင္းစြမ္းရည္ေတြ တက္လာေအာင္လည္း ဖန္တီးလာၾကပါတယ္။ Nintendo Wii ဂိမ္းကုမၸဏီကဆိုရင္ ဂိမ္းလယ္ဗယ္တက္ေစဖို ့ ကစားသူကို မတ္တပ္ျပီး လႈပ္ရွားေစေအာင္ လုပ္ထားပါတယ္။ Xbox Kinect နဲ ့PlayStation Move လည္းပဲ ဒီအတိုင္းပါပဲ။ ေနာက္ပိုင္းဂိမ္းေတြမွာ ရုပ္ပိုင္းတက္ၾကြလႈပ္ရွားမႈ တိုးတက္လာေစဖို ့ဦးတည္ခ်က္ထားလာပါတယ္။ တစ္ခ်ိဳ႕အားကစားဂိမ္းေတြဆို ၾကံ့ခိုင္ဖို ့က အဓိကဆိုျပီး ရည္ရြယ္ထုတ္လုပ္ထားတာပါ။

(၃) ခ်က္ခ်င္းဆံုးျဖတ္ႏိုင္စြမ္း တိုးလာေစပါတယ္

Source : youworkforthem.com

ဂိမ္းေတြကို ရုပ္ပိုင္းဖံြျဖိဳးမႈဘက္ကေနပဲ ၾကည့္ျပီး ေဝဖန္တာ မ်ားေပမယ့္ တကယ့္ေကာင္းကြက္ေလးေတြလည္း ရိွေနပါေသးတယ္။ အျမန္တုန္ ့ျပန္ကစားရတဲ့ ဂိမ္းေတြေၾကာင့္ လက္နဲ ့မ်က္လံုး အခ်ိဳးညီေပါင္းစပ္ႏိုင္စြမ္းဟာ တိုးတက္လာရပါတယ္။ Screen ကေနျမင္တဲ့ အျမင္အာရံုနဲ ့လိုက္ဖက္ေအာင္ လုပ္ရွားေပးျခင္းအားျဖင့္ တုန္ ့ျပန္မႈစြမ္းရည္ ေကာင္းမြန္တိုးတက္လာပါတယ္။ ဖိအားရိွေနရင္ေတာင္ အျမန္ဆံုးျဖတ္သြားႏိုင္ေစပါတယ္။

(၄) ေလ့လာသင္ယူဖို ့ကူညီေပးႏိုင္ပါတယ္

တစ္ခ်ိဳ႕ဗီြဒီယိုဂိမ္းမ်ားဟာ တကယ့္ကို ပညာေရးပိုင္းပါတဲ့ ဂိမ္းေတြ ျဖစ္ပါတယ္။ ဒီဂိမ္းေတြဟာ အကၡရာနဲ ့ကိန္းဂဏန္းမ်ားအေၾကာင္း ကေလးမ်ားကို သင္ၾကားေပးရာမွာ အေထာက္အကူျပဳသလို ေဝါဟာရမ်ား က်က္မွတ္ျခင္းနဲ ့ ဆံုးျဖတ္ခ်က္ခ်ႏိုင္စြမ္းတို ့ကို တိုးတက္ေစမွာပါ။ ဥာဏ္သံုးရတဲ့ ဂိမ္းမ်ိဳးကို ေရြးခ်ယ္ကစားျခင္းဟာ ငယ္ရြယ္သူတို ့အတြက္ ေက်ာင္းေန ေပ်ာ္ေစမယ့္ အေၾကာင္းတရားမ်ားလည္း တစ္ပါတည္း ထည့္သြင္းျပီး ျဖစ္ေစပါတယ္။

(၅) အပန္းေျပေစတယ္

Source : Lifewire

ဂိမ္းဆိုတာ ေဖ်ာ္ေျဖဖို ့အတြက္ ျဖစ္ပါတယ္။ ဂိမ္းေတြမွာ သူ ့အေၾကာင္းအရာ နဲ ့သူ ၊ သူ ့စတိုင္နဲ ့သူ ရိွျပီးသားပါ။ ကစားသူကသာ ကိုယ့္အၾကိဳက္ ကိုယ့္အရြယ္နဲ ့ခ်ိန္ျပီး ကစားသင့္တာပါ။ ဂိမ္းအဆင့္သတ္မွတ္တဲ့ စနစ္ကလည္း ဒီလိုမ်ိဳး ေရြးခ်ယ္ကစားလို ့ရေအာင္ ကူညီေပးေနပါတယ္။

[Unicode]

လူကြီးတွေနဲ့လူငယ်တွေကြား ဂိမ်းကစားခြင်းက ကောင်းတယ် ဆိုးတယ် ဆိုတဲ့ မတူညီတဲ့အမြင်တွေက ယနေ့အချိန်အထိကွဲလွဲနေဆဲပါ။ဂိမ်းချည်းကစားတာ များပြီဆိုရင် အချိန်ဖြုန်းရာရောက်ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို မလုပ်ဖြစ်တာကြောင့် ကျန်းမာရေးပြဿနာရှိလာနိုင်သလို အပစ်အခတ်ဂိမ်းတွေကြောင့် အကြမ်းဖက်လိုစိတ်တွေလည်း ဖြစ်စေတယ်လို့လည်း ဝေဖန်ကြသူတွေ ရှိပါတယ်။တန်ဆေးလွန်ဘေးဆိုတာရှိတာကြောင့် ဘယ်အရာမှ အလွန်အကျွံပြုလုပ်ရင်တော့ မကောင်းအမှန်ပါ။သို့ပေမယ့် တစ်ချို့သော ဂိမ်းတွေကစားခြင်းက သင့်အတွက် အကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်ဆိုတာကို ဗဟုဟုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

(၁) တွေးခေါ်နိုင်စွမ်း မြင့်မားစေတယ်

Source : pinkfmonlinegh.com

ပဟေဠိဂိမ်းများကို ဦးတည်ထားတဲ့ ဗွီဒီယိုဂိမ်းတွေဟာ လူ့ရဲ့ သုံးသပ်တွေးခေါ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းများကိုလည်း တိုးတက်လာစေပါတယ်။ ပြဿနာရှင်းရတဲ့ ဂိမ်းများကို ကစားခြင်းအားဖြင့် ယုတ္တိကျကျတွေးခေါ်ချင့်ချိန်တတ်လာသလို ကိုယ့်ရွေးချယ်မှုတွေဟာ ဘယ်ပုံဘယ်နည်းနဲ့သက်ရောက်မှု ရှိသွားနိုင်တယ်ဆိုတာကိုလည်း နားလည်လာစေပါတယ်။

(၂) ရုပ်ပိုင်းတက်ကြွမှု ပေးနိုင်ပါတယ်

Source : TopComparativas

ဗွီဒီယိုဂိမ်းအတော်များများဟာ ဂိမ်းရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ရုပ်ပိုင်းစွမ်းရည်တွေ တက်လာအောင်လည်း ဖန်တီးလာကြပါတယ်။ Nintendo Wii ဂိမ်းကုမ္ပဏီကဆိုရင် ဂိမ်းလယ်ဗယ်တက်စေဖို့ ကစားသူကို မတ်တပ်ပြီး လှုပ်ရှားစေအောင် လုပ်ထားပါတယ်။ Xbox Kinect နဲ့PlayStation Move လည်းပဲ ဒီအတိုင်းပါပဲ။ နောက်ပိုင်းဂိမ်းတွေမှာ ရုပ်ပိုင်းတက်ကြွလှုပ်ရှားမှု တိုးတက်လာစေဖို့ဦးတည်ချက်ထားလာပါတယ်။ တစ်ချို့အားကစားဂိမ်းတွေဆို ကြံ့ခိုင်ဖို့က အဓိကဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတာပါ။

(၃) ချက်ချင်းဆုံးဖြတ်နိုင်စွမ်း တိုးလာစေပါတယ်

Source : youworkforthem.com

ဂိမ်းတွေကို ရုပ်ပိုင်းဖွံဖြိုးမှုဘက်ကနေပဲ ကြည့်ပြီး ဝေဖန်တာ များပေမယ့် တကယ့်ကောင်းကွက်လေးတွေလည်း ရှိနေပါသေးတယ်။ အမြန်တုန့်ပြန်ကစားရတဲ့ ဂိမ်းတွေကြောင့် လက်နဲ့မျက်လုံး အချိုးညီပေါင်းစပ်နိုင်စွမ်းဟာ တိုးတက်လာရပါတယ်။ Screen ကနေမြင်တဲ့ အမြင်အာရုံနဲ့လိုက်ဖက်အောင် လုပ်ရှားပေးခြင်းအားဖြင့် တုန့်ပြန်မှုစွမ်းရည် ကောင်းမွန်တိုးတက်လာပါတယ်။ ဖိအားရှိနေရင်တောင် အမြန်ဆုံးဖြတ်သွားနိုင်စေပါတယ်။

(၄) လေ့လာသင်ယူဖို့ကူညီပေးနိုင်ပါတယ်

Source : Ciencuadras

တစ်ချို့ဗွီဒီယိုဂိမ်းများဟာ တကယ့်ကို ပညာရေးပိုင်းပါတဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အက္ခရာနဲ့ကိန်းဂဏန်းများအကြောင်း ကလေးများကို သင်ကြားပေးရာမှာ အထောက်အကူပြုသလို ဝေါဟာရများ ကျက်မှတ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို တိုးတက်စေမှာပါ။ ဉာဏ်သုံးရတဲ့ ဂိမ်းမျိုးကို ရွေးချယ်ကစားခြင်းဟာ ငယ်ရွယ်သူတို့အတွက် ကျောင်းနေ ပျော်စေမယ့် အကြောင်းတရားများလည်း တစ်ပါတည်း ထည့်သွင်းပြီး ဖြစ်စေပါတယ်။

(၅) အပန်းပြေစေတယ်

Source : Lifewire

ဂိမ်းဆိုတာ ဖျော်ဖြေဖို့အတွက် ဖြစ်ပါတယ်။ ဂိမ်းတွေမှာ သူ့အကြောင်းအရာ နဲ့သူ ၊ သူ့စတိုင်နဲ့သူ ရှိပြီးသားပါ။ ကစားသူကသာ ကိုယ့်အကြိုက် ကိုယ့်အရွယ်နဲ့ချိန်ပြီး ကစားသင့်တာပါ။ ဂိမ်းအဆင့်သတ်မှတ်တဲ့ စနစ်ကလည်း ဒီလိုမျိုး ရွေးချယ်ကစားလို့ရအောင် ကူညီပေးနေပါတယ်။

Featured Image Source: Sweety High